မိန်းမ
မိန်းမ . . . ဒီကြာသပတေးနံ နှစ်လုံးတွဲဟာ တော်တော် ကြည့်ရဆိုးတာပဲဗျို့…
မိန်းမဆိုတာမျိုးမှာ ကောင်းတဲ့ မိန်းမရှိသလို မကောင်းတဲ့ မိန်းမတွေလဲ အများကြီးဘဲ။
မိန်းမတစ်ယောက်ရဲ့ မျက်ရည်ကို မိန်းမတစ်ယောက်ကပဲ အများအားဖြင့် ကျစေနိုင်တာပါ။ ယောက်ျားသေလို့ လွမ်းလို့ ငိုတာတွေ မပါဘူးဗျနော်။ ချစ်သူက သစ္စာဖောက်လို့၊ နောက်မိန်းမယူသွားလို့ ဆိုတာ လောကမှာ အများဆုံး ဖြစ်တတ်တဲ့ သဘာဝကြီးပါဘဲ။
ယောက်ျားတွေ ဖောက်ပြန်ကြတယ်ဆိုတာ ဒီလို မိန်းမတွေရှိနေလို့လို့ ကျွန်တော်ထင်တယ်။ ယောက်ျားတွေမှာလဲ ကောင်းတဲ့သူရှိသလို မကောင်းတဲ့သူလည်း ရှိပါတယ်ဗျာ။ သိက္ခာကို တစ်နပ်စာနဲ့ လဲချင်တဲ့ သူတွေလည်း အများကြီးပါ။ (သိက္ခာ တန်ဖိုးကို လူတွေ သိပ်မသိတော့ဘူးဗျ)။ ခု မိန်းမဆိုတဲ့ ခေါင်းစဉ်တပ်ထားတော့ မိန်းမတွေကိုပဲ သီးသန့် ဝေဖန်မယ်ဗျ။
ဒီခေတ်မှာ မိန်းမတွေ တော်တော်ကို ဆိုးရွားလာပါပြီ တခြားဘာမှ မကြည့်တော့ဘူး ပိုက်ဆံပဲ ကြည့်တော့တယ်။ ယောက်ျားတစ်ယောက်က ပိုက်ဆံရှိဖို့ အရေးကြီးတယ်။ မိန်းမရှိလား ကလေးရှိလား မသိ။ မိန်းမချင်း ကိုယ်ချင်းစာရမှန်းလဲ မသိကြတော့ဘူး။ တော်တော်ကို ကြောက်စရာကောင်းလာတယ်။
ကျွန်တော် ဘယ်လိုမှ ဥာဏ်မမှီနိုင်တော့ဘူး မိန်းမတွေရဲ့ စိတ်သဘောထားနဲ့ အတွေးအခေါ်ကို သူတို့ ဘယ်လိုများ စဉ်းစားပြီး ဆုံးဖြတ်ကြတာပါလိမ့်။ ခဏတာ လိုအပ်မှုကြောင့် ဘာလို့ သူများမိသားစုကို ဖြိုခွဲချင်ရတာပါလိမ့်။ ကိုကိုယ်တိုင် ဒီလို ဖြစ်လာမယ်ဆိုရင်ရော လက်သင့်ခံနိုင်ပါ့မလား။ ယောက်ျား၊ မိန်းမ မခွဲခြားဘဲ လူသားတစ်ယောက်အနေနဲ့ ဘာလို့ မစဉ်းစားကြပါလိမ့်။
အမှန်တော့ စိတ်ဓါတ်တွေ အောက်တန်းကျလာတာ။ ဒီခေတ်မိန်းမတွေ မညံ့ပါဘူး၊ တော်ပါတယ်၊ အတော်များများ ပေါက်မြောက် ကြပါတယ်။ ဒါပေမယ့် ပိုပြီး စိတ်ဓါတ်သေးသိမ်လာတယ်။ အရာအားလုံးကို ယောက်ျားတွေနီးပါး လုပ်ကိုင်လာနိုင်တာနဲ့ ကိစ္စတော်တော် များများကို တန်ဖိုး မထားကြတော့ဘူး။ ယဉ်ကျေးမှုနဲ့ စောင့်စည်းမှုကိုလည်း မီးအမှောင်ချထားကြတယ်။
ကျွန်တော် လိပ်ပြာ မိန်းမတွေကို ဝေဖန်တာ ရိုင်းချင်ရိုင်းလိမ့်မယ်၊ ဒါပေမယ့် သေသေချာချာ စဉ်းစားစေချင်ပါတယ်။ ကျွန်တော် မိန်းမတိုင်းကို မဆိုလိုပါဘူး။ မိန်းမတ၀က်ကျော်ကျော်လောက်ကိုပါ။
ကျွန်တော် မေးချင်တာလေး တစ်ခုရှိပါတယ်။ ပိုက်ဆံချမ်းသာတဲ့ သူကို ရရင် တကယ်ပဲ ချမ်းသာရောလား? ဒါဆို ဘုရားဟောထားတဲ့ ကံကို ဘယ်မှာသွားထားမလဲ? ချမ်းသာလာတော့လဲ စိတ်ချမ်းသာနိုင်ပါ့မလား (သူများ မျက်ရည်ကျပြီးမှ) ပိုက်ဆံတွေ ချမ်းသာ လာတော့လည်း ခင်ဗျားတို့ တနေ့ ထမင်း ဘယ်နှစ်နပ်စားနိုင်သလဲ?
လူတစ်ယောက်က ဘယ်ဇာတ်လမ်းပဲ ၀င်ကက သူ့ဇာတ်ဝင်ခန်းကုန်ရင်တော့ နားရမှာပဲလေ။
အနိစ္စဆိုတာ ရှိနေသေးသမျှ ဘယ်အရာမှ ဖြစ်တည်နေမှာ မဟုတ်တာကို သိရက်သားနဲ့ ဘာလို့ ၀ဋ်ကြွေးတွေကို စုဗူးနဲ့ သိမ်းချင်ကြတာပါလဲ??? ခု ကျွန်တော် စာရေးနေတဲ့ 2နာရီ 7မိနစ်မှာ ပျော်နေတဲ့သူတွေလည်း ရှိနေမယ်၊ ၀မ်းနည်းတဲ့သူတွေလည်း အများကြီး ရှိနေနိုင်တယ်။ ဒါပေမယ့် နောက် 1နာရီလောက်ကျရင် အားလုံး လက်စသတ်ရတော့မှာပါဘဲ။ ဒီလိုပါဘဲ ဘ၀ဆိုတာ . ..
ဒီလို သံသရာလည်တတ်တဲ့ လောကကြီးမှာ ဗုဒ္ဒဘာသာမြန်မာ အမျိုးသမီးတွေ ဖြစ်ပြီး ဘာလို့ အဲလောက်တောင် အဆင့်အတန်း နိမ့်ကျနေရသလဲ?
