ကမ္ဘာကြီးငိုမှာလား..
ကမ္ဘာကြီး ရှင့်ကိုမုန်းတယ်လို့ပြောရင် ငိုမှာလား။
ရှင့်ရဲ့မွေးဖွားခြင်းက လူသန်းပေါင်းများစွာပေါက်ဖွားဖို့ ဖြစ်လာခဲ့တဲ့ အတွက်မုန်းတယ်လို့ ပြောရင် ငိုမှာလား။
လူတွေတစ်နေ့တစ်နေ့ ရှင့်ကိုအမျိုးမျိုးသုံးပြီး ဖျတ်ဆီးနေတာကို ညိမ်ကြည့်နေလို့ မုန်းတယ်လို့ပြောရင် ငိုမှာလား။
လူမျိုးစုံ၊ သူတော်ကောင်းကအစ၊ လူဆိုး၊ လူယုတ်မာအဆုံးတွေအတွက် ခြေချစရာနေရာပေးထားတဲ့ ရှင့်ကိုမုန်းတယ်လို့ပြောရင် ငိုမှာလား။
Universe တစ်ခုလုံးမှာ ရှင့်တစ်နေရာထဲမှာပဲ လူတွေနေထိုင်လို့ရအောင် တကိုယ်ကောင်းဆန်တဲ့လုပ်ရပ်ကို မုန်းတယ်လို့ပြောရင် ငိုမှာလား။
ရေမျက်နှာပြင်က မြေပြင်တွေထက် percentage ပိုများလို့ မုန်းတယ်လို့ပြောရင်ငိုမှာလား။
လူတွေကိုတကွဲတပြားဖြစ်အောင် ပင်လယ်တွေနဲ့ စည်းခြားထားတဲ့ ရှင့်ကိုမုန်းတယ်လို့ ပြောရင်ငိုမှာလား။
ရှင်ပိုင်တဲ့မြေပြင်က ရှင့်ပစ္စည်းကိုလူတွေကသူတို့ဟာပါဆိုပြီး သတ်မှတ်ကြတာကို လက်ပိုက်ကြည့်နေတဲ့အတွက် မုန်းတယ်လို့ပြောရင် ငိုမှာလား။
Global Warming ဖြစ်နေတဲ့ကမ္ဘာကြီး.. ကိုယ့်ကိုကိုယ် maintenance မလုပ်တတ်လို့ မုန်းတယ်လို့ပြောရင်ငိုမှာလား။
ရေတွေကြီး၊ လေတွေတိုက်.. လူ့ဘ၀ပေါင်းများစွာကို ဖျက်ဆီးတဲ့ သဘာဝဘေးတွေကျရောက်တာကို မတားပေးတဲ့ ရှင့်ကိုမုန်းတယ်လို့ပြောရင် ငိုမှာလား။
လူတွေကိုဘာ super power မှမရှိနိုင်အောင် လုပ်ထားတဲ့ရှင့်ကို မုန်းတယ်လို့ပြောရင် ငိုမှာလား။
Technology နဲ့လူ့ဘ၀တွေကိုမွန်းကျပ်အောင်လုပ်နေတဲ့လူတွေရှိတာ ရှင့်ကြောင့်လို့ ကောက်ချက်ချပြီးမုန်းတယ်လို့ပြောရင် ငိုမှာလား။
Economics situation ဟာသူ့ cycle နဲ့သူပြောင်းလည်နေတာ ရှင့်ကြောင့်လို့ တဇွတ်ထိုးပြောပြီးမုန်းတယ်လို့ပြောရင်ငိုမှာလား။
Fresh water က salt water/sea water ထက်ရှားပါးနေတဲ့ ရှင့်ကမ္ဘာကိုမုန်းတယ်လို့ပြောရင် ငိုမှာလား။
မုန်းချင်ရင် ဘယ်လိုမုန်းမုန်း အကြောင်းအရာတွေ အများကြီးရှာမုန်းလို့ရပါတယ်။
ဒါပေမယ့် ရှင့်ကိုမမုန်းပါဘူး။ ရှင့်သာမရှိခဲ့ရင် ကစ်တီဆိုတာကမ္ဘာဆိုတဲ့ ဂျိုပေါ်မှာမွေးဖွားလာစရာအကြောင်းမရှိပါဘူး။
ရှင်လည်းလူတွေရဲ့ဘ၀လိုပဲ အဖုအထစ်တွေနဲ့ဖြစ်တည်နေတော့ ရှင်ကိုလည်းမမုန်းတော့ပါဘူး။
အခုလိုလူတွေသာနေထိုင်နေကြတာမရှိခဲ့ရင် Universe ဆိုတာကြီးဟာလည်းသိပ်ပျင်းစရာကောင်းသွားမှာပေါ့။
—-
Comment #6
လောလောဆယ်တော့ ကမ္ဘာကြီး ငိုဖို့ထက် လူတွေ ငိုနေကြပြီ။ ရေမရတာရယ်။ မီးမလာတာရယ်ကြောင့် ကျေးရွာတွေမှာ ဒုက္ခတွေ့များနေကြပါတယ်။

Comment #8
ကောင်းပါတယ်ဗျာ

Comment #9
ဖတ်ရတာ ကောင်းပါတယ် …ကဗျာဆိုတာသိပ်မသိပေမဲ့ ..ကဗျာဆိုတဲ့ရေးတဲ့သူရဲ့ခံစားချက်တစ်စိတ်တပိုင်းမလို့ ရင်ထဲမှာ အနည်းငယ်တော့ပေါ့သွားမှာဘဲလေ …..ဖွင့်အံချလိုက်တော့နေရတာအဆင်ပြေသွားတာပေါ့ဟုတ်တယ်ဟုတ် … 🙂

Comment #1
မိုက်ပါ့ Kitty ရာ.. တိုးတက်လာပြီကွ.. တ.. တ. 😛
တကယ်တော့ ကမ္ဘာကြီးပေါ်မှာ ဒါတွေက ဖြစ်ပျက်နေပေမယ့် ကမ္ဘာကြီး အပြစ်မဟုတ်ပါဘူး..
လူတွေရဲ့ အပြစ်.. အာကာအပြစ်.. ဟီးဟီး