ပိုက်ဆံ (ခ) money
ကျွန်တော် ဒီဆောင်းပါးလေးကို ရေးရင် ဝေဖန်ခံရမှာပါပဲ ဝေဖန်မယ့်သူက ဘယ်သူမှမဟုတ်ဘူး ကျွန်တော့်ရဲ့ အချစ်ဆုံးသူငယ်ချင်းပါဘဲ။ ဝေဖန်ခံရမှာ မကြောက်တော့ဘူးဗျနော် ..
ရေးပြီဗျို့ …
ပိုက်ဆံ…. ကျွန်တော် ငယ်ငယ်က ပိုက်ဆံအရမ်းမက်တယ် . . မေမေက မုန့်ဖိုးပေးရင်တောင် ကိုယ့်မုန့်ဖိုးတောင် မကြည့်ဘူး မေမေ့ ပိုက်ဆံအိပ်လေး လှမ်းကြည့်ပြီး ထပ်များပေးမလားလို့ မျှော်ရတာ အမော၊ အဖေက မုန့်ဖိုးပေးရင်လည်း မျက်နှာငယ်လေးနဲ့ သနားပြီး ပိုပေးအောင် နေပြတာ အမော . . ဟဲဟဲ ကိုယ့်ဂုဏ်နည်းနည်းဖော်မယ်နော် . .အဲလောက် ပိုက်ဆံမက်တာ ခင်ဗျ… ငါ ကြီးလာရင် ပိုက်ဆံတွေ ရှာမယ် ရရင် လိုချင်တာတွေ ၀ယ်မယ်ပေါ့ .. ပိုက်ဆံ ချမ်းသာပြီး သူဋ္ဌေးဖြစ်ချင်တာက ကျွန်တော့်ရဲ့ အိပ်မက် (၁)ပဲ ခင်ဗျ။ ကျန်တာတွေက အဲလောက် မဟုတ်ဘူး။
နောက် (၈)တန်း အရွယ်လောက်မှာ စီးပွားရေးကို စစဉ်းစားလာတယ်။ မေမေ အမွေဘယ်လောက်ပေးမှာလဲပေါ့။ ပေးရင် သားကို ခု နည်းနည်းလေး ချေးထားပါလား နောက်မှ ပြန်ဖြတ်ပေါ့ဗျာဆိုပြီး တောင်းတတ်လာတယ်။ အမှန်တော့ စီးပွားရေး လုပ်ဖို့ပါ။
ထားလိုက်ပါတော့ ကျွန်တော် ပိုက်ဆံသိပ်မက်တယ်ပေါ့ဗျာ။
ဒီလိုနဲ့ ကျွန်တော် 10တန်းအောင်ပြီးတာနဲ့ အလုပ်တန်းလုပ်တယ်ဆိုပါတော့ ကျွန်တော် ပထမရတဲ့ လခက 30000 ကျပ်ပါခင်ဗျ။ အဲ့တုန်းကတော့ သုံးလို့အရမ်းကို ကောင်းတယ် ခင်ဗျ။ အလုပ်လုပ်တဲ့နေရာက 19လမ်း တရုတ်တန်း အစားသရမ်းလိုက်တယ် ဖြစ်ခြင်း။ ကုန်တာပဲ ရသမျှ လခအကုန်။ နောက်ပိုက်ဆံရမှန်းသိတော့ ဒီထက်ပိုရတာကို လုပ်ချင်တယ်၊ ပြီးတော့ အလုပ်ကိုလည်း ရွေးချယ်လာတယ် ငါဝါသနာပါတဲ့ အလုပ်၊ ငါအတွက် တက်လမ်းရှိမယ့် အလုပ်၊ တက်လမ်းရှိမှ ပိုက်ဆံပိုရမှာလေ ဟုတ်ဖူးလား?
