Professional Authors

စာဖတ်သူသို့ …….။

(ဆရာဇေယျအမြင်)
                           စာဖတ်သည်ဆိုသည်မှာ ရည်ရွယ်ချက် အမျိုးမျိုးရှိသည်….။

အချို့ မှာ အတတ်ပညာကို သင်ကြားတတ်မြောက်လို၍ ဖတ်ခြင်းဖြစ်သည်…….။

အချို့ မှာ စာပေ၏အရသာကို ခံစားလို၍ ဖတ်ခြင်းဖြစ်သည်……။

                          ပထမအမျိုးအစားတွင် စာမေးပွဲဖြေလိုသော စာသင်သားများ ၊ စာရေးခြင်းကို ပြုလိုသော

စာရေးဆရာ ၊ကဗျာဆရာ ၊သတင်းစာဆရာ စသည်တို့ ပါဝင်ပေသည်….။ထိုသူများမှာ စာပေ၀ါသနာရှိသော်လည်း

မိမိတို့ သက်ဆိုင်ရာလုပ်ငန်းတွင် ပေါက်ရောက်အောင်မြင်ရေးအတွက် ဖတ်ခြင်း ဖြစ်လေသည်…။

ထိုသူများမှာ မရွေးမချယ် ရောက်ရာပေါက်ရာကို ဖတ်နေ၍ မဖြစ်..၊ မိမိနှင့်သက်ဆိုင်သော စာပေကို

အသေအချာ အတိအကျရွေးချယ်၍ ထိုစာပေများကိုသာ နေ့ တကုပ်ကုပ် ညတကုပ်ကုပ် ဖတ်ရှုလေ့လာ

ရန် လိုအပ်သည်…..။

                            ဒုတိယအမျိုးအစားမှာ  စာပေ၀ါသနာပါ၍ ဗဟုသုတ ရှာဖွေလိုသူများဖြစ်သည်…..။

ထိုသူများသည် စာပေ၏ အရသာကို ခံစားလို၍ ဖတ်ခြင်းကြောင့် မိမိနှင့်ဆိုင်သည် မဆိုင်သည် ပဓာနမထားဘဲ ၊

ကိုယ်ကြိုက်သည့် စာမှန်သမျှ ရုပ်ရှင်ကြော်ငြာ စာရွက်ကလေးပါမချန်  အကုန်ဖတ်သင့်ပေသည်…..။

မိမိနားလည်သည့် ဘာသာစကားနှင့် ရေးထားသောစာမှန်သမျှကို ဘုရားရှိခိုးမှစ၍ တေးသီချင်းပေါင်းချုပ်အထိ ၊

ကာတွန်းစာအုပ်အဆုံး တွေ့ ရာမြင်ရာ ဟူသမျှကို ဖတ်သင့်ပေသည်…..။

                       အမှန်အားဖြင့် ဖတ်ထားသည့်အနက် အပုံတစ်ထောင်ပုံ၍ တစ်ပုံပင် ကျန်ရစ်ခဲ့မည် မဟုတ်ချေ….။

အချို့ မှာ ဖတ်ပြီးသည်နှင့် တစ်ပြိုင်နက် စာ၏အမည်ပါမကျန် မေ့ပျောက်သွားပေမည်….။တစ်ခါတစ်ရံ

လုံးဝမေ့နေ၍ ယခင်က ဖတ်ခဲ့ဖူးသော စာအုပ်ကိုပင် မဖတ်ရသေးဟု မှတ်ထင်သဖြင့် ထပ်၍ဖတ်မိလေမည်….။

မမှတ်မိသဖြင့် နောက်တစ်ကြိမ် ဖတ်ခွင့်ရခြင်းသည် ပို၍ အကျိုးရှိပေသည်….။

                 ဆေးလိပ်သောက်သူသည် ဆေးခိုးဆေးငွေ့ များ အပြင်သို့  မထွက် ၊မပျောက်ပျက်ဘဲ ရင်ခေါင်းထဲ၌

