ကံကြမ္မာ စေရာ စေတနာ အမှား
တိတ်ဆိတ်နေတဲ့ ကိုလံဘို နံနက်ခင်းကို ဖြိုခွင်းလာတဲ့ ကျေးငှက်တွေနှင့် ပတ်ဝန်းကျင် လူတွေကလည်း လှုပ်ရှား အသက်ဝင် နိုးကြား သံစဉ်များ တရွေ့ရွေ့ ဖြန့်လွင့်လာပါတော့သည်။
ထို့အပြင် ကိုလံဘိုမြို့က မကုဋာရာမကျောင်းတိုက်မှာလည်း ကျေးငှက်သံစဉ်များနှင့် ဓမ္မသံစဉ်များကလည်း ချိုမြိန်စွာဖြင့် စီးဆင်းနေပါတော့သည်။ စက္ကန့်လေးများ အနည်းငယ် ကုန်ဆုံးသွားသောအခါ စာရေးသူသည် မကုဋာရာမကျောင်းတိုက်ကြီးရဲ့ ဒေါင့် တနေရာက ကော်ဖီ စားပွဲလေးမှာ ထိုင်ရင်း မော်ဒန် မကုဋ ကော်ဖီ တစ်ခွက်ကို မော့သောက်လိုက်ပါတယ်။ ပြီးတော့ စာရေးသူရဲ့ စက္ခူနှစ်ကွင်း မှန်ပြောင်က စိမ်းလန်း စိုပြေသော မလှမ်းမကမ်းက သစ်ပင်ကို ငေးကြည့်နေမိပါတယ်။ အဲဒီအချိန် စာရေးသူ အတွေးအိမ်အတွင်း အမှတ်တမဲ့ ခိုးဝင်လာတဲ့ အတွေးတစိတ်ကို ဖမ်းဆုတ်မိပါတယ်။ ဒါနဲ့ စာရေးသူလည်း စာပေဥယျာဉ်ထဲက ကလောင်သွား တစ်ချောင်းကို ကောက်ကိုင်ကာ မြေပြင် စာမျက်နှာ တစ်ရွက်ပေါ် ကုတ်ခြစ် ရေးသားမိပါတယ်။
အချိန်တိုင်း အရိပ်လို လိုက်နေတဲ့ ဘဝပုံရိပ်သည် နေရောင်ခြည် မရှိသော်လည်း ချဉ်းကပ်နေမြဲပင် ဖြစ်သည်။ လူတွေဟာ ဘာမှ မမျှော်လင့်ဘူးဆိုပေမဲ့ ကိုယ်ချင်တဲ့ ဘဝပုံကို ရေးဆွဲနေတာ နေတိုင်းပင် ဖြစ်သည်။ သို့သော် လူ့ဘဝ အခိုက်တန့် နေရာတဲ့အချိန် ကိုယ်က အကောင်းဆုံး ဆောင်ရွက်ပေးလိုက်တဲ့ အလုပ်တစ်ခုက တစ်ပါးသူအတွက် မမျှော်လင့်ပဲ စေတနာ အမှား ဖြစ်တတ်ပါတယ်။ ဒါကြောင့်လည်း စေတနာသည် ထိုက်တန်သူအတွက် မွန်မြတ်ပါတယ်။ စေတနာ မထိုက်တန်သူအတွက်တော့ ဝန်ထုပ် ဝန်ပိုးကြီး ဖြစ်သွားပါတယ်။
လူသားတိုင်းဟာ စေတနာ အမှား ခဲဖျက်ရာကို ဘက်ကို စေတနာ အမှန်လို့ ယူဆတတ်ပါတယ်။ တစ်ခါတရံတော့ မှန်ပါလိမ့်မယ်။ သိုသော် တကယ်တမ်း စေတနာအမှား အမှန်ဆိုတာ ကိုယ့် ရပ်တည်မှု ကိုယ့် အခြေနေ ကိုယ့် ဝန်းကျင် လည်ပတ်မှုကို ကြည့်ပြီ ဆုံးဖြတ်ကြတာ များပါတယ်။ အဲဒီလို ဆုံးဖြတ်ချက်ချပြီး အလွယ်လုပ်လိုက်တာမျိုးက စေတနာ ဝန်ထုပ်ကြီး တစ်ခု ဖြစ်လာပါတယ်။ ဒါနဲ့ ပတ်သက်ပြီး မကြာသေးခင်က ကိုယ်တိုင် သိခဲ့ရတဲ့ အတွေ့အကြံ တစ်ခု တင်ပြချင်ပါတယ်။
သမာဓိခုံပေါ်မှာ သဘောထား မပြိုခင်တော့ စေတနာဟာ ယောင်္ကျားဆန်ပါတယ်…..
