မှ….. သို့…..နေနိုင်သူ
ရင်ကွဲနာဆိုတာ ….ဒါမျိုးပါလို့တော့
ပြန်ပြောနိုင်သွားပြီ…..
ဒါလည်း နင့်ကျေးဇူးတွေပေါ့
တခါတခါတော့ နင့်ကို ငါ
မကျေမနပ် ဖြစ်မိပေမယ့်…..
မချစ်လို့ပြစ်ခဲ့တယ်ဆိုတာကလည်း
ရိုးသားမှု တခုပါပဲ……….
ငါအသိအမှတ်ပြုပေးပါတယ်။
နင့်မှားလို့ပဲဖြစ်ဖြစ်
နင်မှန်လို့ပဲဖြစ်ဖြစ်…..
နင်အလည်လာခဲ့ပေးတဲ့…
.ငါ့အတိတ်အတွက်တော့
အလွမ်းတွေ တနင့်တပိုး ထမ်း လို့…..
ကျေးဇူးဆပ်နေမှာပါ။
ငါ့ကို
သေလောက်အောင်ချစ်ပါတယ်ဆိုတဲ့
နင့်ရင်ဘတ်ကြီးထဲ……
block စာရင်းလွယ်လွယ်သွင်းနိုင်ခဲ့တဲ့
နင့်အကြောင်းလည်း….
..သမိုင်းမ၀င်ရာဇ၀င်မတွင်တောင်..
ငါ့ရင်မှာ အမြဲထင်ကျန်သွားမှာ….။
အခုလက်ရှိမှာတော့….
နင့်ကို မလိုချင်တတ်အောင်ကြိုးစားနေပေမယ့်
nick လေးဖြစ်ဖြစ်မြင်ခွင့်ရချင်နေသေးတဲ့
ငါ့ရဲ့
ရူးကြောင်ကြောင်..အစွဲအလမ်းတွေကိုပဲ….
ငါ.ထိန်းသိမ်းနိုင်အောင်
နင့်ဘက်က..အမြဲ “စိမ်း ”လိုက်ပါတော့။
(ငါ့နှလုံးသားတွေလည်း….ကြေမွနေပြီ)
Comment #12
သြော်….
ကိုဇာတိရေ
ကျွန်တော်နဲ့ အသဲကွဲမိုးဆိုတာ တကယ်ကိုအပြင်မှာမသိကြတာပါဗျာ
ရန်မဖြစ်ပါဘူးဗျာ…..
ကဗျာသူငယ်ချင်းတွေပဲ
Comment #14
အနက်ရောင် ကျေးဇူးပါ…ကဗျာလေးတွေရေးပါဦး
အားပေးနေပါတယ်
Comment #15
mike de.
Comment #17
ရင်ကွဲနာဆိုတာ ….ဒါမျိုးပါလို့တော့
ပြန်ပြောနိုင်သွားပြီ…..
ဒါလည်း နင့်ကျေးဇူးတွေပေါ့
တခါတခါတော့ နင့်ကို ငါ
မကျေမနပ် ဖြစ်မိပေမယ့်…..
မချစ်လို့ပြစ်ခဲ့တယ်ဆိုတာကလည်း
ရိုးသားမှု တခုပါပဲ……….
ငါအသိအမှတ်ပြုပေးပါတယ်။
Comment #18
အားပေးသွားတဲ့ အမ များ ညီမလေးများ နဲ့မောင်လေးများ အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ
Comment #19
ခံစားချက်တွေက တအားကိုတိုက်ဆိုင်လွန်းသွားလို့ ထပ်ခါထပ်ခါ ပြန်ဖတ်မိပါတယ်။ အားပေးလျက်ပါ
Comment #1
အင်း…ကောင်းတယ်
အားပေးနေပါတယ်ဗျာ…အသဲကွဲမိုးရေ
အခုတင်ထားတဲ့ ကဗျာလေးပြန်ဖျက်ပေးပါလို့ တစ်ယောက်ယောက်ကတောင်းဆိုလာခဲ့ရင်
ဘယ်လိုဆုံးဖြတ်မလဲမသိဘူးခင်ဗျ….
သြော်….မေးကြည့်တာပါနော်