လမ်းခွဲပြီးတဲ့နောက်
အချစ် ထရီဆာတို့ နှဖူးတွေ့..ဒူးတွေ့ တွေ့ရမယ့်အထဲမှာ ပါဝင်တဲ့အရာ ၁ ခုပေါ့..။ လူ ၁ ယောက်ဟာ တချိန်ချိန်မှာတော့ ရူးရူးမူးမူးအချစ်ဆိုတာကို မလွဲမသွေ ခံစားရမှာပါလို့ ထရီဆာကတော့ မှတ်ယူထားတယ်ရှင့်..။ အချစ် ဆိုတာ တကယ်တမ်းတော့ အဖြူရောင်လေးပါ .. ချစ်တဲ့သူတွေ ဆိုးတဲ့အရောင်ပေါ်မူတည်ပြီးသာ အရောင်ကွဲသွားရတာပါ။ ချစ်ခြင်းမှာ အတ္တကင်း ရင် ဒေါသကင်းစင်ပါတယ်။ ချစ်လွန်းခြင်းဟာလည်း မကောင်းပါဘူး။ ချစ်သူနှစ်ဦးဟာ တစ်ဦးနဲ့တစ်ဦး အပေးအယူမျှစွာ နားလည်မှုတွေနဲ့ ဆက်ဆံရင် ဒီချစ်သူနှစ်ဦးရဲ့ အချစ်သက်တမ်းဟာ ပျော်ရွှင်၊ ကြည်နူး စရာတွေနဲ့ချည်း ပြည့်လျှံနေမှာပါ..။ ကျမတို့ ချစ်ကြပြီဆို ချစ်တဲ့စိတ် ၁ ခုတည်းနဲ့ ကိုယ်ချစ်တဲ့သူနဲ့ တထပ်တည်းကျအောင်၊ တသားကျအောင် လိုက်ပြီးကျင့်ယူစရာ.. ပြင်ယူစရာမလိုအပ်ပါဘူး။ ကျမတို့ လူသားတွေဟာ တစ်ဦးတစ်ယောက်ချင်းစီရဲ့ အကျင့်၊ စရိုက်၊ အမူအယာ၊ စိတ်နေသဘောထား ဘယ်အရာမှာမှ တထပ်တည်းကျ တူညီနိုင်ဖို့ရာ အင်မတန်မှ ခဲယဉ်းလှပါတယ်..။ ဒါကြောင့်လည်း ကျမတို့ ချစ်သူတွေဖြစ်လာကြပြီဆို စရိုက်မတူတဲ့ လူသား ၂ ဦးပေါင်းစည်းခြင်းအစဖြစ်တဲ့အတွက် တစ်ဦးနဲ့တစ်ဦး တထပ်တည်းကျဖို့ရန်အတွက်မှာ မလိုအပ်ပါဘူးလို့ ထရီဆာကတော့ ယူဆပါတယ်ရှင်…။
တထပ်တည်းကျဖို့ရာ မလိုအပ်ပေမယ့်လည်း နားလည်မှု ဆိုတဲ့ စည်းကလေးထားပြီး တစ်ဦးရဲ့ အားနည်းမှု၊ အားသာမှုကို ဘေးမကူညီ နားလည်မှုပေးရင်းနဲ့ ဖြတ်သန်းပြီး ချစ်သူ ၂ ဦးရဲ့ ချစ်ခရီးသက်တမ်းကို လျှောက် လှမ်းကြမယ်ဆိုရင် သာယာနွေးထွေးတဲ့ ဘ၀လေး ၁ ခုကို ပိုင်ဆိုင်ရမှာ မလွဲမသွေပါပဲရှင်…။
ဒီနေရာမှာ ရေရှည်တည်မြဲဖို့ရန်အတွက် နားလည်မှုတင်မကပဲ တစ်ဦးပေါ်တစ်ဦး သစ္စာစောင့်ထိန်းမှ သာလျှင်လည်း ခိုင်မြဲတဲ့ ဘ၀တစ်ခုကို ၂ ယောက်ပေါင်း တည်ထောင်နိုင်ကြမှာပါ…။
