နားခိုရာ
စိတ္တဇဝေဒနာရှင်များကို ထားတဲ့ အဆောက်အအုံရဲ့ ပန်းခြံထဲမှာ ကျွန်တော် လှည့်ပတ်လျှောက်ကြည့်နေတုန်း ဖီလော်ဆိုဖီ စာအုပ်တအုပ်ကို ဖတ်နေတဲ့ လူငယ်တယောက်ကို တွေ့လိုက်ရတယ်။ သူ့ရဲ့အမူအရာက ကျန်းမာရေးကောင်းနေတဲ့ ပုံစံပါပဲ။ သူက ဘ၀တူတခြားအဖော်တွေနဲ့ မတူဘဲ ကွဲပြားနေတယ်။ ကျွန်တော်သူ့ဘေးမှာ ၀င်ထိုင်ရင်း မေးလိုက်တယ်။
ခင်ဗျား…ဒီမှာ ဘာလုပ်နေတာလဲ
သူက ကျွန်တော့်ကို အံ့သြသလို မော့ကြည့်တယ်။ ကျွန်တော်ဟာ ဆရာဝန်တဦးဖြစ်မှန်း သေချာသွားတော့ ခုလို ပြန်ဖြေတယ်။
ဖြစ်ပုံက ရိုးရိုးလေးပါပဲ။ ကျွန်တော့်အဖေက အင်မတန်တော်တဲ့ ရှေ့နေတယောက်ပါ။ သူက ကျွန်တော့်ကို သူ့လို ဖြစ်စေချင်တယ်။ ကျွန်တော့်ဦးလေးကတော့ ကြီးမားတဲ့ ကုန်ပဒေသာတိုက်ကြီးတခု ပိုင်ရှင်ပါ။ သူကလဲ ကျွန်တော် သူ့ကို အတုယူစေချင်တယ်။ ကျွန်တော့်အမေကတော့ ကျွန်တော့်ကို သူ အင်မတန်ချစ်တဲ့ သူ့အဖေနဲ့တူသူ ဖြစ်စေချင်တယ်။ ကျွန်တော့အမကတော့ အောင်မြင်နေတဲ့ သူ့ယောက်ျားကို နမူနာယူဖို့ အမြဲပြောတယ်။ ကျွန်တော့်အကိုကတော့ သူ့လို အားကစားသမားတယောက်ရဲ့ အဂါင်္ရပ်နဲ့ ပြည့်စုံအောင် လေ့ကျင့်ပေးတယ်။ ကျောင်းရောက်တော့လဲ အဲ့သလိုအဖြစ်မျိုး ကြုံရပြန်ရော။ စန္ဒရားအတီးသင်တဲ့ဆရာ၊ အင်္ဂလိပ်ဆရာ သူတို့တွေကလဲ သူတို့ကို အားကျပြီး ကျွန်တော့်ကို သူတို့နောက်လိုက် ဖြစ်စေချင်တယ်။ သူတို့အားလုံးဟာ ကျွန်တော့်ကို လူတယောက်အဖြစ် မကြည့်ကြဘူး။ မှန်တချက်လိုပဲ ကြည့်ကြတယ်။ ဒီလိုနဲ့ ဒီနေရာကို ခိုလှုံဖို့ ကျွန်တော် ဆုံးဖြတ်လိုက်တာပဲ။ နောက်ဆုံးတော့ ကျွန်တော်ဟာ ကျွန်တော့်ကိုယ်ကျွန်တော် ရှာဖေတွေ့ရှိသွားပါတယ်။
သစ္စာနီ ( ပေါ်လိုကိုဟိုး၏ ဒဿနစာစုများ )
Stories for Parents, Children and Grandchildren by Paulo Coelho