Professional Authors

ဇာတ်ဆရာ………………………..မင်းလူန

    ဇာတ်ဆရာ

ခင်ဗျားဒီမှာနေ…………….
နင်ဟိုကိုသွား……………..
မင်းဒါကိုလုပ်………………
ကို့ ဇာတ်ရုပ်ကိုယ်ခွဲ
ကြိုးဆွဲပြီးကခိုင်စေခဲ့ သူ

ဘ၀လမ်း…………………..
ကြမ်းလိုက်ချောလိုက်
ဇောတိုက်နေပေါ့ ………..
ဘ၀ခရီး……………………
နိမ့် ချည်မြင့် ချည်
ရတာမလိုချင်
လိုချင်တာမရနိုင်
ကို့ ပြကွက်ကိုဖန်တီးပြီး
ဇာတ်လိုက်အဖြစ်
သရုပ်ဆောင်မယ်ကြံမှ
တစ်ခန်းပြောင်းတော့ 
*ဘယ်သူလဲကွာ*လို့ 
နောက်လှည့် မေးလိုက်ချင်ပါသေးတယ်

                               မင်းလူန

In: ကဗျာ Posted By: Date: Jan 13, 2011
Comment #1

ခင်ဗျားဒီမှာနေ…………….
နင်ဟိုကိုသွား……………..
မင်းဒါကိုလုပ်………………
ကို့ ဇာတ်ရုပ်ကိုယ်ခွဲ
ကြိုးဆွဲပြီးကခိုင်စေခဲ့ သူ …

commentinfo By: Ate Pyaw at Jan 13, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment