အွန်လိုင်းနှင့် ကျင့်ဝတ်
ပာချင်ရေးချင်နေသည်မှာတော့ကြာပါပြီ။ အခြားအလုပ်များနှင့်ရှုပ်၊အပျင်းကြီး၊ အဲလိုဖြစ်နေ၍ကိုယ့်ကိုကိုယ်ဇွတ်မောင်းရေးနေရပါသည်။
ယခင်ကမဂ္ဂဇင်းခေတ်၊ ယခုအွန်လိုင်းခေတ်၊ နည်းပညာကရှေ.ရောက်လာတော့ လူတိုင်း စာရေးနိုင်သည်။ လူတိုင်းဘလော့ဂါဖြစ်နိုင်သည်။ အဲသည်တော့ဘာဖြစ်သနည်း။ ကျင့်ဝတ်တွေ နှုန်းစံတွေကပြိုလဲကုန်သည်။
တလောက Gmail passward ခိုးယူသူဆိုပြီး နာမည်နှင့် ဖေ့စ်ဘုတ်အကောင့်နှင့်တကွ ပို.စ်တင်သည်။ နောက်မှ မဖြစ်နိုင်ဟု တောင်းပန်သည်။ တဖက်သားက အဆဲခံရပြီးပြီ။ တခါတလေလည်းမေးထဲမှာ မိန်းကလေးတွေကာမကိုညာယူနေသူဟု နာမည်နှင့်ဖုံးနှင့်လိပ်စာနှင့်ဖေါ်ဝါ့လုပ်ပေးပါဟုတက်လာတတ်ပါသည်။ ဒါကလည်းတကယ်တော့ မတည့်သူတွေက တိုက်ကွက်ဆင်တာလည်းဖြစ်နိုင်ပါသည်။ သေချာလျှင်၊ သက်သေသက္ကာရရှိလျှင်တိုင်တန်းပါ၊ ယခုလိုလုပ်တာကတော့လုပ်သူလဲ နောက်ကျောဓားနဲ.ထိုးခြင်း ဟုသာမှတ်ရပါသည်။
ဒီစာကိုဝေလျှင် ချစ်သူနှင့်တွေ.မည်ဟူသော အွန်လိုင်းရွှေပေလွှာများကိုပင်ဝေနေကြသူများသည် နာမည်လိပ်စာပါပါလျှင်အမှန်ဟုယူဆကြပါလိမ့်မည်။
မှန်ချင်လည်းမှန်ပါမည်။ သို.သော် မှားခဲ့သော် တဖက်သားအဖို. သိက္ခာကျရပါသည်။ စိတ်ဒဏ်ရာရရပါသည်။ ထိုကာလအတွင်းက ခံစားရမှုကို ဘယ်သူကခံစားပေးမည်လဲ။အလျော်ပေး၍ကျေကောင်းသောအရာမဟုတ်ပါ။
လူထုစိန်ဝင်းဆောင်းပါတစ်ပုဒ်ဝယ်စာနယ်ဇင်းကျင့်ဝတ်တစ်ခုကိုလေးစားစွာဖတ်ရဘူးပါသည်။ မိန်းကလေး၏ ကာမကို အရယူထားသူ ကို ဂျာနယ်တွင် မုဒိန်းကောင်ဟုရေးသားခြင်းကို ဆရာကကန်.ကွက်ပါသည်။ ရဲကစွဲချက်တင်ထားသည့်တိုင် တရားရုံးက အပြစ်ရှိမရှိမဆုံးဖြတ်ရသေးခင်ထိုသို.ရေးခြင်းဖြင့် စာနယ်ဇင်းက ဆုံးဖြတ်ချက်ပေးထားပြီးနေသကဲ့သို. ဖြစ်သောကြောင့်ဖြစ်ပါသည်။
လူတိုင်းသည်လွတ်လပ်စွာရေးသားပိုင်ခွင့်ရှိရပါမည်။ သို.သော်တစ်ဖက်သားကို တိုက်ခိုက်ခြင်းကတော့ ခက်ပါသည်။ တခါတရံ အမှန်တရားဘက်တော်သားဖြစ်ရသည်မှာ ကောင်းပါသည်။ သို.သော်မှန်မမှန်မသေချာပဲ ဆွမ်းကြီးလောင်းချင်သည်မှာ ဗမာ့အကျင့်ဟုပြောရမည်ပဲလားမသိ။
အွန်လိုင်းမှာလည်းကျင့်ဝတ်နှင့်နေ၍ရပါသည်။ နှုန်းစံများပြိုလဲနေသောခေတ်ဝယ် ကိုယ့်နှုန်းစံနှင့်ကိုနေစေချင်ပါသည်။
Comment #2
right
Comment #1
အွန်လိုင်းမှာလည်းကျင့်ဝတ်နှင့်နေ၍ရပါသည်။ နှုန်းစံများပြိုလဲနေသောခေတ်ဝယ် ကိုယ့်နှုန်းစံနှင့်ကိုနေစေချင်ပါသည်။ ……. excellent ……..