လုံးထွေး ကျန်ရှိနေပါက ဆေးအရသာကို မတွေ့ ဘဲ မူးဝေနောက်ကျိ၍ ဒုက္ခရောက်တတ်ပေသည်….။

စာဖတ်သူမှာလည်း ဖတ်သမျှ တစ်လုံးမကျန် မမေ့မပျောက် တစ်ခေါင်းလုံး စာလုံးတွေပြည့်နှက်လျှက် ရှိချေက

ဘာကိုမှ ရှင်းရှင်းလင်းလင်း မသိမြင်နိုင်တော့ဘဲ ဦးနှောက်အတွင်း၌ စာလုံးတွေ တ၀ှီးဝှီးတိုးဝှေ့ ကာ

ဥာဏ်တုံးသွားတတ်ချေသည်…..။

              ယနေ့ ခေတ် လူငယ်အများစုသည် ကျောင်းမှ သင်ပေးလိုက်သော စာများကို လုံလောက်ပြီ

သဘောထားတတ်ကြသည်……။ လောကကြီးသည် တစ်နှစ်ထက်တစ်နှစ် တိုးတက်လျက်ရှိ၏….။

လောကကြီး တိုးတက်သလောက် စာပေနယ်လည်း ကျယ်ဝန်းသည်ထက် ကျယ်ဝန်းလာသည်….။

ထို့ ကြောင့် မသေမချင်း စာဖတ်ရန် လိုအပ်ပေသည်….။ ကျယ်ဝန်းသည်ထက်ကျယ်ဝန်းအောင်လည်း

စာကြီး ၊စာငယ် မရွေးချယ်ဘဲ ဖတ်နိုင်သော စာ ၊ အရသာတွေ့ သော စာ ၊ စိတ်ဝင်စားသော စာ ဟူသရွေ့ ကို

ဖတ်ကြရမည် ဖြစ်ပေကြောင်း…..။                       ။

Comment #1

ယနေ့ ခေတ် လူငယ်အများစုသည် ကျောင်းမှ သင်ပေးလိုက်သော စာများကို လုံလောက်ပြီ

သဘောထားတတ်ကြသည်……။ လောကကြီးသည် တစ်နှစ်ထက်တစ်နှစ် တိုးတက်လျက်ရှိ၏….။

လောကကြီး တိုးတက်သလောက် စာပေနယ်လည်း ကျယ်ဝန်းသည်ထက် ကျယ်ဝန်းလာသည်….။

ထို့ ကြောင့် မသေမချင်း စာဖတ်ရန် လိုအပ်ပေသည်….။ ကျယ်ဝန်းသည်ထက်ကျယ်ဝန်းအောင်လည်း

စာကြီး ၊စာငယ် မရွေးချယ်ဘဲ ဖတ်နိုင်သော စာ ၊ အရသာတွေ့ သော စာ ၊ စိတ်ဝင်စားသော စာ ဟူသရွေ့ ကို

ဖတ်ကြရမည် ဖြစ်ပေကြောင်း…..။

ဆရာယောရေ…

ထောက်ခံပါတယ်…။ဖတ်မှတ်ပါဦးမယ်…အကိုရေ ဖြစ်နိုင်ရင် စာမျက်ရှုတွေ တင်ပေးပါ…။
ရှေးဆရာတွေထဲမှာ အမျှော်အမြင်ကြီးတဲ့သူတွေ ရှိပါသေးလား…..

commentinfo By: genius.jinx28 at Mar 24, 2011
Comment #2

အွန်လိုင်းမှာ စာရေးတာ နာမည်ကြီးချင်လို့ မဟုတ်ပါ…။
စာကောင်းလေးတွေ ဖတ်စေချင်တဲ့စေတနာနဲ့  ဝေမျှခြင်းပါ…။
မဖတ်ချင်ကျော်သွားနိုင်ပါတယ်…။
ကျေးဇူးတင်ပါသည်…။

commentinfo By: ကိုကိုသုစံ at Mar 26, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment