ညီမတစ်ယောက် ရှိခြင်းက အကိုတစ်ယောက်အတွက် ဒုက္ခလား?
ဘယ်သူတွေ ဘာပြောပြောပါ ကျနော်ကတော့ ဒုက္ခလို့ မြင်ပါသည်။ညီမတယောက်က အကို တယောက်ကို ဒီလောက်တောင်ဒုက္ခတွေ ပေးပြီးစိတ်ညစ်အောင်လုပ်တတ်မှန်းအစက ကြိုတင်ဆင်ခြင်ကြားသိထားရင် ကျနော်အမေ့ကို ညီမလေး တယောက်လောက်လိုချင်တယ်လို့ ပြောမိခဲ့မှာ မဟုတ်ဘူး.အဲဒီချိန်ကပြင်းပြနေတဲ့ စိတ်တွေက အခုနဲ့ တော့ဆန့် ကျင်ဖက်ပါ။အဖေအမေ ဆုံးပါးပြီးကတည်းက ညီမလေးက ကျနော့အပေါ်တခုခုကိုရည်ရွယ်ပြီးဒုက္ခပေးနေသလိုခံစားရပါသည်.သိရက်နဲ့ အသိစိတ်နဲ့ ကိုဆိုးနေတာပါ။
ကျနော့ကို ဒုက္ခပေးပုံတွေကို ပြောရ၇င် စာမျက်နှာတွေကို အားနာပါသည်။ဒုက္ခလို့ မြင်တော့ ကျနော့မှာ ညီမလေးမမြင်အောင် အမြဲ ရှောင်နေတတ်လာပါသည်.company၀န်ထမ်းကျနော် ညီမအိပ်ချိန် မျိုးမှာ အလုပ်တွေကိုပြီးအောင်လုပ်ရပါသည်.သူနိုးချိန်မှာကျနော်အိပ်ပျော်အောင်အိပ်တခါတလေအိပ်ပျော်ယောင်ဆောင်နှင့် ကြာတော့ကျနော်လုံးပါးပါးလာပါသည်။ညီမလေးကြောင့်အလုပ်ထဲမှာလဲခဏခဏမျက်နှာပျက်ရပါသည်။
ရှေ့အပတ်ညဖက်ညနေအလုပ်လုပ်နေချိန်ညီမလေးအနားရောက်လာပါသည်။ဝက်သားထုတ်ထိုးစားချင်ကြောင်း
သူနဲ့လိုက်ခဲ့ရမယ်လို့ဆိုပါသည်။
ကျနော့်အလုပ်ကဘယ်လောက်အရေးကြီးလဲဆိုတာညီမလေးသိသင့်သည်။
အသက်၂၀အရွယ်လူတယောက်ကဒီလောက်တော့သိသင့်သည်။
မလိုက်နိုင်ကြောင်းဒီPowerpoint တွေကို အပြီးလုပ်ရပြီးမနက်ဖြန်အလုပ်မှာpresentationတင်ရမည်ဖြစ်ကြောင်း
ကျနော်ပြေရာပြေကြောင်းတော့ပြောဖြစ်ပါသည်။ညီမလေးကျနော့ကို စိုက်ကြည့်နေပါသည်။
ပြီးတော့ပြန်မေးပြန်သည်။မလိုက်မှာသေချာသလားတဲ့သေချာပါသည်အတော်လေးကိုစိတ်ညစ်စရာကောင်းပါလား
ဒီလမ်းတွေကသူသွားနေကျတယောက်ထဲသွားလို့ဖြစ်ရဲ့နဲ့ကျနော့ကိုတမင်ညစ်တာကိုသိနေပါသည်
.ဖြစ်နိုင်ရင်ကျနောညီမပြန်အမ်းချင်ပါသည်။
အမေသာရှိရင်” အမေရယ်သားမှားပါတယ် သားတယောက်ထဲနေပါရစေ ဖြစ်နိုင်ရင်သွားပစ်ပေးပါ”လို့ ပြောမိမည်။
အဲဒီမနက် အိပ်ယာအထမှ ကျနော်ခေါင်းမီးတောက်သွားပါသည် ကျနော်ညကလုပ်ထားတဲ powerpoint တွေအားလုံး