ဒီလိုမှမဟုတ်ဘဲ သံသယတွေများလာရင်၊ ချစ်လွန်းအားကြီးသွားရင် အတ္တမကင်းတဲ့ ချစ်ခြင်းတွေဖြစ် တည်လာမယ်ဆို ဒေါသတွေပါလာတတ်ကြပါတယ်..။ ချစ်သူ ဦးချစ်ကြပြီဆိုတာ နဲ့ ဘေးပတ်ဝန်းကျင်၊ သူငယ်ချင်း အသိုင်းအ၀န်း ဒါတွေဟာလည်း တနည်းနည်းနဲ့ ယှဉ်တွဲလာတတ်ကြပါတယ်။ “မင်းကောင်မလေးကတော့ကွာ ဘယ်လိုဖြစ်နေတာ” “မင်းကောင်မလေးကတော့ ဟိုနေ့က ဘယ်သူနဲ့ယှဉ်သွားတာ ဒို့တွေတော့ တွေ့ခဲ့တယ်ကွ” “နင့်လူကို ငါ ဘယ်နားမှာ ဘယ်သူနဲ့တွေ့ခဲ့တာ” ….. စသည်ဖြင့် အမျိုးမျိုးသော သတင်းတွေဟာ ချစ်သူ ၂ ဦးကြားမှာ ပဋိပက္ခဖြစ်စေတဲ့ အကြောင်းအချင်း အရာလေးတွေပါ။
ထရီဆာတို့ သမီးရည်းစားချစ်သူထားကြတယ်ဆိုတာ မိမိနဲ့ဘ၀တလျှောက်လုံး လက်တွဲသွားမယ့် သူကိုသာ ရွေးချယ်ကြတာပါ။ သမီးရည်းစားဘ၀မှာ ချစ်တဲ့စိတ်လေးကြောင့် မနာလိုဖြစ်တာ၊ ပတ်ဝန်းကျင် ဘေးစကားများကြောင့် အထင်အမြင်လွဲမှားပြီး ကတောက်ကဆဖြစ်ကြရတာ၊ စိတ်ဆိုးကြရတာ၊ ရန်ဖြစ်ကြရတာဟာ ပြဿနာတစ်ခုရယ်လို့ မဆိုနိုင်သေးသော်လည်း တကယ်တမ်း ချစ်သူ ၂ ဦးဘ၀ကနေ ဘ၀ ၁ ခု ထူထောင်တော့မယ်ဆိုရင်တော့ဖြင့် ဒါတွေဟာ ပြဿနာ တစ်ခုရယ်လို့ သတ်မှတ်လို့ရပါတယ်..။ သံသယဟာ နေရာတိုင်းအတွက် မကောင်းပါဘူး..။ သံသယကင်းလွန်းခြင်း ကလည်း မကောင်းသလို သံသယကြီးလွန်းခြင်းကလည်း မကောင်းပါဘူး …။ ထရီဆာတို့ဟာ လူသား များဖြစ်သည့်အတွက် မည်သူမျှ အမှားကင်းနိုင်ကြမှာ မဟုတ်ပါဘူး။ ဒီအတွက် ထရီဆာတို့ဟာ တစ်ဦးနဲ့တစ်ဦး နားလည်မှုပေးပြီး သစ္စာရှိရှိ နေထိုင်သွားကြတာဟာ ချစ်သူဘ၀တင် သာမက အိမ်ထောင်သည်ဘ၀မှာပါ ခိုင်မြဲတဲ့ တွဲလက်ပါပဲ။
“ချစ်တိုင်းလည်းမညား..ညားတိုင်းလည်းမချစ်” ဆိုသလိုပဲ ချစ်သူတိုင်းလည်း မညားတတ်ကြပါဘူး….။ ကံပါလို့ တွေ့ဆုံကြပေမယ့် ရှေးရေစက်မပါရင် အကြောင်းကံ မတိုက်ဆိုင်ရင် ကံကြမ္မာဟာ လွဲချော်တတ်ပါတယ်…။ တစ်ယောက်နဲ့တစ်ယောက် အချစ်စစ်နဲ့ပဲချစ်ချစ်၊ တစ်ယောက်တည်းကပဲ အချစ်စစ်နဲ့ပဲ ချစ်ချစ် ကံအကြောင်း မတိုက်ဆိုင်လို့ ကွေကွင်းသွားရတဲ့ ချစ်သူအတွေဟာ အနည်းနဲ့ အများ ဆိုသလိုတော့ ရှိကြတာပါပဲ..။ ယောက်ျားလေးဘက်ကပဲဖြစ်ဖြစ်၊ မိန်းကလေး ဘက်ကပဲဖြစ်ဖြစ် လမ်းခွဲသွားခဲ့ပြီဆိုရင် ကျန်ရစ်ခဲ့သူအတွက်ကတော့ ခံပြင်းတတ်ကြတာ ဓမ္မတာပါပဲရှင်…။
