ကျောက်ခဲ (မိုးထက်အောင်)
ခလုတ်တိုက်မိတယ်လို့ ပဲသဘောထားလိုက်ပါ
ဘာပဲပြောပြော ကျောက်ခဲလေးကတော့မြောင်းထဲကျသွားခဲ့ပါပြီ
ရေဆိုးမြောင်းထဲမှာမြုပ်ရက်သားလေး
လမ်းဆိုတာလဲ အမှိုက်ကင်းစင်မှကောင်းမှာလေ
ဒီကျောက်ခဲ ဒီလမ်းပေါ်ရောက်ခဲ့တာသူ့ အပြစ်ပါ
ဆောရီးပါဗျာ…….
ခင်ဗျားခြေဖ၀ါးလေး နာကျင်သွားရင်
ကျွန်တော့်ကိုခွင့်မလွှတ်လိုက်ပါနဲ့ …………………။ ။
မိုးထက်အောင်
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
…..ကောင်းပါတယ်…
အားပေးသွားပါ……………….တယ်