သတိရစရာနှင့် ဆား
မနက်ရှစ်နာရီလောက် မဒရပ်မြို့ကို ကျွန်တော် ရောက်သွားတယ်။ ဒီမြို့မှာ နာရီအနည်းငယ်လောက်ပဲ နေဖြစ်မှာဆိုတော့ အဲ့ဒီမြို့မှာရှိတဲ့ မိတ်ဆွေတွေကိုလည်း တယ်လီဖုန်းဆက်ပြီး ချိန်းတွေ့မနေတော့ပါဘူး။ ကျွန်တော်စွဲလမ်းနှစ်ခြိုက်တဲ့ နေရာလေးတွေကို တကိုယ်တည်းလျှောက်ကြည့်ဖို့ပဲ ဆုံးဖြတ်လိုက်တယ်။ ရီတိုင်ယိုပန်းခြံထဲက ခုံတန်းလျားတခုမှာ ထိုင်ပြီး စီးကရက်သောက်နေတုန်း လူအိုကြီးတယောက်က အနားမှာ လာထိုင်ပြီး မေးတယ်။
အဝေးကြီးက လာကြည့်တာလား တဲ့။ ကျွန်တော်က
မဟုတ်ပါဘူး။ အရင်ကလည်း ရောက်ဖူးပါတယ်။ဒီခုံတန်းလျားလေးမှာပဲ ကျွန်တော့် မိတ်ဆွေပန်းချီဆရာရန်ချယ်နဲ့ အတူထိုင်ဖူးတယ်။ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ် ၁၉၈၆ ခုနှစ်လောက်ကပေါ့။ ကျွန်တော်တို့ နှစ်ယောက်လုံးဟာ ကျွန်တော့်မိန်းမ ခရစ္စတီးနားကို စောင့်ကြည့်နေကြတာ။ သူသောက်တာ နည်းနည်းလွန်သွားတယ်။ သူက Flamenco အက ကြိုးစားကနေတာ
အဘိုးကြီးက
အင်း … ပျော်စရာကောင်းတဲ့ အမှတ်ရစရာတွေပါပဲ။ ဒါပေမဲ့ အမှတ်ရစရာတွေကို မမေ့နိုင်ဘူးဆိုတာ ဆားနဲ့တူတယ်။ ကိုယ်စားမယ့် အစာဟာ အရသာရှိအောင် ထည့်ရမယ့် ဆားရဲ့အတိုင်းအဆအမှန်ကို သိဖို့လိုတယ်။ များသွားရင် ပျက်စီးရော။ တကယ်လို့ မင်းဟာ အတိတ်မှာပဲ အမြဲနေထိုင်နေမယ်ဆိုရင် ပစ္စုပ္ပန်မှာရှိတဲ့ အမှန်ရစရာကိစ္စတွေကို မင်း ဘယ်တော့မှ ရှာတွေ့တော့မှာ မဟုတ်ဘူး…