ကျွန်တော်သိခဲ့ရာလေး..။
ကျွန်တော် ရှင်သန်လာတဲ့ သက်တန်းတစ်လျှောက် ရှာဖွေရင်းနဲ့ တွေ့လာခဲ့တဲ့ ဖလော်လေး တစ်ခုပါ…။
ကျွန်တော်က စာပေကို ၈ နှစ်သားလောက်ကတည်းက ခုံမင်ခဲ့တယ်..။ တစ်နေ့ တစ်နေ့ စာ မဖတ်ရရင် အိပ်မပျော်ခဲ့ဘူး..။
ငယ်စဉ်ကလေးဘ၀ကလည်း ဘ၀ပေး အခြေအနေကြောင့် ကျွန်တော် နေခဲ့ရတဲ့ဘ၀က တစ်ယောက်တည်းပါပဲ..။ အကိုက ကိုယ်နဲ့ အသက် ၉ နှစ်လောက် ကွာတယ်လေ..။ ဒီတော့ အရွယ်နဲ့ အတွေး အခေါ် မတူတဲ့ အကိုနဲ့လဲ ကစားဖော်မရ..။ အဖေက ကိုယ်နဲ့ သူငယ်ချင်းလို့ နေပြီး ဆော့ပေးပေမယ့်လည်း
သူ တပ်က ဂျူတီ အားရက်မှ ကိုယ်နဲ့ နေပေးနိုင်တယ်..။ အမေ ကြပြန်တော့လည်း ဆေးတက္ကသိုလ် ရုံးစတပ်ဖ် ကမို့ မအားတာ ခပ်များများ ….။
ဒီတော့ ကျွန်တော် မနက် ၆ နာရီဆို ကျောင်းသွား..နေ့လည် ၁၂ နာရီ အိမ်ရောက်ပြီးတာနဲ့တစ်ယောက်ထဲ အချိန်တွေကို စာအုပ်ဆိုင်က စာတွေနဲ့ပဲ ဖြတ်သန်းခဲ့ရတယ်..။
အစတုန်းကတော့ ကာတွန်း..နောက်တော့ ၀တ္တု..မဂ္ဂဇင်း…အပျော်ဖတ်ရော ဗဟုသုတရော စုံထောက်ဇတ်လမ်း သိုင်းဝတ္တုပါ မကျန်စာဆိုအကုန်ဖတ်လာခဲ့တယ်..။
ဒါပေမယ့် ကျွန်တော် အဲ့တုန်းက စာဖတ်ရခြင်း ရည်ရွယ်ချက်ကို ဂဃနဏ မသိခဲ့တာတော့ ၀န်ခံပါတယ်..။ စိတ်အပျင်းဖြေဖို့ တစ်ယောက်တည်း အထီးကျန်အချိန်တွေ ကုန်မြန်ဖို့ ဒီလောက်ပါပဲ..။
ဒီလိုနဲ့ စာဖတ်သက်တွေလဲ ရင့်လာ… စာတွေလဲ စုံလာ..လူကလဲ အတွေးအခေါ်လေးနဲ့ စကားပြောချင်စိတ် ရှိလာတဲ့ အခါလဲ ကြရော…
ကျွန်တော် ရှာဖွေခြင်းကို အခြေပြုပြီး ကျွန်တော် သိချင်တာတွေကို နေရာအနှံ့အပြားမှာ ရှာဖွေတတ်လာပါတယ်….။ လူတွေဆီမှာ…. အဖြစ်အပျက်တွေဆီမှာ.. လောက ဆီမှာ…သဘာဝ တရား ဆီမှာ…။ သိပ်သိချင်ခဲ့တယ်..။
ဘာကို သိချင်တာလဲ ဆိုတာတော့ မူသေ မရှိခဲ့ဘူး…။ လတ်တလော ကိုယ်စိတ်မှာ သိချင်တာ..ကိုယ့်စိတ်မှာ ပေါ်လာတာလေး တွေ အတွက်ရှာဖွေခဲ့တယ်..။
ဒီလို ရှာဖွေတော့ ကျွန်တော် တွေ့လာတယ်.. သိလာတယ်…။ သိလာတော့ကျွန်တော် မှတ်သားတယ်… စိတ်စာအုပ်မှာ မူသေ သီအိုရီ အဖြစ်နဲ့ စွဲကိုင် မှတ်သား တိုင်းတာတယ်…။
နောက် ကိုယ့်လောက်မှ မသိတဲ့ လူတွေရှေ့မှာ ရင်ကော့ပြီး ရဲရဲဝံ့ဝံ့ ရွတ်ဆိုတယ်..။မာန်မာန အပြည်နဲ့ ငါသာသိ ငါသာတတ် လုပ်တယ်…။
ဒါပေမယ့် တကယ်အမှန်ကိုတော့ အဲ့အချိန်က ကျွန်တော် မသိရှာဘူး..။
အဲ့တုန်းက ကျွန်တော့် အဖြစ်က ခုနေခါ ပြန်စဉ်းစားရင် တကယ် အသိသေးသေးလေးနဲ့ ရူးနေတဲ့ အရူးကလေး တစ်ယောက်လိုပါပဲံ…။
ဟုတ်တယ်ဗျ..တကယ်တော့ လောကမှာ ကျွန်တော် တို့ လူလာဖြစ်ကြတာ..။
လုပ်စရာ ကိစ္စတွေ အများကြီး ရှိတယ်…။ လူဆိုတဲ့ အဓိပ္ပါယ်ကို နက်နက်နဲနဲ နားလည်ပြီး ဖွင့်ဆို ပုံဖော် အသက်ရှင်တတ်ဖို့လိုတယ်…။
အရင်ဆုံး ကိုယ့်ကိုကိုယ် အဆင့်ဆင့် မေးသင့်တယ်…
(၁).. ငါဟာ ထမင်းစားဖို့ အသက်ရှင်နေတာလား….
(၂)..အသက်ရှင်ဖို့ အတွက် ထမင်းစားနေတာလား ဆိုတာကို အရင်မေး….
ပြီးမှ ထမင်းစားဖို့ အသက်ရှင်နေတယ် ဆိုလဲ ထမင်းကောင်းကောင်းစားဖို့ မငတ်ဖို့
ရှာဖွေရင်း လူသက်တန်းရှိသလောက်နေပြီး စားသွားကြပေါ့လေ….
ဒါမှမဟုတ် ငါဟာ အသက်ရှင်ဖို့ အတွက် ထမင်းစားတယ်ဆိုရင် ကိုယ်ဟာ ဘာကြောင့် အသက်ရှင်ချင်တာလဲ ဆိုတာ သေချာ စဉ်းစားသင့်တယ်…။
ကိုယ့် အသက်ရှင်ခြင်းးဟာ လူ့ အသက်ရှင်ခြင်းနဲ့ ညီရဲ့လား…ကိုယ့်အသက်ရှင်ချင်ဟာ အတ္တကြိုးစွဲရာ ပါတဲ့ အသက်ရှင်ခြင်းလား..
ကိုယ့် အသက်ရှင်ခြင်းဟာ ကိုယ်ထင်ရာ ကိုယ်လုပ်ဖို့ အတွက်လား..
မဟုတ်ဘူးဗျ..
အဲ့ဒါတွေ တစ်ခုမှ မဟုတ်ဘူးဆိုတာ ကျွန်တော် ခု အချိန် မှာမှ ကျွန်တော် သိလိုက်ရတယ်..။
နောက်ကျနေတောင်နေပလား မသိပါဘူး…။
လူတစ်ယောက် အသက်ရှင်တယ်….။ အဓိပ္ပါယ်ပြည်ဝသော လူတစ်ယောက် ဖြစ်ချင်တယ် ဆိုရင် ကျွန်တော်တို့ တွေ ပေးဆပ်ရမယ်… တကယ်တော့ ပေးတာဟာ ယူတာပဲ…။
လူစစ်လူမှန် ဖြစ်ဖို့ အရင်ဆုံး ဘယ်သူ့ကို ပေးဆပ်ရမလဲ ကိုယ့်ကိုကိုယ် ကောင်းမွန်တဲ့ ဘ၀ပိုင်ရှင်ဖြစ်ဖို့ ပေးဆပ်ရမယ်…ပြီးရင် ကိုယ့်မိသားစု အသိုင်းအ၀ိုင်းဆွေမျိုး ပြီးတော့မှ ကိုယ့်ရပ် ကိုယ့်ရွာ…. ပြီးမှ ကိုယ့်တိုင်းပြည် ကိုယ့်လူမျီုး..နောက်ထပ်ပြီးတော့မှာ ကိုယ့်ဘာသာ ကိုယ့်သာသနာ ….အဆုံးတော့ ကိုယ်နေထိုင်ရာ ကမ္ဘာမြေကြီး …
ဒီလို အဆင့်ဆင့် လူတစ်ယောက်ပီသဖို့အတွက် ကြိုးစားရှင်သန်သင့်တယ်..။ဒီလိုမှ မဟုတ် ကိုယ့်ဘ၀တောင်… ကိုယ့်မိသားစု အသိုင်းအ၀ိုင်းတောင် ကောင်းအောင် မလုပ်နိုင်သေးပဲ ကျွန်တော်တို့က အများကောင်းကျိုး… ဘာသာ ကောင်းကျိုး နိုင်ငံ့ကောင်းကျီုး လုပ်မယ်ဆို.. လုပ်နေတယ်ဆို….ဘယ်လိုမှ ကြည့်ကောင်းတဲ့
လူတစ်ယောက်ရဲ့ သွင်ပြင် မဖြစ်နိုင်ဘူး…။ ကိုယ့်ကို မြင်ကြတဲ့ ပညာရှိသူတော်ကောင်းတွေကလဲ လက်ခံကြမှာ မဟုတ်ဘူး…။
ဒီလိုပဲ ကိုယ့်ရင်ဘတ်ထဲမှာ ဘာဟာ ဘာလို့ အစွဲထား ကန့်သတ်နေပြန်ရင်လည်း ဘယ်လိုမှ ကိုယ်ဟာ လူတစ်ယောက် လူစစ်လူမှန် တစ်ယောက် ဘ၀ရမှာ မဟုတ်ဘူး..။
ဘာလို့ဆိုတော့ စဉ်းစားကြည့်လေ လ္ဘက်ရည် ထဲ့ထားတဲ့ ခွက်တစ်ခုကို ကျွန်တော်တို့ ရေထဲ့ဖို့ ဖြစ်မလား…နွားနို့ပြည့်နေတဲ့ ခွက်ကို လိမ္မောရည်ဖြည့်လို့ရမလား…။
ဒါကြောင့် ကျွန်တော်တို့တွေ တကယ်လူတွေ ဖြစ်ချင်ရင် ကျွန်တော်ကတော့ ဒီကနေ ကိုယ်သိသလောက်လေး ပြောပြချင်ပါတယ်…. လူတစ်ယောက်ဖြစ်ချင်ရင် ကိုယ့်ရင်ဘတ်ကြီးကို ဗလာကြီးထားထားပါ…ဘာလာလာထဲ့နိုင်အောင်ပေါ့…။ ထဲ့ပြီးသားတွေကိုလဲ ရင်ဘတ်ထဲမှာ.. ဦးနှောက် အသိတရားကြီးထဲမှာ အကြာကြီးသိမ်းမထားပါနဲ့..။
ဘာလို့ဆိုတော့ လောကမှာ
မသိမှုက သိမှုကို နှောက်ယှက်တယ်….။
သိမှုက ကိုယ့်ကို နှောက်ယှက်တတ်လို့ပါပဲ….နှောက်ယှက်တယ် ဆိုတာထက်
ကိုယ်ဘ၀ကို ဖျက်လောက်တဲ့ အထိတောင် သူက စွမ်းဆောင်နိုင်ပါတယ်..။
နောက်ဆုံးပြောရရင်
လောကမှာ ဘယ်သီအိုရီမှ မူသေဆိုတာ မရှိပါ…။
ကကြီး။ (31.7.2014)