ဘယ်မှာမှ ရှာမရတော့ပါ အားလုံးကို deleteထားပါသည်။ဒါညီမလေးလက်ချက်ပါအချိန်ကနီးနေပြီ အခုသွားပြီးရုံးရောက်ရင် လုပ်ဖော်ကိုင်ဖက်တွေရှေ့ အထက်လူကြီးများရှေ့ မှာ presentation တင်ရမည် သူ့တို့ တွေစိတ်ဝင်စားစွာနားထောင်နေဖို့သဘောပေါက်နားလည်ဖို့ ဘယ်လိုဘယ်လိုပြောမည်တင်ပြမည်ဆိုတာကိုညကသေသေချာချာစီစဉ်စဉ်းစားပြီးလုပ်ထားခြင်းဖြစ်သည်။အခုတော့အားလုံးပျက်ကုန်ပါပြီ။
ကျနော်ညီမလေးကိုစိတ်ပျက်မှူနှင့် အတူ ခုံမှာ ခြေပစ်လက်ပစ် ထိုင်နေမိသည်။”ငါဘာဆက်လုပ်ရမလဲ
ညီမလေးရယ်ဘာလို့ လုပ်တာလဲလို “့မေးရင် သူပြန်ဖြေမှာကို သိပြီးသားပါ “အပြင်ခေါ်တာလိုက်ခဲ့ရင် အခုလိုတွေဖြစ်မှာမဟုတ်ဘူးဆိုတာ ကိုကိုသိရက်နဲ့ အခုမှဘာမှမေးမနေနဲ့”လို့ပြန်ဖြေမှာကိုရိုးနေတဲ့ကျနော်အမှတ်မရှိတာဖြစ်သည်။
အသက်၂၈နှစ်ကျနော်ကိုယ့်ကိုယ်ကိုရင့်ကျက်လှပြီလို့ ထင်ထားပေမယ့်ဒီပြဿနာတွေကိုဘယ်လိုဖြေရှင်းရမလဲကျနော်မသိပါ။
ခေါင်းကပူပြီးခြောက်ကပ်ကပ်နဲ့ဆိုတာပဲသိပါတော့သည်။
အဖေနဲ့အမေသာရှိရင် ဆိုပြီးခဏခဏ တမ်းတမိသည်။ယောကျာ်းတန်မဲ့ကျချင်နေတဲ့မျက်ရည်တွေကို လူမမြင်အောင်သိမ်း၇တဲ့ကျနော့ဘ၀။ညီမလေးသာလိမ္မာရေးခြား၇ှိတဲ့မိန်းကလေးတယောက်ဆိုရင်
ဘယ်လောက်ကောင်းလိုက်မလဲ
ဆုံးမမဲ့မိဘမရှိတာရယ်မဆုံးမတတ်တဲ့ကျနော့ရဲ့ညံ့ဖျင်းမှုတွေကြောင့်ပါတက္ကသိုလ်တတိယနှစ်တတ်နေတ
ဲ့ညီမလေးအတွက်သိမှူဆိုင်ရာ
စာအုပ်တွေအများကြီးဝယ်ပေးတတ်ပါသည်။ညီမလေးအားလုံးကိုဖတ်တာကျနောမြင်သည်
ညီမလေးကကျနော့ကိုအသိနဲ့ဆိုးနေတာလို့ကျနော်ထင်သည်။
ကျနော့ကိုအရွဲ့တိုက်ရဖို့သူကိုယ်ကိုလဲအနာခံတတ်သေးသည်။
အလုပ်ထဲ အိပ်ချိန် အားလပ်ချိန် အချိန်တိုင်းတွင် ကျနော့ ညီမအတွက်စိတ်ညစ်နေရပါသည်။တနေ့တော့ ကျနော်သတိမထားပဲမနေနိုင်လောက်အောင်ခေါင်းကအလွန်အကျွံကိုက်နေပါသည်။ဆေးသောက်လဲမပျောက်။ ကျနော့ရဲ့stressကအတော်လေးဆိုးရွားနေပါပြီ။ဆေးခန်းသွားပြမှလို့ တွေးပြီးဆေးခန်းရောက်လာပါသည်။
အလှည့်ကျလို့ အ၀င်မှာ အခန်းထဲမှာရပ်နေတုန်း အထဲမှ မိသားစုမှာ ဆရာဝန်နှင့် စကားမပျက်သေးပဲ ရှိနေသည်။၎နှစ်သားလေးတယောက်နှင့်အဖေအမေ။ဒီမိသားစုကိုကြည့်ပြီးကျနော၎,၅နှစ်အရွယ်ကိုတောင
်ပြေးမြင်မိသေးသည်။စကားတွေဆုံးတော့ဆရာဝန်ကအံဆွဲထဲမှကလေးအတွက်သကြားလုံးတလုံးလှမ်းပေးပါသည်။
သားလေးကဘယ်နှစ်တန်းလဲလိုမေးလိုက်ပါသည်။
”သားနောက်နှစ်မှကျောင်းတတ်မှာပါသကြားလုံးနောက်တလုံးလိုပါသေးတယ်”.
