မခမ်းနားသော…..
ကြယ်ပြောသော ကဗျာ….
င့ါည ကမ္မည်းမှာ အလွမ်းတိုင် ထူခဲ့တယ်
ဒီည…လေပြေလေညင်း
လသာဆောင် က ပင့်လို့ 
ငါ့ရင်ထဲ တရှိုက်မက်မက် တိုးဝင်ခဲ့
မသိလိုက်သလိုနဲ့ …..
မင်း အငွေ့ အသက်တချို့ 
င့ါရင်ထဲ လွင့်စင်သွားတယ်…..
ကမ္ဘာပျက်လောက်အောင်ကို လွမ်းတယ်…….
ပန်းပျိုးသောလက်မှာ အနာတရ တစ်မျိုးမျိုးနဲ့ 
ဥယျာဉ်မှူး တစ်ယောက် ငါ
နာကျင်တတ်ခဲ့ဖူးတယ်….
ဒီလို နာကျင်မှုမျိုးကိုပဲ ဆေးစွဲသလို
အကြိမ်ကြိမ် တောင့်တနေခဲ့မိတယ် ….
ပန်းကလေးရေ….
ငါပျိုးခဲ့သော မင်း…
ငါ့ရင်ထဲသို့ ကြွေပါစေ………
ငါ့အလွမ်းခါးခါးမှာ
အနုပညာတို့ စီးဝင်ခဲ့….
နူးညံ့ပေမဲ့လဲ မင်းအမြင်မှာတော့
သမားရိုးကျ ဆန်လွန်းပါတယ်….
ဒါပေမဲ့ ချစ်သူရယ်….
မင်းလျှောက်ရမဲ့လမ်းမှာ
ငါ့နှလုံးသားကို အလျားလိုက်ခင်းထားတယ်….
မင်း မြင့်နိုင်ဖို့  ငါ နိမ့်ပေးထားတယ်…
ဖြစ်နိုင်ရင် မင်း….နိမ့်ရာမြေကိုသာ လှံစိုက်ခဲ့ပါတော့
ငါ့ရင်ထဲမှာ အလွမ်းဆူးတွေ အထပ်ထပ်….စူးလို့ ……….
လောကမှာ မပြောဘဲ သိနိုင်မဲ့ အမှန်တရားတွေ ရှိတယ်တဲ့
ငါ့ရင်ထဲမှာ အမြဲတမ်း သိမ်းထားတဲ့ ဘာသာစကား
မင်းအတွက် အမှန်တရား ဖြစ်ပါစေ…
ကံကြမ္မာက ဆူးတစ်လှည့် ပန်းတစ်လှည့်အကြဲ
ငါ့ နှလုံးသား ဟာ ကြေ တစ်လှည့်
ဝေ တစ်လှည့်နဲ့ …….
မင်း အပြုံး တစ်ခု အပွင့်မှာ
ဒဏ်ရာ အ၀၀ ပျောက်ကင်းစေတတ်ခဲ့ပြီ…..
ဘုရားသခင် ဖန်ဆင်းတဲ့ ချစ်သူ….
မင်းကို လိုအပ်ပေမဲ့ မင်းငါ့ကို အမြဲလိုအပ်နိုင်ပါ့မလား….
အာဒမ် နဲ့ ဧ၀ မပြောတတ်ခဲ့သော အချစ်မျိုး
ငါ့နှလုံးသား တစ်ထောင့်မှာ ခိုး ပျိုးထားတယ်
တခမ်းတနားနဲ့ မီးပြတိုက်တစ်ခုလိုတော့ မဟုတ်ပါဘူး
အရောင်မှိန်မှိန် နဲ့ မီးအိမ်လေးပေါ့…..
Comment #2
ကဗျာက အရမ်းကောင်းပါတယ်…အာဒမ်နဲ့ဧ၀ကိုအရမ်းအားကျလို့ရေးထားတာလားဟင်….ဒီထက်အများကြီးရေးနိုင်ပါစေလို့…ဆုတောင်းပေးပါတယ်…..
Comment #1
အရမ်းမိုက်တယ်