ရှင်သန်ခြင်း အဓိပ္ပယ်နှင့် ကမ္ဘာကြီးအကြာင်းအနဲငယ်ပြောဆိုမိတဲ့အခါ (လူမင်းခ)
ကျတော်ဒီဆောင်းပါးကိုမရေးခင်မှာ တခုပြောပါစေ။ကျတော်ခုလိုထုတ်ဖော်ခွင့်ရလို့ ဝေမျှခွင့်ရလို့ ခင်ဗျားတို့ ဆီခုခုရောက်သွားမယ်ဆိုရင် ကျတော်ရေးရကြိုးနပ်ပါပြီ။ဒါပေမဲ့ ပြောချင်တာ အဲဒါမဟုတ်သေးဘူး။ ဒီဆောင်းပါးဟာ အစီစဉ်မကျ ရေးသားဖြစ်မိလိမ့်မယ်။အဆက်ဆက် မရှိတဲ့ အကြောင်းရာတွေဖြစ်နေလိမ့်မယ်။ အဲဒီအတွက် စာဖတ်ပရိတ်သက်ကို စော်ကားမိရင်
ဒီနေရာကဘဲ ကျတော် တောင်းပန်လိုက်ပါတယ်။ အတွေးတခုခုတော့ ရနိုင်ကြပါစေ…..။
ကျတော် ပထမဆုံး ကမ္ဘာကြီးအကြောင်းကိုဆွေးနွေးချင်ပါတယ်။ ခုတလောကျတော် ကြားနေတာတခုက အာကသထဲမှာ ကျတော်တို့ ကမ္ဘာမြေက အမှိုတ်တွေဟာ အာကာသပတ်လမ်းကို ပိတ်ဆို့နေကုန်ပြီတဲ့…။ ဒါကျတော်တို့ အတွက်အန္ဒရာယ်ဖြစ်လာနိုင်တယ်။ဗုဒ္ဒဘရာုးရှင်သာ သက်တော်ထင်ရှားရှိအုံးမယ်ဆိုရင် ဒီစကြာဝလာကြီးအကြောင်းကို ပြည့်ပြည့်စုံစုံ ဟောဖြစ်လိမ့်မယ်လို့ ကျတော်ထင်တယ်။ ဘုရားရှင်လက်ထက် ရဟန္ဒာတပါးဟာ စကြာဝလာကြီးအကြောင်းကိုမေးဖူးတယ်။ ဒီအခါမှာ ဘုရားရှင်က အဖြေကကိုအတိအကျအပေးခဲ့ဘူး ပြည့်ပြည့်စုံစုံ မပြောခဲ့ဘူး။
အဲဒ ရဟန္ဒာကီု ဘုရားရှင်ကပြောခဲ့တယ် ချစ်သား ဒီအကြောင်းအရာတွေကို သိတော့ရော သင်အတွက်မည်မျှအကြိုးဖြစ်မည်နည်း မသိတော့ရော သင့်အတွက်မည်မျှအကြိုးလျှော့သွားမည်နည်း ဒီတော့ ရဟန္ဒာဟာ အရမ်းသိချင်စိတ်ထက်သန်နေတာနဲ့ သူ့ဈန်တန်ခိုးနဲ့ စကြာဝလာကြီးကိုပါတ်ကြည့်ဖူးတယ်….။ ပတ်ကြည့်ရင်းနဲ့ လေ့လာရင်းနဲ့ဘဲ သူလဲပျံလွန်တော်မှုသွားတယ်။
ယခုတော့ ကျတော်တို့ ပြောဆိုလာကြပြီ ကမ္ဘာကြီးအကြောင်းကို သိဖို့လိုအပ်လာကြပြီ။ ဟိုတလောက ကျတော်ကြားလိုက်မိတယ် သိပ္ပံပညာရှင်ကြီး အိုင်းစတိုင်းရဲ့ သီအိုရီမှားနေကြောင်းကို ယခုခောတ်သိပ္ပံပညာရှင်တွေကထောက်ပြလာနေကြပြီ။ ဆရာကြီးရဲ့ အလင်းထက်မည်သည့်အရာမျှ မြန်နှုန်းမမြင့်ဘူးဆိုတဲ့ သီအိုရီတခုမှာ ယခုအလင်းနှင့်မြန်တဲ့ အရာတွေရှိလာကြပြီ။ ကျတော်တို့ တီထွင်ခဲ့ကြတဲ့ အရာတွေအားလုံးဟာ အမှားတွေကို အခြေခံပြီး တီထွင်ခဲ့ခြင်းလား။ဘယ်လိုဘဲဖြစ်ဖြစ် ခုထိတော့ ကျတော်တို့ အဆင်ပြေနေကြသေးတယ်။ ကေးအို့စ်ကပြောတယ်
