စဉ်းစားပါ
တခါတုန်းက ပင်စင်ယူခါနီး လူတယောက် ကားလေးတစီးနဲ့ လေညှင်းခံထွက်လာတာ ရထားသံလမ်းတခုနားရောက်လာခဲ့တယ်။
သူကားလေးကို ၇ပ်လိုက်ပြီး ကားပေါ်ကဆင်းလာခဲ့တယ်။သံလမ်းအတိုင်းလမ်းလျှောက်သွားရင်းနဲ့
စိတ်ထဲမှာလဲအတွေးတွေအများကြီးနဲ့ပေါ့။ပင်စင်ယူရတော့ မယ်ဆိုတော့ အလုပ်မရှိတော့ ဘူး။
ပင်စင်လာစာလေးနဲ့နောက်ပိုင်းစားဝတ်နေရေးအဆင်ပြေပါ့မလား စဉ်းရင်းနောက်တော့ ကားကိုသတိရလိုက်တယ်။
အော် ငါ့ မှာကားလေးရှီသေးတာဘဲ။ဒါကိုရောင်း ရတာကိုအလုပ်တခုခုထဲ ထည့် ၊ရတဲ့ငွေနဲ့ ဆိုရင်တော့ လင်မယားနှစ်ယောက်စားလောက်ပါရဲ့ပေါ့။အဲဒီလိုတွေးနေတုန်းမှာဘဲ ရှေ့နားကအသံတစ်သံကြားလို့ သေချာနားထောင်ကြည့် လိုက်တော့ ရထားဥသြဆွဲသံဖြစ်နေတယ်။ထူးဆန်းလိုက်တာပေါ့၊ဒီနားရထားမလာတာကြာပြီလေ၊သေချာကြည့် လိုက်တော့ရထားကလာနေပြီ ရထားသွားမဲ့လမ်းကိုကြည့် လိုက်တော့  ဟားးးးးးး တော်တော်လန့်သွားတာ၊ရထားသွားမဲ့လမ်းမှာအသက် တနှစ်အရွယ်ကလေးလေးတယောက် ထိုင်နေတာတွေ့ရတယ်၊အော်ပြောလို့ လဲနားလည်မဲ့အရွယ်မဟုတ်၊ငါဘာလုပ်ရမလဲ သေချာစဉ်းစားလိုက်တော့  အနီးမှာ ရထားလမ်းလွှဲ မဲ့မောင်းတံကိုတွေ့ လိုက်တယ်၊အဲဒီကိုပြေးသွား မောင်းတံကိုသေချာကိုင် ချမယ်အလုပ် သေချာပြန်ကြည့် လိုက်တော့  သွားမဲ့လမ်းက သူ့ ကားလေးရပ်ထားတဲ့နေရာ ကိုဖြစ်နေတယ်၊သူဘာလုပ်ရမလဲ။
မောင်းတံကိုချလိုက်ရင် ကလေးလေးအသက်ကိုကယ်နိုင်မယ်၊ဒါပေမဲ့သူ့ ကားကတော့ ပျက်စီးသွားမယ်၊
မောင်းတံကိုမချရင် သူ့ ကားဘာမှမဖြစ်နိုင်ပေမဲ့ ကလေးလေးအသက်ကိုတော့ ကယ်နီုင်မှာမဟုတ်ဘူး၊ သူဘာလုပ်ရမလဲ…………………။
အခုဒီစာကိုဖတ်နေတဲ့သူငယ်ချင်းကိုလဲမေးကြည့် ချင်ပါတယ်၊သူ့ နေရာမှာသူငယ်ချင်းဆိုရင်ရော ဘာလုပ်မလဲ။
သူကတော့ မောင်တံကိုလွှတ်ချလိုက်ပါတယ်။ သူငယ်ချင်းရဲ့အမြင်ကိုလဲသိချင်ပါတယ်။ဆန္ဒရှိမယ်ဆိုရင်တော့ တခုခုဖြေကြည့် ပေးပါလား။ သူငယ်ချင်းရဲ့အဖြေကိုကြည့် ပြီးနောက်ထပ်မေးခွန်းလေးတခုလောက်မေးကြည့် ချင်လို့ ပါ။ဒီကမဖြေချင်ဘူးဆိုလဲ ဖြူအကောက်ထဲမေးလ်ပို့ ပြီးဖြေလဲရပါတယ်၊ အားလုံးကိုကြိုဆိုပါတယ်၊
အခုလို့ အချိန်ပေးပြီးဖတ်ပေးတာ ကျေးဇူးတင်ပါတယ်၊
(မှတ်ချက်။ ။ ဒီပုံပြင်ကတကယ်အဖြစ်အပျက်မဟုတ်ပါဘူး၊စိတ်ကူးယဉ်းသက်သက်ပါ၊ဖြူလဲနားထောင်ရလို့ တဆင့့်ပြန်ပြောပြတာပါ၊)
Comment #2
ကလေးကို ကယ်မယ်……ပျက်စီးသွားတဲ့ ကားက တစ်ချိန်မှာ အသစ်ပြန်ရနိုင်ပါတယ်…..
Comment #1
မစဉ်းစားဘူး
တစ်ခါတည်းဖြေမယ်
ကလေးကို ကယ်မယ်ဗျ