ကြွေချိန်မဲ့ ပန်းတစ်ပွင့်
တော်ဝင်နန်းရှင် ပန်းသဇင်လို
ငါ့ဘ၀မတင့်တယ်ဘူး…..
မွှေးကြိုင်ခန့်ထည် ပန်းစံပယ်လို
ငါ့ဘ၀ မမွှေးပျံ့ဘူး…….
လှပဝေစည် ပန်းနှင်းဆီလို
ငါ့ဘ၀ မခမ်းနားဘူး……
ပင်ယံမြင့်ဖျား မနေညားဘဲ
အပွင့်ငယ် မတင့်တယ်တာမို့
မင်းတန်ဖိုးမထားလေရော့သလား….
နန်းမထိုက်မထည်ဝါ ခမ်းနာမှုကင်းလေတာကြောင့်
ပန်ဆင်ဖို့ စိုးရွံ့နေလား….
ပန်းသဇင်လို လှမ်းချင်ရင်မခက်ဘူး
အပြုံးဝင့်တစ်ချက် လေပြေကယူဆောင်ခဲ့ရင်
မင်းအတွက်ကြွေပေးဖို့ အသင့်ပဲ…..
ပန်းစံပယ်လို စွန်းထင်းမလွယ်ဘူး
မင်းပန်ဆင်ဖို့ စိုးတထိတ်ထိတ်နဲ့
ကြွေမယ့်အချိန်ကိုစောင့်နေတဲ့သူ…..
ပန်းနှင်းဆီလို ဆူးတွေကာရံမထားဘူး
ပန်လိုသူကိုစောင့်စား သတိများထားမိလေသလားလို့
မွှေးရနံ့များလွှင့်ထုတ်ပေးခဲ့တော့ အီဝေမူးနောက်
စိတ်နောက်စေခဲ့မိသူ…….
ခွင့်လွှတ်ပါချစ်သူ
ထည်ဝါခြင်းကင်းတဲ့ ချစ်ခြင်းရနဲ့တွေ
ကြွေကာနွမ်းခြောက် ရနံ့ပျာက်တဲ့ထိ
ငါသင်းပျံ့စေခဲ့မယ်……
ကံကြမ္မာလေရိုင်း ထင်တိုင်းကြဲလို့
ကြွေချိန်မကျ မြေမှာခခဲ့ရင်တောင်
ငါမွှေးပျံ့နေဦးမယ်…….
ဝေရင်လဲမွှေး ကြွေလဲမွှေးတဲ့
ဘ၀မလန်း ခရေပန်းလေးကို
ပန်ဆင်မမှု မျက်ကွယ်ပြုလို့
မနမ်းပေ နင်းချေသွားရင်လဲ
သိမ်ငယ်စွာမြေမှာထား
မမြင်လို့နင်းတာပါလားဆိုပြီး
အမြဲခွင့်လွှတ်ထားမယ်….
ငါကြွေပါရစေတော့…….