တော်တော် ရှက်ဖို့ ကောင်းပါတယ်။ မိန်းတွေရဲ့ သိက္ခာကိုချတာ ယောက်ျားတွေ မဟုတ်ဘူးဗျ။ မိန်းမတွေပဲ ကိုယ့်ဖာသာကိုယ် ချတာ။
ကျွန်တော် ဒီလို ဝေဖန်ပုပ်ခတ်မရေးချင်ပါဘူး။ လူသားတစ်ယောက်အနေနဲ့ပဲ သတိပေးတာပါ။ မြင်ရ ကြားရတာ စိတ်မချမ်းသာပဲ ရင်လေးလွန်းလို့ပါ။ လောကကြီးက လူအချင်းချင်း ဆက်သွယ်မှုတွေနဲ့ ဖွဲ့စည်းထားတာပါ။ ဒါကြောင့် လူတိုင်းမှာ တာဝန်ရှိပါတယ်။ ကိုယ်ကောင်းမှ ကိုယ့်ပတ်ဝန်းကျင်ကောင်းမှာပါ။ ကိုကိုယ်တိုင်မှ မကောင်းပါပဲ ပတ်ဝန်းကျင်မကောင်းတာကို အပြစ်မတင်ပါနဲ့။
ကျွန်တော် အိမ်ထောင်ပြုလို့ သမီးမိန်းကလေးသာ ရခဲ့မယ်ဆိုရင် ကျွန်တော် အဖေတစ်ယောက်အနေနဲ့ ဒီလို ဖြစ်နေတဲ့ ပတ်ဝန်းကျင် အနေအထားမျိုးမှာ ဘယ်လို ထားရမှာပါလိမ့်။ ကျွန်တော့် သမီးလေးဟာ အဲလို မိန်းမမျိုးသာ ဖြစ်လာရင်တော့
ကျွန်တော်တော့ ရင်ကွဲရပါပြီဗျာ …
Comment #2
ဘော်ဒါကြီးရာ သိပ်လဲစိတ်ဓာတ်မကြပါနဲ့
သူတို့ ဘ၀တွေကို ပိုက်ဆံရှာ ဖို့ ဖြစ်တည်လာတယ် လို့
လွဲမှား စွာ မှတ်ယူထားလို့ပဲ
ပိုက်ဆံထက်အရေးကြီး တာတွေရှိတယ်ဆိုတာသူတို့ မသိသေးလို့ပဲ
အဲဒီလို မသိသေးတဲ့ သူတွေကို သိအောင်လုပ်ပေးဖို့ ကျွန်တော်တို့ အမျိုးသား တွေမှာ
တာဝန်အများ ကြီးရှိတယ်ဗျ
သူတို့တွေကို မထိန်းသိမ်းနိုင်ရင် ကျွန်တော်တို့မှာ တာဝန်အများကြီး ရှိတယ်နော်
အသိဥာဏ် ဖွံဖြိုးတိုးတက် လာအောင်မလုပ်ပေးနိုင်ရင် ကျွန်တော်တို့ ညံသွားမယ်နော်
Comment #6
ဒီလို သံသရာလည်တတ်တဲ့ လောကကြီးမှာ ဗုဒ္ဒဘာသာမြန်မာ အမျိုးသမီးတွေ ဖြစ်ပြီး ဘာလို့ အဲလောက်တောင် အဆင့်အတန်း နိမ့်ကျနေရသလဲ?
တော်တော် ရှက်ဖို့ ကောင်းပါတယ်။ မိန်းတွေရဲ့ သိက္ခာကိုချတာ ယောက်ျားတွေ မဟုတ်ဘူးဗျ။ မိန်းမတွေပဲ ကိုယ့်ဖာသာကိုယ် ချတာ။
*** ဗုဒ္ဒဘာသာမြန်မာ အမျိုးသမီးတွေကို ဝေဖန်တာ နည်းနည်းလွန်နေသလိုပဲ လိပ်ပြာရေ ***
Comment #17
ကိုလိပ်ပြာလေးေ၇ …. ယဉ်ကျေးမှုကတော့ လျော့ပါးလာတာပြောမေဲ့နနဲ့ မန္တလေးက ထိုးမုန်း လို့ပဲ ၀ယ်စားစ၇ာမလိုဘူး အမြည်းပေးနေ သလို့ပဲ တစ်ချို့တစ်ဝက်ကိုပြောတာပါ။ မြန်မာယဉ်ကျေးမှုလည်း ပျောက်တော့မယ်ထင်ပါ၇ဲ့ ခေတ်မီတာကိုပြောတာ မဟုတ်ပါဘူး။အ၇မ်း ခေတ်ဆန်တာကိုတော့ ကြည့်လုပ်ကြပါအုံးဗျာ………
Comment #18
ထိုးမုန့် လို့ပဲ စာ၇ိုက်တာ မှားသွားလို့ပါဗျာ..