နောက်တော့ ကျွန်တော် ကိုယ်ပိုင်စီးပွားရေး လုပ်တယ် ပိုက်ဆံတွေ ရလာတယ်။ လုပ်ငန်းခွင်တွေ ကျယ်လာတယ်။ ဒါပေမယ့် လုပ်ရင်း လုပ်ရင်း နစ်ဝင်လာတယ်။ အသက် 21နှစ်လောက်ပဲ ရှိသေးတဲ့ ကျွန်တော်ဟာ စုတ်ပြတ်သတ်ပြီး အလုပ်ထဲမှာ နစ်မွန်းဝင်နေတယ်၊ မအိပ်လည်း မအိပ်နိုင်ဘူး (၀ါသနာနဲ့ လုပ်ငန်းနဲ့ ထပ်တူကျနေရင် အဲလိုပဲ ဖြစ်တတ်ကြမယ်လို့ ကျွန်တော်ထင်တယ်) ။ ပိုက်ဆံရလာတော့ မှန်တယ်။ ဒါပေမယ့် အနာဂတ်တွေ ပျောက်နေတယ်။ ကျွန်တော် ပိုက်ဆံနောက်ကို လိုက်နေမိပြီလို့ အမြင်မှန်ဝင်တဲ့အချိန်မှာ ကျွန်တော့်အသက် 25နှစ်မှာ ကျွန်တော် ပြန်ကြည့်မိတယ်။ ငါ ဘာလုပ်သင့်လဲပေါ့၊ လူတွေ အလုပ်လုပ်တာ ပိုက်ဆံရဖို့အတွက် လုပ်နေတာလား? သေချာ ပြန်စဉ်းစားကြည့်တယ် တခြားသူတွေတော့ မသိဘူးပေါ့နော်။ ကျွန်တော့် အနေနဲ့တော့ ပိုက်ဆံ ဘယ်လောက်ရရ မလုပ်ချင်တော့ဘူး။ ကျွန်တော် အဲဒီစီးပွားရေးအသိုက်အ၀န်းထဲက ထွက်ချင်ပြီ။
အိမ်ကို အရင်တိုင်ပင်တယ် ကျွန်တော် မလုပ်နိုင်တော့ဘူးလို့ ကျွန်တော် လောကကြီးအကြောင်းကို သိချင်သေးတယ်ပေါ့။ အိမ်က လည်း အားကိုးရပါတယ်။ သားကို မလုပ်စေချင်ပါဘူးတဲ့ ဒါပေမယ့် သူတို့လည်း တာဝန်မယူနိုင်ဘူးတဲ့။ သေသေချာချာ စဉ်းစားပြီး လုပ်တဲ့ ဒါပဲပြောတယ်။ အဲဒီ့ အချိန်မှာ ကျွန်တော် ခေါင်းစားပြီ ကျွန်တော့် မိဘတွေဆီက စီးပွားရေး လုပ်မယ်ဆိုပြီး ပိုက်ဆံယူတယ်။ နောက်တော့ အလုပ်က ရလာတဲ့ငွေတွေ ကျွန်တော် ကြိုးစားထားရတာတွေ အားလုံးကို ဖျက်သိမ်းရတော့မယ်။ စဉ်းစားကြည့် ကျွန်တော် ဘယ်လောက် အုန်းစားသွားလဲဆိုတာ။ အလုပ်က ဖြစ်နေပြီ တကယ်ကို လက်လွှဲယူလို့ရပြီ တစ်ယောက်ယောက်က ဦးဆောင်နိုင်ဖို့ပဲ လိုတယ်။ ကျွန်တော့်နေရာမှာဆို နောင်ကြီးတို့ရော ဘယ်လို လုပ်ကြမလဲ?