ဘယ်လိုအကြောင်းတရားကြောင့်ပဲဖြစ်ဖြစ် ကျန်ရစ်ခဲ့သူကော၊ စွန့်ခွာခဲ့သူပါ မိမိတို့ရဲ့ ဆုံးဖြတ်ချက်ကို တန်ဖိုးထားသင့်ပါတယ်..။ ကျန်ရစ်ခဲ့သူဘက်ကလည်း ဘယ်လောက်ပင် နာကျဉ်ခံစားနေရပါစေ ကိုယ့်ကိုယ်စွန့်ခွာကာထားခဲ့သူအပေါ်မှာ ပြန်လည်တမ်းတနေခြင်းမျိုး၊ မိမိရဲ့ နာကျဉ်ခဲ့တဲ့ စိတ်အစဉ်ကြောင့် ဂုဏ်သိက္ခာ ကျသွားစေမယ့် နည်းလမ်းမျိုးနဲ့ ကလဲ့စားချေခြင်းမျိုးများကို မပြုလုပ်မိစေပဲ မိမိရဲ့ ဝဋ်ကြွေး တစ်ခုအနေနဲ့ မှတ်ယူပြီး မှားခဲ့မိပါကလည်း မိမိမှားခဲ့တဲ့ အမှားကို အတုယူပြီး နောင် တစ်ကြိမ် ထပ်မမှားရလေအောင်၊ မိမိရဲ့ လက်ရှိဖြစ်တည်နေတဲ့ အနေအထားမှာတင် ရပ်တန့်မနေပဲ လွမ်းဆွေးမနေပဲ ရှေ့ဆက်လျှောက်ရမယ့် လမ်းကိုသာ ဆက်လျှောက်လှမ်းသွားသင့်ပါတယ်…။ လက်စားချေခြင်းဆိုတာ တန်ဖိုးမရှိတဲ့ လုပ်ရပ်တစ်ခုလို့ ထရီဆာ မှတ်ယူထားပါတယ်..။ ကိုယ့်ရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေကို တန်ဖိုးမဲ့လုပ်ရပ် ကလဲ့စာချေခြင်းမှာပဲ မကုန်ဆုံးစေချင်ပါဘူး..။ ကိုယ့်ကိုထားသွားခဲ့သူကို ဘယ်သူကမှ မေတ္တာမထားနိုင်ကြပါဘူး ..။ ထားသွားခဲ့သူရဲ့ လုပ်ရပ်အတိမ်အနက်ပေါ်မူတည်ပြီး နားကျဉ်းစိတ်ဆိုတာ ကျန်ရစ်ခဲ့သူတိုင်းမှာ ဖြစ်တည်စမြဲပါ..။ ဘယ်လိုနည်းပင်ဖြစ်စေပါမူ ဖြစ်ခဲ့ပြီး တာကို ဖြစ်ခဲ့တဲ့အတိုင်း ထားထားလိုက်ပြီး ရှေ့ဆက်ရမယ့် ကိုယ့်ရဲ့ဘ၀ခရီးလမ်းကိုသာ ဒီထက်ပိုမိုကောင်း မွန်စွာ ဖြတ်သန်းနေထိုင်သွားသင့်ပါတယ်..။ အချစ် ၁ ခုကြောင့် ဘ၀အပျက်ခံတဲ့ သူဟာ သတ္တိမရှိတဲ့ သူရဲဘော်ကြောင်တဲ့သူပါပဲ။ ထရီဆာတို့ ဘ၀မှာ လူရယ်ဖြစ်တည် ရှင်သန်လာတာ အချစ် ထက် အရေးကြီးတဲ့ အခြားအကြောင်းအချင်းအရာ တွေအများကြီးပါ…။
စိတ်နာကျဉ်းနေတဲ့အချိန်မှာ မုန်းတဲ့မျက်လုံးနဲ့ ကြည့်ရင်လည်း အမှန်တရားဆိုတာကို မမြင်နိုင်သလို…ချစ်နေတဲ့အချိန်မှာလည်း ချစ်တဲ့မျက်လုံးနဲ့ကြည့်ရင်လည်း အမှန်တရားကို မတွေ့မြင်နိုင်ပါဘူး….။
အမှန်တရားကို မမြင်နိုင်တဲ့ အနေအထားမှာ ဘယ်လိုဆုံးဖြတ်ချက်မျိုးကိုမှ သွေးပူပူနဲ့ မချမှတ်သင့်ပါဘူး…။ ဘယ်လိုအကြောင်းအရာပဲဖြစ်ဖြစ် သွေးအေးတဲ့အချိန်ကျမှသာ ရှေ့နောက် အဖြစ်အပျက်တွေကို ခေါင်းအေးအေးထားပြီး စဉ်းစားကာမှ သူ့အမှား၊ ကိုယ့်အမှားဆိုတာကို မြင်နိုင်မှာပါ…။