Comment #23
ကိုယ်ချင်းစာပါတယ် မဖြူ …. ကျွန်တော်မှာလည်း မိန်းမ ဆိုတဲ့ အမေ ၇ှိပါတယ်ဗျာ…. ကိုယ်မောင်နှမတွေလို့သဘောထားပြီး သတိပေးကြတာပါ။ ယောက်ျားဆိုပြီး အနိုင်ယူပြီး ပြောတာ မဟုတ်၇ပါဘူးဗျာ……. လုပ်ပါအုံး ကိုလိပ်ပြာေ၇…….
Comment #26
ပွေမယူပါနဲ့ မဖြူ ၇ယ်…. ကျွန်တော်က စေတနာနဲ့ ပြောမိလိုက်တာပါ။
Comment #29
ကျွန်တော်ပြောတာလည်း နည်း2များသွားပါတယ် မဖြူ ၊ကျွန်တော်ကိုလည်းစိတ်မဆိုးပါနဲ့ဗျာ….. ကျွန်တော်က စေတနာနဲ့ သူများနိုင်ငံတွေကို အတုယူပြီး မ၀တ်စေချင်တဲ့ဆန္ဒ တစ်ခုတည်းနဲ့ပါ
Comment #32
Post ကကောင်းပါတယ် ကိုလိပ်ပြာ။ ခုခေတ်မှာဒီလိုတွေ ကြုံတွေ့ရတာ များလာပါပြီ။ ဒါခေတ်ကြောင့်လို့ ပြောရမယ်လို့ ယူဆထားပါတယ်။ အခုခေတ်မှာ လူငယ် တွေအတွက် environment pressure တော်တော်ကိုများလာတာပါ။ သူများ တကာ Jean ၀တ်ရင် ကိုယ်ကလည်း ၀တ်ချင်တယ်။ သူများတကာ ဂါဝန်လှလှလေး ၀တ်ရင် ကိုယ့်မှာလည်းအဲ့ဒီလို ဂါဝန်မျိုးရှိချင်တယ်။ သူများတွေ လှလှပပ လေး ၀တ်စားထားရင် ကိုယ်လည်းသူ့လိုလေးနေချင်တယ်။ အဲ့ဒီအချိန်မှာ လိုချင်တပ်မက်မှုက အားကြီးသွားလို့ သူများတကာကို မစာနာပဲ ကိုလိပ်ပြာပြောခဲ့သလို ဖြစ်ကုန်ကြတာပါ။ အတ္တတွေကြီးသွားတဲ့အခါ လူတစ်ဖက်သားကို မစာနာနိုင်တော့ ဘူး ဖြစ်သွားတာပါ။ အဖက်ဖက်က တွေးကြည့်နိုင်တာပေါ့လေ။ Whatever nice post! စကားလုံး အသုံးအနှုန်းကို သဘောကျပါတယ်။ ဒီ့ထက်မက ကောင်းသော post များကို ရေးနိုင်ပါစေလို့ ဆန္ဒပြု လိုက်ပါတယ်။ Yours reader (Htoke Htoke)
Comment #34
ေ၇ွှလိပ်ပြာရေရှင်လဲဘယ်လိုမိန်းမတစ်ယောက်နဲ့တွေ့ခဲ့ပါလိမ့်နော်…လိပ်ပြာတွေ့ဘူးတဲ့မိန်းမတော်တော်ဆိုးမယ်နဲ့တူတယ်..စိတ်မကောင်းပါဘူး..ဒါပေမဲ့မိန်းမမှမဟုတ်ဘူးနော်..လူတိုင်းလူတိုင်း..အကျင့်ပျက်နေတဲ့ယောက်ျား တွေရော၊ မိန်းမ..တွေ ပါအများကြီးပါ..အကျင့်ပျက်နေတဲ့ယောက်ျားတေအတွက်လဲလိပ်ပြာဆောင်းပါးလေးတွေရေးရင်ကောင်းမယ်နော်.. မိန်းမအမျိုးစားတစ်ခုတည်းကအကျင့်ပျက်တာမဟုတ်ဘူးဆိုတာသိစေချင်တယ် (အကြံပေးတာနော်)…
Comment #36
Phat shu arr pay twar par de
Comment #1
ဖတ်လို့ကောင်းတယ် ……