အခံရှိမှ သဏ္ဍန် ရှိသည်…။
အခံရှိမှ သဏ္ဍန် ရှိသည်…။
ကုသိုလ်-အကုသိုလ် ဆိုသည်မှာ—–ကုသိုလ်-၏ အနက်အဓိပ္ပါယ်သည်…..ကောင်းမှု့ပြုခြင်း ဖြစ်၍…….အကုသိုလ်–၏
အနက်အဓိပ္ပါယ်မှာ….မကောင်းမှု့ ပြုခြင်းဖြစ်ပါသည်…။
တရား—လမ်းစဉ်== ဟု… အဓိပ္ပါယ် ထွက်ပါသည်..။ ထို့ကြောင့် ကုသိုလ်+တရား…ဆိုလျှင် ကောင်းမှု့ ပြုလုပ်ခြင်း လမ်းစဉ် ဖြစ်၍…အကုသိုလ်+တရား….ဆိုလျှင်…..မကောင်းမှု့ ပြုလုပ်ခြင်း လမ်းစဉ်ဟု ဆိုပါမည်..။
ကျွန်ုပ်တို့၏ နေ့စဉ် ရှင်သန်နေရသော လူ့လောက အသိုင်းအ၀ိုင်း ၀န်းကျင်အနှံ့ အပြားတွင် ယင်းစကားစု နှစ်ခုအား…
မရင်းနှီး မပါတ်သတ် မပြုလုပ်မိဖူး သူ ဟူသော လူမရှိပါ….။ အချိန်နှင့်အမျှ ကျွန်ုပ်တို့ သည် ထိုတရားနှစ်ပါးကို သိ၍ တစ်မျိုး..
မသိ၍ တစ်ဖုံ…တစ်မျိုးမျိုး သော အကြောင်းနှင့်….. ပြုလုပ်ဆောင်ရွက်မိတတ် ကြပါသည်…။
ထိုကဲ့သို့ ပြုလုပ်ဆောင်ရွက်ကြရာတွင်…..ကုသိုလ် နှင့် အကုသိုလ် အဘယ့်သော အချင်းအရာ အပြုအမူ အကျင့်အကြံကို သာ၍ ပို၍ ဆောင်ရွက်တတ်ကြသည် ထင်ပါသနည်း…..။
မည်သည့်တစ်ခုက လူတစ်ဦး အတွက် ပြုလုပ်ခွင့် ရရှိ နိုင်ချေ ပိုပါသနည်း…။
မည်သည့်တစ်ခု အား ကျွန်ုပ်တို့ ပို၍ ခံစား ကြုံတွေ့ချင်ကြပါ သနည်း…..။
အမေးရှိက အဖြေရှိပါသည်…..။
ကျွန်ုပ်တို့သည် နေ့စဉ် အကုသိုလ် အမှု့ကို ပို၍ ပြုလုပ်ဆောင်ရွက်တတ်ကြပါသည်…..။
ကျွန်ုပ်တို့ အတွက် ပို ၍ ပြုလုပ်နိုင်ချေ များသော အရာသည် အကုသိုလ် ဖြစ်ပါသည်…။
အကုသိုလ်နှင့်ကုသိုလ်တရားတို့ အပေါ် ကျွန်ုပ်တို့ နေ့စဉ်ခံစားတွေ့ကြုံ မြင်သိနေရခြင်းအား သေချာစစ်တမ်းထုတ် တွက်ဆ
ကြည့်လျှင် ညီတူညီမျှ သာဘဲ ဖြစ်ပါသည်..။သို့သော်…..ကျွန်ုပ်တို့ တို့သည် မကောင်းမှု့ အကုသိုလ် ပြုလုပ်ရခြင်းကို ပို၍ နှစ်ချိုက်စွာ
ပြုလုပ်ဆောင်ရွက် ချင်နေကြပါသည်…။
ကျွန်ုပ်တို့ ဘာကြောင့် အကုသိုလ်တရားကိုမှ ပို၍ ပြုလုပ်ချင်နေကြပါသလဲ…..?။
ရှင်းပါသည်….။
