ငါ့အပြစ်များလား..
ငါ့အပြစ်များလား
အရင်တုန်းက ဘယ်လိုပဲဖြစ်ခဲ့ဖြစ်ခဲ့..
မင်းကို ကိုယ်သတိမထားခဲ့မိတာအမှန်ပါပဲ..
ဘယ်လိုပဲဖြစ်ဖြစ်တဖြည်းဖြည်းနဲ့ဝေးလာပြီဆိုတာသေချာနေတဲ့အချိန်မှာ..
ကိုယ့်ကိုကိုယ် ပိုပြီးသိလာတယ်…
မင်းကိုပိုပိုပြီးချစ်မိလာတယ်ဆိုပဲ.
ဒါပေမယ့်လဲ တဖြည်းဖြည်းသိလာတဲ့အချိန်မှာ တဖြည်းဖြည်းဝေးလာတဲ့ဒဏ်ကို မခံနိုင်တော့ဘူးလေ..
ရင်ထဲက ပိုပြီးဟာလာတယ်…
နှလုံးသားက ပိုပြီးဆာလောင်လာတယ်…
ဦးဏှောက်က ပိုပြီးလိုချင်လာတယ်..
ဒါပေမယ့်လဲ..
ကောင်းကင်တမွတ်ကြယ်ကိုဆွတ်တာက ပိုပြီးလွယ်လိမ့်မယ်လို့..
ဘာကြောင့်သိနေရတာလဲ…
အဆိုးဆုံးက ဒီအချိန်မှာ ကိုယ်တစ်ယောက်တည်းဖြစ်နေခဲ့တာပဲ..
သိပ်ပြီးဆိုးဝါးခဲ့ပါတယ်..
အစကတည်းကမှေ၀၀ါးနေတဲ့ နှင်းမှုန်တွေကို မဖယ်နိုင်ခဲ့တာ..
အခုအချိန်မှာတော့ သံကန်လန့်ကာ ချခဲ့ရပြီပေါ့…….
ဘယ်လိုပဲဖြစ်ဖြစ်ဆက်တော့ကြိုးစားချင်ပါရဲ့..
ဒါပေမယ့်လဲ …
ခုလိုအချိန်မှာ ဘာမှမဖြစ်သေးတော့လဲ ဘာမှမဖြစ်ချင်ဘူးလေ..
အဲဒါကပဲအမှားအယွင်းတစ်ခုပဲလား..
ဒီလောက်လေးပင်နေတဲ့ရင်ဘတ်ကြီးကို ဘယ်တုန်းကမှထမ်းမထားခဲ့ဘူး..
အပူရုပ်ကိုဟန်လုပ်တယ်ဆိုတာက …
တကယ်တမ်းပင်ပန်းတယ်ဆိုတာ မင်းမှသိပါလေစ ချစ်ရတဲ့သူ..
Comment #3
မနောက်ပါနဲ့မောင်ရင်။
Comment #9
လေးနေရင် မထမ်းနဲ့ပေါ့.ဟ
ခံစားချက်ကေ၀၀ါးဝါးပဲနော်……… မှီရာကားနဲ့လိုက်မှ အခုခေတ်က
Comment #1
ဘယ်သူ့ကို ချစ်နေတာလဲမောင်ရ၊
ဟိုက်စကူးက မောင်ရင့် ဟိုဟာလေးကိုလား။