အထင်ကြီးစေချင်လို့ပါဗျာ
ကျွန်တော်တို့ ဒီနေ့ခေတ်မှာ လူငယ်တွေအများစုဟာ နိုင်ငံရပ်ခြားမှာ
ကိုယ်စီတာဝန်တွေနဲ့ ဘ၀တာဝန်တွေ ထမ်းဆောင်ဖို့အတွက်
လှုပ်ရှားနေရတာတွေ များပါတယ် . . .
တိုင်းပြည်က ဆင်းရဲလို့ မြန်မာတွေ အနှိမ်ခံနေရပါတယ်ဆိုမှ
မြန်မာပြည်သူပြည်သားတွေကလည်း အတတ်နိုင်ဆုံး လူအထင်သေးမခံရအောင်
ကြိုးစားကြပါလို့ ပြောချင်ပါတယ် ခင်ဗျာ . . .
ကြည့်လိုက်ရင် မြန်မာလူလိမ်၊ မြန်မာတွေက စိတ်ဓါတ်မကောင်းဘူး၊ မြန်မာတွေက ဟိုဟာဖြစ်တယ် ဒီဟာဖြစ်တယ်နဲ့
မြန်မာခြင်း ထပ်နေတယ်၊ ဘာလို့လဲ မြန်မာတွေ မကောင်းကြောင်းကို မြန်မာတွေဘဲ ပြောနေကြလို့ပါဘဲ၊
တစ်ခြား လူမျိုးတွေကရော လူကောင်းတွေလားလို့ ကျွန်တော် မေးချင်တယ်၊ ကောင်းတဲ့သူတွေ ရှိသလို ဆိုးတဲ့သူတွေလည်း
ရှိတယ်လို့ ပြောလို့ရမလား ခင်ဗျာ၊ မြန်မာတွေထဲက ငမိုက်သားတစ်ချို့ကို ကျွန်တော်ပြောချင်တာက . . .
မိန်းကလေးဘဲ ဖြစ်ဖြစ် ယောက်ျားလေးဘဲ ဖြစ်ဖြစ် ဘယ်နိုင်ငံရောက်ရောက် မြန်မာဟာ မြန်မာပါဘဲ . . . လူ့အကျင့်စရိုက်တွေ
နေထိုင်မှုပုံစံတွေ ဘယ်လိုဘဲပြောင်းပြောင်း မြန်မာတစ်ယောက်က မြန်မာတစ်ယောက်ပါဘဲ . . . မြန်မာဆိုကတည်းက
ယဉ်ကျေးမှုထုံးစံတွေ ရှိပြီးသားပါ . . ခေတ်နောက်ပြန်ဆွဲရမယ်လို့ မဆိုလိုချင်ပါဘူး . . ကျွန်တော်လည်း လူငယ်ထဲက
လူငယ်တစ်ယောက်ပါဘဲ . . .ခေတ်နဲ့အညီ နေထိုင်လို့ရပါတယ် . . ဒါပေမယ့် ယဉ်ကျေးမှုလေးတွေကိုတော့ မထိခိုက်
စေခြင်းပါဘူး ခင်ဗျာ . . .
ကျွန်တော်အနေနဲ့ ပြောချင်တာက တိုင်းပြည်ကို ချစ်ပြီး လူမျိုးကို သစ္စာသိပါလို့ ပြောချင်ပါတယ် . . အတတ်နိုင်ဆုံးလည်း
မြန်မာတွေရဲ့ ကောင်းကွက်လေးကို ထုတ်ဖော်ပေးကြပါလို့ . . . ဆိုးကွက်တွေထုတ်ဖော်ရင်တော့ ကိုယ့်ပေါင်ကိုယ်လှန်
ထောင်းသလိုဘဲ ဖြစ်မှာမို့ပါ . .
ကျွန်တော်ယောက်ျားတစ်ယောက်အနေနဲ့ ပြောရရင် ဘယ်သူတွေ ဘယ်လောက်ဘဲ လှပါစေ၊ ဘယ်လောက်ဘဲ ချမ်းသာပါစေ
ကျွန်တော် လက်ထပ်မယ့် မိန်းကလေးကတော့ မြန်မာဆန်ပြီး ယဉ်ကျေးသိမ်မွေ့တဲ့သူဘဲ ဖြစ်စေချင်ပါတယ်၊ လှလို့ ကြည့်လိုက်
တာဘဲ ဖြစ်ချင်ဖြစ်မယ် . . . ရင်ထဲက တန်ဖိုးခြင်းက နှိုင်းယှဉ်လို့ မရဘူးဆိုတာကိုတော့ မြန်မာ မိန်းကလေးများကို သိစေချင်ပါတယ် ခင်ဗျာ . . .
(10-11-2010)
လိပ်ပြာ
Comment #4
so good,,
right,,
right,,
main kha lay so tar tan phoe shi ya de,,
phaw wit hma paw lwin me so yin dot nay par say dot,,
phaw wit hma khit hme de so yin dot khit nout hmar pe nay ke like dot me,,
khit ne a nyi yout kyar tway ne twe twar twe lar loak hma so yin dot nay par say dot,,
ta char ne lan tway ne pe khit shae pyay like dot me,,
Comment #1
“တိုင်းပြည်ကို ချစ်ပြီး လူမျိုးကို သစ္စာသိပါ”
in my opinion , new generation living in abroad dun understand this words…
they know action and reaction only…. currently they get benefits( reaction ) from stepmother land…
sigh !!!