ကျွန်တော်က ဇွဲတော့ မလျှော့သေးဘူး ခင်ဗျ။ ကျွန်တော် အပြင်ထွက်ပြီး သူများအလုပ်မှာ ၀င်လုပ်တယ် ဆိုင်ကို ဒီတိုင်း လူယုံတွေနဲ့ လွှတ်ထားတယ်။ အစ်ကို တစ်ဝမ်းကွဲကိုလည်း ဆိုင်ထဲ ထည့်ထားလိုက်တယ်။ ကျွန်တော် အလုပ်သွားတယ်။ အပြန်ဝင်ကြည့်တယ်။ တစ်ခါတစ်လေ အလုပ်ထဲက သူများဆီမှာ သွားလုပ်ရမယ့်ဟာတွေကို ဆိုင်ယူလာတယ်။ ဆိုင်မှာ ပြန်လာလုပ်တယ်။ ဒါပေမယ့် အရင်တုန်းကလို ဆိုင်မှာ အမြဲတမ်း ရှိမနေနိုင်တော့ဘူး။ နည်းနည်းစိမ်းသွားသလိုဘဲ။ ဒီအချိန်အနေမှာ ပိုက်ဆံကိစ္စတွေ ပေါ်လာပြီ သူအလွဲသုံးစားလုပ်တယ် ငါ အလွဲသုံးစားလုပ်တယ်ဆိုပြီးတော့ပေါ့။ ဆိုင်မှာ တူတူလုပ်နေကြပြီး စကား မပြောကြတော့ဘူး။ ဘယ်အဆင်ပြေတော့မှာလဲ နောက်ဆုံးတော့ သူတို့က မေးတယ် မင်း ပြန်လာလုပ်မှာလား ဒါမှမဟုတ် မင်း ဒီလိုဘဲ ထားမှာလားပေါ့။ ဒီအချိန်မှာ ကျွန်တော် သိပ်စိတ်ရှုပ်သွားတယ်။ ကျွန်တော် ဆုံးဖြတ်ချက်ကို ခိုင်ခိုင်မာမာ ချလိုက်တယ်။ ပိုက်ဆံက အရေးမကြီးဘူး ဘယ်အချိန်မဆို ရှာလို့ရတယ် ဆိုတာကို သိသွားတယ်။ အရေးကြီးတာက ပညာနဲ့ တက်လမ်း၊ ဗဟုသုတ။
ကျွန်တော် အဲဒီအချိန်မှာ လုပ်ငန်းကို ပစ်လိုက်ဖို့ ဆုံးဖြတ်လိုက်ပြီး လုံးဝကို လှည့်မကြည့်တော့တာ။ ရင်ထဲမှာလည်း ယုံကြည်မှု တစ်ခုရှိသွားတယ်။ လူတစ်ယောက်မှာ ပိုက်ဆံဆိုတာ မရှိမဖြစ် လိုအပ်တဲ့အရာကြီးတစ်ခု မဟုတ်ဘူးဆိုတာပဲ။ ပိုက်ဆံဆိုတာ
လိုချင်တာကို ၀ယ်ဖို့ လွယ်ကူအောင် လုပ်ပေးတဲ့ အရာတစ်ခု အနေနဲ့ပဲ သဘောထားတော့တယ်။
လူဆိုတာ ကိုယ်ဝါသနာပါရာအလုပ်တွေနဲ့ ကိုယ့်ဗဟုသုတတွေကို ရှာမှီးနေဖို့ပဲလိုတယ် ပိုက်ဆံဆိုတာနောက်ကို လိုက်ဖို့ မလိုဘူးလို့ဘဲထင်တယ်။ ပိုက်ဆံမရှာရဘူးလို့ ပြောတာ မဟုတ်ဘူးနော်။ ရှာတော့ ရှာရမယ် သိပ်ပြီးနစ်မြုပ်ဝင်သွားအောင်တော့ မလုပ်သင့်ဘူး။ ပိုက်ဆံ ကိုယ့်နောက်လိုက်အောင်ပဲ ကြိုးစားရမယ်။
ပိုက်ဆံက အရာရာတိုင်းကို ဖန်တီးနိုင်တယ်လို့ လူတော်တော်များများက ပြောကြတယ်။ ဟုတ်ပါလိမ့်မယ်။ အတိုင်းအတာတစ်ခု အထိ လုပ်နိုင်ပါတယ်။
ဒါပေမယ့် တကယ့်လက်တွေ့ဘ၀မှာ ရင်ဆိုင်နေရတယ့် စိတ်ခံစားမှုတွေ ယုံကြည်မှုတွေ အနာဂတ်တွေကိုတော့ ပိုက်ဆံနဲ့ ပြောင်းလဲအောင် မလုပ်နိုင်ပါဘူး။ ပြောင်းလဲအောင် လုပ်နိုင်တယ်လို့ ပြောတဲ့သူရှိခဲ့ရင်လည်း လုပ်ကြည့်ပါလို့….