သိပ္ပံနည်းပညာ သဘောတရားတစ်ခုနှင့် ယင်းကိစ္စအား နှိုင်းယှဉ်တွေးကြည့် ရပါလျှင်…..“”အခံရှိမှ သဏ္ဍန် ရှိပါသည်“” …ဆိုသော
နိယာမ ဘဘောတရား တစ်ခုလိုဘဲ ဖြစ်ပါသည်…။
“” အခံရှိမှ သဏ္ဍန် ရှိခြင်း “”… ဟုဆိုသော အဖွင့်သဘောနိယာမ ၏ အဓိပ္ပါယ် သက်ရောက်မှု့မှာ မည်သညှ်ု သဏ္ဍန်ပြ ပုံရိပ်နှင့် ဒြပ်ဝတ္ထု မှန်သမျှသည် ဖြစ်ပေါ်လာစေနိုင်ရန် အကြောင်းရင်း အခံတရားရှိပါမှ…အကျိုးဆက်သဘောတရား အနေနှင့် ပုံပြသဏ္ဍန် ဖြစ်ပေါ်ရပါသည်..။
ထို့ အတူ……။
ဗုဒ္ဓတရားတော် ဒေသနာများ၏ အဆို အလိုအရ ဆိုလျှင်လည်း “” အကြောင်းတရား ရှိပါမှ အကျိုးတရား ဖြစ်ပေါ်ရခြင်း“” သဘောမျိုး
ဖြစ်ပါသည်…။
သည့်အတွက်ကြောင့်…..အကုသိုလ်တရား ပို၍ ဖြစ်ပေါ်ပြုလုပ် နေကြခြင်းသည်……ကျွန်ုပ်တို့တွင် အကုသိုလ်အခံစိတ်များ ရှိနေကြ၍
ဖြစ်ပါသည်…..။
သာမန် အတွေးအခေါ်နှင့် သာမန်ဘ၀တွင် ရှင်သန်နေထိုင်သော လူသားတစ်ဦးတွင် အကောင်းကို ပြုလုပ်ဆောင်ရွက် လိုတတ်ခြင်း အခံစိတ်ထက်…..မကောင်းမှု့ကို ပို၍ ပြုလုပ်ဆောင်ရွက်လိုတတ်ခြင်း အခံစိတ် ရှိကြပါသည်…။
မကောင်းမှု့တစ်ခုကို လက်ငင်း အကောင်အထည်ပေါ်အောင် ပြုလုပ်နိုင်ခြင်း အမှု ကိစ္စ တစ်ခုတွင် ပင်ကိုအခံဓါတ် နှင့် ပူးတွဲပါလုပ်ရပ်(၂) မျိုး ပေါင်း(၃) မျိုး ရှိပါသည်….။
၁။ကာယ–ကိုယ်ခန္ဓာနှင့် ပြုလုပ်ဆောင်ရွက်ခြင်း…။
၂။ဝစီ— အသံနှင့် ပြုလုပ်ဆောင်ရွက်ခြင်း….။
၃။မနော–စိတ်နှင့် ပြုလုပ်ဆောင်ရွက်ခြင်း…..။
ဌင်း အကြောင်းအရာ (၃) မျိုးတွင် အခံဓါတ်နှင့် အမှုကိစ္စ များ အားလုံး စတင် ဖြစ်ပေါ်ရာနေရာသည်….မနော–စိတ်မှ ဖြစ်ပါသည်..။
စိတ်သည် လွတ်လပ်စွာနှင့် အတွေး၊အကြံ၊ ဆန္ဒ များ အားလုံးကို တည်ဆောက်နိုင်ပါသည်….။ တည်ဆောက်နိုင်စွမ်းလည်း ရှိနေပါသည်။
စိတ်မှ စတင်ဖြစ်ပေါ်လာသော ခံစားမှု့ များကို အခြေခံကာ…. ၀စီ–အသံ၊ ကာယ–ကိုယ်ခန္ဓာ က လိုက်ပါပြုလုပ်ဆောင်ရွက်ပါသည်။
အရင်းခံ အကြောင်းတရား စတင်ဖြစ်ထွန်းရာ နေရာသည်….မနော—စိတ်ကသာလျှင် ဖြစ်ပါသည်..။ မကောင်းမှု့ ပြုလုပ်ခြင်းတစ်ခု
