အိပ်မရတဲ့ည
ညနေဆည်းဆာက
ညအမှောင်ရဲ့ဝါးမျိုခြင်းခံလိုက်ရတာ
မနေ့ကနဲ့ဒီနေ့အတူတူဘဲ
တခြမ်းပဲ့လတစ်စင်းနဲ့
ငါ့မှာ
စစ်ခင်းဖို့တောင်အားမရှိဘူး
တိတ်ဆိတ်ခြင်းရဲ့ညီးတွားသံတွေက
ငါ့နားမှာခါးနေတယ်
အော်…………..
ရန်ကုန်မြို့ရဲ့လမ်းမ
ခြေသံတွေကြားမလား
နားတော့စွင့်မိသား
အိပ်မပျော်တဲ့ည
ငါ့ဆီဖိတ်ဆင်ခဲ့တာကြာပေါ့
တော်ပါပီ
စက်ရုပ်နိုင်ငံမှာ
မျက်နှာဖုံးတပ်ပီးမလှုပ်ရှားချင်တော့ပါဘူး
အေးစက်စက်ညတွေကသေမင်းထက်ဆိုးနေလို့
တကယ်တော့
ဒါဟာဘ၀ဘဲ
ဟူး……………..ငါမောတယ်။
(ကာရံချို)သူ
Comment #3
Huhhhh
>______<
By: ei lay at Oct 15, 2012
Comment #4
really can’t sleep
By: ei lay at Feb 28, 2013
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
great