နှောင်းရလေပြီ
ကျွန်မ ဒီနေ့ အိမ်ပြန်တဲ့ အချိန်ဟာ အရင်နေ့တွေထက်ကို နောက်ကျနေပါတယ်။
အမေများစိုးရိမ်နေမလားလို့ ခက်သွက်သွက်လေး လျှောက်လာခဲ့ပါမိပါတယ်။
အိမ်က ခါတိုင်းနဲ့ မတူလင်းထိန်နေပါလား။ လူတွေ ၀င်ထွက်နေကြတာလဲ
အများကြီးပါဘဲ။ ဘာဖြစ်လို့ပါလိမ့်။ ကျွန်မ အိမ်ထဲဝင်လာတဲ့အချိန်မှာ
ဘယ်သူမှ
ကျွန်မကို သတိဂရုမစိုက်ကြပါဘူး။ သူတို့ ကြည့်ရတာလဲ အလုပ်ရှုပ်နေကြတာနဲ့
ကျွန်မဘာမှ မမေးတော့ဘဲ တောင့်လေးတတောင့်မှာ ထိုင်နေလိုက်ပါတယ်။
ဘာတွေများဖြစ်နေကြပါလိမ့်လို့လဲ တွေးရင်းလူတွေကိုလိုက်ကြည့်နေမိ
ပါတယ်။
အမေကိုကြည့်လိုက်တော့ အမေငိုနေပါလား။ ကျွန်မ စိတ်ပူသွားပါတယ်။
အမေ့နားသွားဖို့အထမှာဘဲ
“ အကြီး နှင်းပွင့် ဆုံးပြီဆို ဟုတ်လား။” ဆိုတဲ့အေးရဲ့ အမေးသံ
ကိုကြားလိုက်ရပါတယ်။ ဘုရားရေ …….
အေးဘာတွေလာပြောနေတာလဲ။ မဟုတ်ဘူး……မဟုတ်ဘူး…..။
အမေမယုံလိုက်ပါနဲ့။ “ အမေ သမီး နှင်းပွင့် အမေနားမှာလေ။ အမေ မဟုတ်ဘူးလို့
ပြောလိုက်လေ။”
ဟင်……… အမေ ဘာမှမပြောဘဲ ငိုနေပါလား။ ဘာလို့လဲ….။
ငါ့ကို လူတွေဘာလို့ မမြင်ကြတာလဲ။ ဒါဆို ငါ….ငါ……
အဲဒီအချိန်မှာဘဲ အိမ်ရှေ့ မှာကားတစီး ရပ်လာပါတယ်။ ကားထဲက
တစုံတခုကိုသယ်နေကြပါတယ်။ ဘာပါလိမ့်……….။ ကျွန်မတွေ့ လိုက်တာကတော့
ကျွန်မရဲ့ ခန္ဓာကိုယ်ပါလား။ ဘာတွေလဲ………။ဘာတွေဖြစ်နေတာလဲ။ ကျွန်မ
တကယ်သေသွားပြီလား….။
အမေကတော့ ကျွန်မ ခန္ဓာကိုယ်ကြီးကို ဖက်ပြီးငိုနေတော့ပါတယ်။ ဒါဆို ကျွန်မ
တကယ်သေသွားပြီပေါ့။ ကျွန်မ ကြည့်နေယုံက လွဲပြီးဘာမှ လုပ်လို့လဲမရတော့သလို
ဘာမှလဲပြောလို့မရတော့ပါဘူး။ မောင်…..မောင်ရော သိနေပြီလား။
မောင်မသိပါစေနဲ့…။မောင်ကိုမသိစေချင်ဘူး…….။ ကျွန်မ ဆန္ဒ မပြည့်ခဲ့ပါဘူး။
မောင်ရောက်လာခဲ့ပါတယ်။ ကျွန်မခေါ်တိုင်းဘယ်တော့မှ ရောက်မလာ
ခဲ့တဲ့မောင်…..အခုတော့ မောင်ကျွန်မဆီ ရောက်လာခဲ့ပါပြီ။
မောင် ကျွန်မရဲ့ခန္ဓာကိုယ် ကိုမ မှိုတ်မသုန်ကြည့်နေပါတယ်။ မောင် မျက်ရည်တွေ
ကျနေပါလား။ ပါးစပ်ကလဲ တတွတ်တွတ်နဲ့ ပြောနေလိုက်တာ……။
“မောင် ကိုထားခဲ့ပြီလားတဲ့။”
မောင် ရယ်…….ကျွန်မနဲ့ တွေ့တုန်းကတော့ဘာ လို့ စကားမပြောတာလဲ။ ဘာလို့
ကျွန်မကို ဂရုမစိုက်ခဲ့တာလဲ။ ကျွန်မကိုဘာလို
အမြဲစိတ်ညစ်အောင်လုပ်ခဲ့တာလဲ။ မောင်ရဲ့ အေးစက်တဲ့အမူအယာတွေကြောင့် မောင်
ကျွန်မကိုဒီလောက်ထိ ချစ်လိုက်မယ်လို့ မထင်မိခဲ့တာပါမောင်ရယ်။ မငိုပါနဲ့
မောင်……။ ကျွန်မကိုချစ်ရင်မ ငိုပါနဲ့နော်။ ကျွန်မ မကြည့်ရက်လို့ပါ
မောင်ရယ်…..။ ကျွန်မ အကြောင်းကို လူတွေပြောမဆုံး ဖြစ်နေကြပါတယ်။
ရှေ့ကလာတဲ့ကားကို ရှောင်လို့ ရရဲ့သားနဲ့ မရှောင်ခဲ့တာတဲ့လေ။ ကျွန်မ မ
ရှောင်ခဲ့တာလား။ ဒါမှမဟုတ် ရှောင်ဖို့ သတိလက်လွတ်ဖြစ်ခဲ့တာလား ဆိုတာတော့
ကျွန်မကို ကျွန်မ အသိဆုံး ပါဘဲ။
မောင် ကို အမေကပြန်ဖို့ ပြောနေပေမဲ့ မောင်မသုန်မလှုပ်ပါဘဲ ထိုင်နေပါတယ်။
ဘေးက၀ိုင်းပြောတော့မှ မောင်ထပြန်သွားပါတယ်။ မပြန်ခင် မောင်ပြောသွားတာက
ကျွန်မ နေရာမှာ ဘယ်သူမှအစားမထိုးပါဘူးတဲ့လေ။
မောင်ရယ်…………..။
မောင်သာ ကြားနိုင်မယ်ဆိုရင် တော့ ကျွန်မ လဲပြောချင်ပါတယ် မောင်။
ကျွန်မ….မောင်ကို အရမ်းချစ်တယ်……….။

( နောင်တဆိုတာ နှောင်းမှရ ကြတဲ့ အရာတစ်ခုပါ။ လူတစ်ယောက်ရဲ့ တန်ဖိုးဆိုကို
အဲဒီလူ မရှိတော့ မှသိကြတာပါလား။)
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
အားပေးသွားပါတယ်… star