ဖြစ်ပေါ်လာနိုင်ရန်…. စိတ်သည် အဓိက ကျပါသည်….။
စိတ်ပြီးမှ သာ ခန္ဓာနှင့် အသံများ က ကပ်လိုက်ပါတတ်ပါသည်…။
ထို့ကြောင့်……အကုသိုလ်များကို ကျွန်ုပ်တို့ နေ့စဉ်များစွာ ပြုလုပ်မိနေခြင်းသည်….ကျွန်ုပ်တို့ အရင်းခံ အခံဓါတ် ခံစားမှု့စတင်ဖြစ်ပေါ်ရာ စိတ်တွင် မကောင်းသော အခံဓါတ်များ ရှိနေကြ၍သာဘဲ ဖြစ်ပါသည်…။
ကိုယ့်စိတ်ကို ကိုယ် မနိုင်သူများ….စိတ်အားလပ်နေသူများ….စိတ်လေလွင့် နေသူများ…အသိပညာ ဗဟုသုတ နှင့် ကိုယ့်၏
လွတ်လပ်စွာ တွေးတောနိုင်သော စိတ်ကို မထိမ်းကျောင်းနိုင် သူတို့သည် အကုသိုလ်များကို ပို၍ ပြုလုပ်တတ်ကြပါသည်…။
မကောင်းမှု့ ကို ပိုမို ပြုမူတတ် ကြပါသည်…။
ထို့ကြောင့် မကောင်းမှု့အား နှစ်သက်တတ်သော အခံစိတ်ရှိသော ကျွန်ုပ်တို့ သည် ယင်း အခံဓါတ် စတင်ပေါ်ပေါက်တတ်ရာ…
စိတ်ကို စာပေ အသိ..၊ လူ့ကျင့်ဝတ်..၊ ဘာသာရေး အဆုံးအမ..၊ ဟီရိသြတ္တပ္ပ တရားများနှင့်….တစ်စက္ကန့် မလွှတ်တမ်း စောင့်ကြည့် ထိမ်းကျောင်းသင့်ပါသည်….။
သို့ဆိုလျှင် မကောင်းမှု့ အခံဓါတ်များ မွေးဖွားရာ စိတ်၏ အရင်းခံ အကြောင်းတရားများ ပေါ်ပေါက်မလာနိုင်တော့ပါ…..။
ဤ သို့ဆိုလျှင် မကောင်းမှု့ အကုသိုလ်များ ပြုလုပ်ဆောင်ရွက်မှု့ ဖြစ်ပေါ်လာနိုင်ခြင်းအမှု့များ စိုးစဉ်းမျှ မရရှိနိုင်တော့ပါ…။
ကောင်းမှု့၊ မကောင်းမှု့ အားလုံးကို ဖန်တီးတည်ဆောက်မှု့ စတင်အခြေတည်သော နေရာသည်….. မနော—စိတ်မှ သာလျှင်
ဖြစ်ပါသည်..။ ထို့အတူဘဲ အကုသိုလ် ၊ ကုသိုလ် အားလုံးကို ဖန်တီးပြုလုပ်ရာ အစသည်လည်း ယင်း စိတ်မှသာဘဲ ဖြစ်ပါသည်…။
ထို့ကြောင့်…..စိတ်၏ လွတ်လပ်စွာ တွေးတော ကြံစမှု့ အကုသိုလ် အခံစိတ်များကို မိမိ၏အသိတရားပေါင်း မြောက်မြားစွာနှင့် ပဲ့ပြင်ထိမ်းကွပ်ပြီး ကောင်းမှု့ကုသိုလ်တရားများ ပြုလုပ်ဆောင်ရွက်နိုင်ကြပါစေရန် နည်းတစ်ခု သဏ္ဍန် တင်ပြရေးသားလိုက် ရပါသည်….။
ကကြီး။[email protected](16.9.11)
Comment #1
ကောင်းမွန်သော ဆောင်းပါးအတွက်..ကျေးဇူးပါ