အမျိုးကွဲသော မြန်မာကဗျာများနှင့် ကဗျာ၏ဆိုလိုခြင်းများ
ယခုရေးသားသော ဆောင်းပါသည် မြန်မာကဗျာများ မှေးမှိန်မည်ကို ဆိုးရိမ်နေသော သံသယ စိတ်ဖြင့်တင်ပြလိုက်ခြင်းဖြစ်ပေသည်။ ကျွန်တော့် ကြားဖူးသမျှ ကိုပြောရမည်ဆိုပါလျှင် မြန်မာ ကဗှာ ၏ အစပုံစံမှာ လင်္ကာ ပုံစံဖြစ်ပါသည်။
မြန်မာကဗျာအစ ပုဂံခေတ်က ဟု ဆိုကြပေသည်။ မြန်မာကဗျာသညိ ကျောက်စာများတွင်မှတ်တမ်းတင် ကုသိုလ် စာများရေးထိုးရာမှ အစပြုခဲသည်ဟု ဆိုသည်။ စင်စစ်အားဖြင့်တော့ မြန်မာကဗျာတို့သည် ခေတ် တစ်ခေတ်မှ တစ်ခေတ် ကူးပြောင်းသည်နှင့် တစ်ပြိုင်နက် ဖွဲထုံးပုံစံများတိုးတက်ခဲ့သည်…။ မြန်မာကဗျာ ကို ခွဲထုတ် ကြည့်မည် ဆိုပါလျှင် ကဗျာ ၊ အချင်း ၊ သီချင်း ဟူပြီး သုံးမျိုးခွဲခြားနိုင်ပါသည်…။ အချင်းသည် ချင်းလိုက်သော ကဗျာများကို ဆိုလိုခြင်းဖြစ်သည်။
မြန်မာကဗျာ အမျိုးပေါင်း ကျွန်တော် လေ့လာသိရှိသမျှပင် အမျိုးပေါင်း ၄၀ ကျော်ပါသည်..။ ယင်းတို့ကိုဖော်ပြလိုပါသည်။
ကဗျာအမျိုးအစားများတွင် – လင်္ကာ၊တျာဘွဲ့၊ကာချင်း၊ရတု၊ဧချင်း၊မော်ကွန်း၊တောလား၊ပျို့၊အန်ချင်း၊နတ်သံ(နတ်သံအဲ)၊တမ်းချင်း၊သံပေါက်၊တျာချင်း၊အိုင်ချင်း၊
ရဲတင်း၊ရကန်၊သာချင်း၊သီချင်း(ပန်တျာဂီတသံဖြင့်သီဆိုရသောကဗျာတစ်မျိုး)၊ဟောစာ၊သျှိုးလိုက်၊စည်တော်သံ၊ငိုချင်း၊ရှာပုံတော်၊
ညည်းချင်း၊လှေတော်သံ၊ဂုဏ်ချင်း၊ဟန်ချင်း၊ဒုံးချင်း၊လွန်ချင်း၊မောင်းထောင်းတေး၊ဗုံကြီးသံ၊လွမ်းချင်း၊ဘောလယ်၊ဒွေးချိုး၊တြိချိုး၊
လေးချိုး၊သံချို၊တေးထပ် အစရှိသဖြင့်လေ့လာသိရှိခဲ့ရသည်။ ဖော်ပြပါတိုသည် ပုဂံခေတ်လင်္ကာမှစကာ ခေတ်အစဉ်အတိုင်း စီစဉ်ရေးပြထားခြင်းဖြစ်သည်..။
ထိုနည်းတူစွာ ကဗျာဗန္ဓသာရကျမ်း တွင်လင်္ကာ ၁၄မျိုးနှင့် သီချင်း၂၂မျိုးရှိသည်ဟု ခွဲခြားပြဆိုထားသည်။အချိုးကဗျာသည် သီချင်း ၂၂ မျိုးတွင်ပါဝင်သည်ဟုဆိုသည်။ အချိုးကဗျာ သုံးမျိုးရှိသည်။ ဒွေးချိုး၊တြိချိုး၊လေးချိုးတို့ဖြစ်သည်ဟု ထိုကျမ်းတွင် မှတ်သားဖွယ်ဖော်ပြထားပါသည်….။
မြန်မာအဘိဓာန်အလိုအရ ဆိုရပြန်လျင် –
ကဗျာ(ဂဗျာ) – စည်းမျဉ်းများနှင့်အညီ၊ စာပိုဒ်အရေအတွက်၊ ကာရန်အချိတ်အဆက်၊ အသံအနေအထားစသည်တို့ဖြင့် စီကုံးထားသောအဖွဲအနွဲ့။ ဟု တင်ပြပြောဆိုထားပြန်ပါသည်။
ကျွန်တော် တင်ပြလိုသည်မှာ ထိုမျှမက ရှိနေပါသေးသည်။ သို့သော် စာဖတ်သူ အီ မည်ဆိုးသဖြင့် သိသင့် သည်များကိုသာ အကျဉ်းချုံး ဖော်ပြရေးသားလိုက်ပါသည်။
ကဗျာရသ ဂုဏ် ကို ပြည့်ပြည့် ဝဝ ခံစားတတ်နိုင်မည်ဟု ကျွန်တော် ယူဆမိပါသည်။
ဆည်းဆာ
Comment #3
ခုလိုဗဟူုသုတရအောင်တင်ပြပေးတဲ့တွက်ကျေးဇူးတင်ပါတယ်.
ဆက်လက်ဖော်ပြပေးပါနော်..စာတစ်ခုဖတ်ပီးရင်မှတ်သားဖွယ်ရာတစိခုလိုချင်ပါတယ်..
Comment #6
ဒီလိုပဲဖြစ်သင့်ပါတယ်….။
Comment #1
မပျောက်ကွယ်တာ မရှိနိုင်ဘူး…။ဘုရားဟောအတိုင်းပေါ့.. .။လူတောင်မမြဲပဲကို…။
တကယ်ဆိုရင်
အချိန်တန်လို့ပေါ်ထွက်လာတာတစ်ခုကိုလည်းလက်ခံပြီး
အချိန်တန်လို့ဆုံးရှုံးသွားတာကိုလည်းသိထားရမှာပဲ…။
မော်ဒန် ဆိုတာလည်းတစ်ချိန်ကွယ်ပျောက်မှာပဲ…။
အဲဒီလိုသာ စွဲလမ်းနေရင်တော့ အေးပါ…။
စကားလုံးလှလှလေးပဲသုံးပေါ့…။