ညနေစောင်း နေရောင်ခြည် မငုတ်လျှိုသေးခင် လုပ်ငန်းပြီးလို့ ကိုယ်ဆီ လှုပ်လှုပ် ရှားရှား ရှုပ်ထွေးစွာ ပြေးလွားနေတဲ့ လူတွေထဲ သူငယ်ချင်း တစ်ယောက် အပါအဝင် သက်ဝင် လှုပ်ရှားလို့ အလုပ်တွေ ရှုပ်နေပါသည်။ သူ့ လက်ထဲက ဟန်ဖုန်းလေးကလည်း မအားနိုင်အောင် ဟိုက ဖုန်းလာလိုက် ဒီက ဖုန်းလာလိုက်နဲ့ မနားရအောင် စကားပြောနေရပါသည်။
ဘေးနားက ထိုင်နေတဲ့ ကျွန်တော်က ကောက်ခါငင်ကာ လှမ်းမေးလိုက်ပါသည်။
ဟေ….. သူငယ်ချင်း ဘာတွေ ဒီလောက်တောင် အလုပ်များနေတာလဲ ဆိုတော့ သူငယ်ချင်းက ဒီည ဧည့်သည်တော် တစ်ယောက်လာမယ်။ သူ့ကို ကြိုဖို့ ပြင်ဆင်ရင်း အလုပ်ရှုပ်နေတာပါ။
အော်…. မသိပါဘူးကွာ… နေတိုင်း မင်းက အလုပ်တွေ ရှုပ်နေတဲ့ သူ ဆိုတော့ ဘာတွေ လျှောက်လုပ်နေတာလည်းလို့ မေးတာပါလို့ ပြန်ပြောလိုက်ပါတယ်။ သူငယ်ချင်းဖြစ်သူကလည်း ပြုံးစိစိနှင့် လှမ်းကြည့်ပြီး သူ လုပ်စရာရှိတာ ဆက်လက် လုပ်ကိုင်နေပါတော့သည်။
နောက်ပိုင်းတော့… သူငယ်ချင်းဖြစ်သူမှာ ပြင်ဆင်စရာ ပြင်ဆင်ပြီး၍ ခေတ္တခဏ နားလိုက်ပါသည်။ ဟူး…. အပြောလွယ်သလောက် အလုပ် ခက်ခဲလိုက်တာပါလား… မလွယ်ဘူး သူငယ်ချင်းရေ လို့ ကျွန်တော်ကို လှမ်းပြောလိုက်ပါသည်။ ကျွန်တော်က… မင်းကလည်း ဘာမှ မလုပ်ရသေးဘူး ညည်းလိုက်တာပါလား…
သူငယ်ချင်းက … မင်းကလည်း … တကယ် မလွယ်လို့ ညည်းတာပါ… လွယ်တယ်ဆိုရင် ဘယ် ညည်းမလဲ…
အေးပါကွာ…. မင်း ညည်းတာ ညည်းပါ… မင်း… ညည်းလို့ ဝရင် ဘာလုပ် စရာရှိသေးလဲ လို့ ကျွန်တော်က မေးလိုက်ပါတယ်။
သူငယ်ချင်းက… ညကျရင် ငါတို့ ဧည့်သည် သွားကြိုကြမယ်လေ…လို့ ပြောပြီး ထိုင်ရာမှ ထသွားပါတော့သည်။
မှောင်ရီပျိုးလာတဲ့ ညအမှောင်ထဲ လျှပ်စစ်မီးကို ဖွင့်လို့ ပတ်ဝန်းကျင် အခန်းတစ်ခုလုံး အလင်းရောင် လွှမ်းမိုးနေပါတယ်။ အခန်းတွင်း ထိုင်နေတဲ့ ကျွန်တော်က လှမ်းဝင်လာတဲ့ သူငယ်ချင်းကို ကောက်ခါငင်ကာဖြင့် ဟေ… သူငယ်ချင်း မင်း… လေယာဉ်ကွင်း သွားရမယ် မဟုတ်လား… မသွားသေးဘူးလား လို့ မေးလိုက်ပါတော့..