ကျွန်တော် အကြံပေးပါတယ် ခင်ဗျာ။
ကျွန်တော့်အတွက်ကတော့ ပိုက်ဆံထက် အရေးကြီးတာတွေ အများကြီးပါဘဲ။ ပိုက်ဆံဆိုတာ ပညတ်ချက်တစ်ခုပါလို့ပဲ ပြောချင်တော့တယ်။
(26-11-2010)
လိပ်ပြာ
(ဖြေရှင်းချက်- ကျွန်တော်က ပိုက်ဆံက အရေးမကြီးဘူးလို့ မပြောပါဘူး အရေးကြီးပါတယ် ပိုက်ဆံ ၁ကျပ်ကအစ တကယ်လိုအပ်ရင် မလွယ်ကူပါဘူး၊ မုန့်ဆိုင်ဖွင့်ဖူးတဲ့ သူတို့ အသေးသုံးပစ္စည်းလေးတွေ ရောင်းဖူးတဲ့သူဆို ပိုသိမှာပါ ပိုက်ဆံနည်းနည်းလေးမြတ်ဖို့ ဘယ်လောက် ရုန်းကန်ရလဲလို့၊ ကျွန်တော်ပြောချင်တာက ပိုက်ဆံကြောင့် လူဖြစ်တာမဟုတ်ပါဘူး လူတစ်ယောက်မှာ လုပ်စရာတွေ အများကြီးပါ၊ ပိုက်ဆံကို လူက ဖန်တီးတာပါ၊ လူသာ မဖန်တီးဘူးဆိုရင် ပိုက်ဆံဆိုတာ ဖြစ်လာမှာ မဟုတ်ပါဘူး၊ ပိုက်ဆံကြောင့် ဘ၀ပျက်နေကြတာတွေဟာ မဖြစ်သင့်တဲ့ ကိစ္စတွေပါ၊ ပြီးတော့ ပိုက်ဆံသိပ်မက်လွန်းတဲ့ လူတစ်ယောက်ဟာ ကောင်းတာ ဆိုးတာကို သိပ်မခွဲခြားနိုင်တော့ဘူး၊ ပိုက်ဆံကိုပဲ ကြည့်တော့တဲ့ လူတွေက များလို့ပါ။ ဖြစ်ချင်တာတွေ ဖြစ်နေတဲ့ လောကကြီးမှာ နောက်ဆံတင်းနေတော့လည်း ဘာထူးတော့မှာလဲဗျာ၊ လက်ရှိအနေအထားမှာ ကိုယ့်အတွက် အကောင်းဆုံးလုပ်နေဖို့ပဲ အရေးကြီးတာပါဘဲ။ ကျွန်တော်ပြောချင်တဲ့ အကြောင်းအရာကို ထိထိမိမိ မရေးနိုင်တာက ကျွန်တော့် ညံ့ဖျင်းမှုပါ၊ ကျွန်တော် အကောင်းဆုံးဖြစ်အောင် ကြိုးစားပြီး ရေးပါ့မယ်ဗျာ)
Comment #2
ပိုက်ဆံထက်အရေးကြီးတာတွေ လက်တွေ့ ကျ ချပြပါ ဘာတွေလဲ သိချင်တယ်။ဒီနေ့ ပိတ်၇က် လိပ်ပြာဆောင်းပါးတွေ အကုန်ဖတ်မယ်။အရှိကို အရှိတိုင်းဝေဖန်မှာပါ စာဖတ်တဲ့လူက စာဖတ်နေချိန်မှာ အနုပညာနှလုံးသားနဲ့ ခံစား၇တဲ့အတိုင်း ကွန်မန်း ပေးတဲ့အခါမှာ ကိုယ်ရဲ့ ကွန်မန်းကြောင့် ဘယ်သူ တဦးတယောက်ကို မှ နစ်နာစေလိုမည်မဟုတ်ပါ။လွတ်လပ်စွာ ပေးလို့ ၇တယ်ဆိုပေမဲ့ အရှေ့ နောက်ကြည့်နေ၇တာတော့ ခက်တယ်။
Comment #1
inn……….. lu tie sayar. lo so yin tot nout san ma tinn ya woo pop!!!!