အရာရာတိုင်းမှာ ဖြစ်တည်ခြင်းတွေဟာ အစီစဉ်တကျရှိနေသလို ပျက်စီးခြင်းတွေဟာလည်း အစီစဉ်တကျရှိနေတယ်တဲ့။ကမ္ဘာကြီးအကြာင်း စဉ်းစားလိုက်တဲ့အခါ ကျတော်တို့ လူသားတွေအကြာင်းပါလာတယ်။ကမ္ဘာမှာ အသိညဏ်အရှိဆုံးသတ္တ၀ါတွေပါဘဲ။ သူတို့ရဲ့ ဖန်တီးမှုတွေဟာ အသက်ရှင်သန်ခြင်းအတွက် သက်သက်ချည်းဘဲဆိုတာတော့ မဟုတ်တော့ဘူး။ ကျတော်တို့ လူသားတွေဟာ အစမှာတော့ ရှင်သန်ဖို့ကိုအတော်ကြိုးပန်းခဲ့ရတယ်…။ကျောက်ခောတ်က တောမီးလောင်ရင် ဘယ်ပြေးရမှန်းမသိ ရေကြီးရင်ဘာလုပ်ရမှန်းမသိ တောင်ပြိုရင် ဘာလုပ်ရမှန်းမသိကြ။ အစားအစာအတွက်လဲ
စိုက်ပျိုးမစားတတ်ကြသေး မွေးမြူမစားတတ်ကြသေး….။တစတစ တိုးတတ်လာရင်းက ဘာသာတရားတွေ ယဉ်ကျေးမှုတွေ ထွန်းကားလာခဲ့ကြတယ်။ မြို့ရွာတွေ အိုးအိမ်တွေ လူမျိုးစုတွေ စသဖြင့် စသဖြင့် အဆင့်ဆင့်နဲ့ ဖြစ်တည်လာကြတယ်။နိုင်းမြစ်ဝှမ်း၊
မက်ဆိုပိုတေးမီးယား၊မြစ်ဝါမြစ်၊ဂဂါင်္မြစ်စတဲ့အထင်ကရနေရာတွေဟာ လူသားတွေဖြစ်တည်မှုသမိုင်းမှာ ထင်ရှားခဲ့တယ်။
နောက်ဆုံးမှာတော့ ကျတော်တို့ကမ္ဘာဟာ အံသြဆန်းကြယ်မှုပေါင်းများစွာနဲ့ အရင်ကကိုယ်ကွယ်ခဲ့ ဖူးကြတဲ့နတ်ဘုရားများထက် သိပ္ပံပညာကို ပိုလို့ကိုးကွယ်ကုန်ကြပြီ…။ အဲဖရက်နိုဘယ်ဟာ ဒိုင်းနမိုက်ကို တီထွင်ခဲ့တာ အခုလိုအကြမ်းဖက်မှုတွေ ဖြစ်ဖို့ဟုတ်ပါဘူး။ဒီလိုဘဲ လေယဉ်ပျံတီထွင်ခြင်းဟာလည်းကောင်းကျိုးဖြစ်ထွန်းသလို ဆိုးကျိုးတွေလဲဖြစ်ထွန်းခဲ့ပါတယ်။ဒါပေမဲ့ အနုမြူဗုံးလိုအရာမျိုးကို တော့ဘာအတွက်တီထွင်ခဲ့ကြမှန်းကျတော်မသိဘူးဖြစ်နေတယ်။
ကျတော်တို့ကမ္ဘာမြေမှာ ရှင်သန်နေတာ ဘာအတွက်လဲ။ကျတော်တို့နေထိုင်မှုတွေဟာ ဘယ်နေရာတွေမှာအသုံးဝင်မလဲ။ ခင်ဗျားတို့စဉ်းစားကြည့်ပါ။လူ့သမိုင်းအစဉ်အဆက် နေထိုင်လာကြတဲ့ ကျတော်တို့ လူးသားမျိုးနွယ်စုတွေ တဆက်ပြီးတဆက်ရှင်သန်လာကြတယ်။သေဆုံးသွားကြတယ်။ ဘယ်သူတွေက အဓိပ္ပယ်ဖွင့်ဆိုမှာလဲ ကျတော်တို့ကမ္ဘာကြီးကို
ကျတော်တို့ပတ်ဝန်းကျင်ကို ကျတော်တို့ လူသားတွေကို……..။အားလုံးအားလုံးကို ခင်ဗျားမြင်ကြည့်လိုက်ပါ ခံစားကြည့်ပါ လိုက်မှီတဲ့ အရာတွေရှိသလို လိုက်မမှီတဲ့အရာတွေလည်းရှိတယ်….။ဒါပေမဲ့ စဉ်းစားကြည့်ဖို့တော့လို့တယ်………။
အားလုံးကိုလေးစားခဈြခငျလြှက်…..(လူမင်းခ)