သူငယ်ချင်းက… အစောကြီး ရှိသေးတယ် ကားတောင် မလာသေးဘူး… လို့ ပြောလို့ မဆုံးခင်မှာ ပင် ကားတစ်စီး ဆိုက်လာသည်ကို သိလိုက်ရသည်။
ပြီတော့ အပြေးအလွှား လိုအပ်သည့် ပစ္စည်းများ သယ်ဆောင်ကာ ကားဆိုက်ရာဆီသို့ ရောက်လာခဲ့သည်။ အခန်းထဲမှာ ငုတ်တုတ် ကျန်နေသော ကျွန်တော်က သူငယ်ချင်း လှုပ်ရှား လုပ်ကိုင်နေပုံကို ကြည့်ပြီး သက်ပြင်းချမိပါတယ်။ သက်ပြင်းချလို့ မဆုံးခင်… သူငယ်ချင်းက…. ဟေ… မင်း မလိုက်ဘူးလား…မေးနေပါသည်။ ကျွန်တော်က မလိုက်တော့ဘူး… သူငယ်ချင်းရေ…. မင်းရဲ့… အခြား သူငယ်ချင်းတွေနဲ့ ပြည့်နေပြီး မဟုတ်လို့ ပြန်မေးလိုက်တော့…
အေး … ဟိုဘက်မှာ စောင့်နေတဲ့ သူငယ်ချင်းတွေ ရှိသေးတယ်… သူတို့လည်း လိုက်ကြမယ်လေ… ဖြေလိုက်ပါသည်။
အဲဒါနဲ့ ကျွန်တော်လည်း လိုက်မသွားတော့ပဲ နေလိုက်ပါသည်။ ထိုညတွင် တဖြေးဖြေး ခုနှစ်စင်ကြယ်များ အမြီးထောင်လာသည့်အခါ သူငယ်ချင်းကိုလည်း စောင့်မနေတော့ပဲ ကျွန်တော် အိပ်စက်လိုက်သည်။
နောက်တနေ့ နံနက်ခင်းရောက်လာသောအခါ သူငယ်ချင်းဆီကို သွားပြီး ညက ရောက်လာသည့် ဧည့်သည် အကြောင်းလေး မေးလိုက်တော့ ဟေ… သူငယ်ချင်း မင်း… ညက ကြိုလာတဲ့ ဧည့်သည် အဆင်ပြေလား… သူက ကျွန်တော်ကို ပြန်ဖြေပါတယ်… ပြေတယ်… သူတို့ အဆောင်မှာ ထားခဲ့တယ် လို့ သူငယ်ချင်း စကားစပ် ပြန်ပြောလိုက်ပါတယ်။ ကျွန်တော်ကလည်း… ကောင်းတယ်… ကောင်းတယ်… သူငယ်ချင်းရေ… မင်း… စီစဉ်တာတွေ ကောင်းပါတယ် လို့ ပြောလိုက်ပါသည်။
ရုတ်တရပ် ခါးတစ်ဖက်မှာ ချိတ်ထားတဲ့ သူငယ်ချင်းရဲ့ ဖုန်းကလေးမှာ ကျွန်တော်တို့ ပြောနေတဲ့ စကားတွေကို ထိုးခွင်းလို့ အသံတစ်ခု ထွက်ပေါ်လာသည်။ ကျွန်တော်လည်း အလိုက်သိသိဖြင့် ပြောနေသော စကားလေးကို ရပ်တန့်လိုက်ပြီး သူငယ်ချင်းက ဖုန်းကို ကောက်ကိုင်ခါ စကားပြောနေပါသည်။
……………………………………………………………………………………………..
………………………………………………………………………………
………………………………………………………………………………………………
ပထမပိုင်း
.. ..
. .
. . . .
တက္ကသိုလ်မြတ်မင်း