ချစ်ခဲ့တယ်
ချစ်ခဲ့တယ်
သေလောက်အောင်ပါပဲ
နင့်အသက်ရှုသံတစ်ချက်
ငါ့ဘ၀တစ်သက်လို့
ထင်မှတ်ပြီးတော့ကို
ချစ်ခဲ့တာပါ။
နင်စိတ်ညစ်မှာကြောက်လို့
မိန်းကလေးပီပီ
စိတ်ကောက်ချင်တာတောင်
စိတ်မကောက်ရဲခဲ့ဘူး။
နင်နောက်ကျရင်လည်း
အပြုံးနဲ့ကြိုခဲ့တယ်
နင်စောနေရင်လည်း
ငါအားနာမိပြန်တယ်။
နင်မလာရင်တောင်မှ
စိတ်ဆိုးဖို့ထက်
နင့်ကိုစိတ်ပူနေတတ်တဲ့ငါက
တုံးလွန်းနေတာလား
ချစ်တတ်လွန်းနေတာလား။
လူတစ်ယောက်ကို
ချစ်ဖို့ဆိုတာ
အကြောင်းပြချက်မလိုပါဘူး
စဉ်းစားစရာ မလိုပါဘူး။
ဒါပေမယ့်….
အချစ်ကို
အကောင်အထည်ဖော်ဖို့ကတော့
အရာရာကို ငဲ့ရတော့မယ်။
ဒါကြောင့် ငါလေ….
နင့်ကိုချစ်နေရုံလေးတော့
ခွင့်ပြုပေးပါဟာ။
Comment #2
အရမ်းကောင်းတယ်

Comment #3
ကြိုးစားနော်…..

Comment #4
ကောင်ပါတယ်နောတ်လည်ဒိထတ်ကောင်အောင်ကြီုးစာပေပါနော်

Comment #6
har,,,,,,,,,
kwat ti be,,
hman like tar.
kyay zu tin par de

Comment #7
အင်းခံစာချတ်လေးတွေကိုထည့်ပြိးေ၇ထာတော့တော်တော်လေးကိုကောင်းပါတယ်
နောတ်ထပ်လည်ကြိုစားပါနော် အားပေနေပါတယ်

Comment #8
နင်နောက်ကျရင်လည်းအပြုံးနဲ့ကြိုခဲ့တယ်နင်စောနေရင်လည်းငါအားနာမိပြန်တယ်။
နင်မလာရင်တောင်မှစိတ်ဆိုးဖို့ထက်နင့်ကိုစိတ်ပူနေတတ်တဲ့ငါကတုံးလွန်းနေတာလားချစ်တတ်လွန်းနေတာလား။
လူတစ်ယောက်ကိုချစ်ဖို့ဆိုတာအကြောင်းပြချက်မလိုပါဘူးစဉ်းစားစရာ မလိုပါဘူး။
ဒါပေမယ့်….အချစ်ကိုအကောင်အထည်ဖော်ဖို့ကတော့အရာရာကို ငဲ့ရတော့မယ်။
မမေရေ….အားပေးသွားပါတယ်ဗျာ…

Comment #9
သိပ်ကိုအချစ်ကြီးလွန်းသူပါလားဗျာ
ကဗျာလေး ဖတ်သွားတယ် ~~
With respect,
RAY

Comment #1
အားပေးသွားပါတယ်