ချစ်သူ ၂ ဦး လမ်းခွဲခြင်းမှာ ချန်ရစ်ခဲ့သူနဲ့ ကျန်ရစ်ခဲ့သူ ပဲဖြစ်ပါတယ်…။ ကျန်ရစ်ခဲ့သူမှာသာ စိတ်နာကျဉ်ရတာမျိုး မဟုတ်ပါဘူး..။ ချစ်ရစ်ခဲ့သူတွေမှာလည်း အကြောင်းအကြောင်းကြောင့် စိတ်နာကျဉ်ရတာမျိုး ရှိပါတယ်။ အခြေအနေ၊ အနေအထား တခုခုကြောင့် ဆုံးဖြတ်ချက်ချရတော့မယ်ဆို ချန်ရစ်ခဲ့သူတွေဟာ သူတို့ကိုယ်သူတို့ အနာခံပြီး ဆုံးဖြတ်ချက် ၁ ခုကို ပြတ်ပြတ်သားသား ချမှတ်ပြီး သူတို့ရဲ့ ဘ၀အတိုင်းအတာ ၁ ခုထိကို နာနာကျဉ်ကျဉ်နဲ့ ဖြတ်သန်းကြရပါတယ်..။ တချို့ကျလည်း ကိုယ့်ဆုံးဖြတ် ချက်ကို ကိုယ်တာဝန် ယူပြီး ရှေ့ဆက်ရမယ့်ဘ၀ကို ဖြောင့်ဖြောင့်တန်းတန်း လျှောက် လှမ်းနိုင်ပေမယ့်လည်း တချို့မှာမူ ဒီလိုမျိုး မဟုတ်ကြပါဘူး…။ မိမိရဲ့ ဆုံးဖြတ်ချက်အပေါ် နောင်တအကြီးအကျယ်ရပြီး မရူနိုင်မရှိုက်နဲ့ တလွမ်းလွမ်း၊ တဆွေဆွေး၊ တသသနဲ့ အတိတ်ရဲ့ အချိန်တွေမှာပဲ မျောလွင့်နေပြီး ရှေ့ဘ၀ခရီးမှာ ကျရှုံးသွားကြသူတွေလည်း ရှိကြတာပါပဲ…။
ဒီလိုပဲ ချန်ရစ်ခဲ့သူများကလည်း မိမိဘယ်လိုအနေအထား၊ စိတ်သဘောထားမျိုးနဲ့ ဆုံးဖြတ်ချက်ကြောင့် ထားရစ်ခဲ့ကြသည်ဖြစ်စေ ကိုယ့်ရဲ့ဆုံးဖြတ်ချက်ကို ကိုယ်တိုင် တာဝန်ယူပြီး ရှေ့ဆက်ရမယ့် လမ်းတွေ ကို နောင်တမရှိဘဲ ဆက်လက်လျှောက်လှမ်းသွားသင့်ပါတယ်။
ချစ်သူ ၂ ဦး ချစ်ကြပြီဆို တစ်ဦးအပေါ်တစ်ဦး နားလည်ဖေးမ၊ သစ္စာထားပြီး ဟန်ချက်ညီညီလျှောက်လှမ်း မှသာလျှင် ရေရှည်ခိုင်မြဲတဲ့ ဘ၀ ၁ ခုကို တည်ထောင်နိုင်ကြမှာဖြစ်သလို … လမ်းခွဲပြီးတဲ့နောက် ကိုယ်စီ ကိုယ်စီ ဘ၀လမ်းကို လျှောက်လှမ်းကြပြီဆိုရင်လည်း တစ်ဦးကိုတစ်ဦး နားကျဉ်း၊ ဒေါသ၊ လွမ်းဆွေးမှုတွေမှာပဲ အချိန်အကုန်မခံပဲ ကိုယ့်ရဲ့ရှေ့ဆက် လျှောက်လှမ်းရမယ့်ဘ၀ကို နောင်တကင်းကင်းနဲ့ လျှောက်လှမ်းနိုင်ကြပါစေလို့ ဆန္ဒပြုရင်း…….
မေတ္တာဖြင့်
ထရီဆာ (Teresa) (1း57 PM)
http://teresalittleworld.blogspot.com/
http://teresalittleworld.blogspot.com/
Comment #2
universal truth.
super like.

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
အမရေ…..ဆန္ဒပြုသွားတဲ့..အချက်လေးကို..လေးစားပြီးတော့…
တစ်ပုဒ်လုံးကို..အားပေးသွားပါတယ်…
လေးစားအားကျလျက်….