ဆရာဝန်ကြီးအံ့သြသွားသည်.ကလေးက ဆက်ပြောသည် ”ညီမလေးအိမ်မှာ ကျန်ခဲ့တာ ညီမလေးအတွက်နောက်တလုံးထပ်ပေးပါ”..ဆရာဝန်ကြီးကသဘောကျပြီးနောက်တလုံးထပ်ပေးလိုက်ပါသည်။
ကလေးကသကြားလုံးနှစ်လုံးကိုပီတိနှင့်ကြည့်ပြီးသေချာဆုပ်ကိုင်ထားပါသည်။ကျနော်သေချာသိနေတာက
သူဒီသကြားလုံးကိုသူ့ညီမလေးဆီသေချာယူသွားမှာကိုပါ။ညီမနှင့် အတူ အတူတူစားကြမှာကို ကျနော်ခံစားလို့ ၇နေပါသည်။
သူနာပြူဆ၇ာမလေးကကျနော့ကိုဝင်ဖို့ ပြောနေပါသည်ဒါပေမယ့်ကျနော်ခြေဆုံ၇ပ်၇င်းမှင်သက်နေပါသည်။၎နှစ်အရွယ်တုန်းက ကျနော် ညီမလေးလိုချင်ကြောင်းအမေ့ကို ပူဆာပုံတွေ ညီမလေးရလာတော့ ပျော်နေတဲ့ ကျနော် ..ကျနော်၈နှစ်မှ မွေးလာတဲ့ ညီမလေးကို အစစအရာရာ အကုန်လုပ်ပေးလေ့ရှိတာတွေ ညီမလေး အလိုရှိရာ အားလုံးဖန်တီး ပေးလေ့ရှိတာတွေ အားလုံးအားလုံးကို ကျနော်ပြန်မြင်လာပါသည်။ကျနော်ညီမကို ကျနော်ဘယ်လောက်ချစ်သလဲဆိုတာ ကျနော်အသိဆုံးပါ အဖေအမေ မရှိ တာဝန်ပိနေတဲ့ ကျနော် ညီမလေးကို ဒုက္ခအိုးလို့ မြင်ပြီးလျစ်လှူရှူခဲ့တာတွေတကိုယ်ကောင်းဆန်မိတာတွေကိုနောင်တရမိသည်။ညီမလေးအတွက်က ကျနော်တယောက်ထဲရှိပါသည်သူ့လိုအပ်ချက်တွေကျနော့မှမပြော၇င်ဘယ်သူသွားပြောမည်နည်း။
သူဖြစ်ချင်တာတွေလုပ်နိုင်တာတွေသူကိုယ်တိုင်လုပ်တာတွေကျနော်သိနေရက်နဲ့ သူမလုပ်နိုင်တာတွေကျနော်လုပ်ပေးဖို
့ခဏ ခဏ ငြင်းခဲ့ တာကျနော့ အမှားပါ ညီမလေးကို ပိုဆိုးစေအောင်တွန်းပို့ ခဲ့တာကျနော်ကိုယ်တိုင်ဆိုတာ မြင်လာပါသည်။
ဆရာဝန်ကလေးအား ပေးလိုက်သောသကြားလုံးလေးမှာအလွန်သေးငယ်ပါသည်။သို့သော်ကလေးပြလိုက်သော မေတ္တာထုထည် မှာ အံ့မခန်းကြီးမားသည်။ကျနော့အားလည်း အမြင်မှန်ရစေပါသည်။ညီမလေးသာ မရှိရင် ကျနော့ဘ၀သည်အလွန်အထီးကျန်မှာသေချာပါသည်။ဒီလိုနှင့်ညီမလေးတယောက်ရှိခြင်းကဒုက္ခမဟုတ်ဘူးဆိုတာ ကျနော်ကောင်းကောင်းကြီး သဘောပေါက်လိုက်ပါတော့သည်။
ညီအကို မောင်နှမ အများ ချစ်ခင်ကြစေသား။ ရည်ရွယ်ရေးသားခြင်းဖြစ်သည်။
Dan
23.12.2010
Comment #2
အရမ်းကောင်းပါတယ် အားကျမိပါတယ် ညီမလေးကိုသိပ်ချစ်တဲ့အကို တစ်ယောက်ရှိတာ သိပ်ပျော်ဖို့ကောင်းတယ် တကယ်အားကျမိပါတယ်
အဲလို့ အကိုတစ်ယောက်လောက်ရှိရင်သိပ်ကောင်းမယ်
Comment #3
မေတ္တာဆိုတာရောင်ပြန်ဟပ်ပါတယ်…..ကိုဒန်ညီမလေးက မေတ္တာလိုချင်နေတာပါ……….. မေတ္တာပေးပီးသွန်သင်ရင်ညီမလေးလိမ်မာလာပါလိမ့်မယ်…………….
သူကလဲကိုဒန်ကိုအဖေအမေအစားနွဲ့ဆိုးဆိုးတာပါ……….. နားလည်ပေးပီးမေတ္တာသာများများပေးလိုက်ပါနော် …
Comment #7
အော်……..တကယ်များလားလို့
တော်တော်ကိုကျကျနန တွေးထားတာဘဲ ။
Comment #8
အခုလို လာဖတ်ပေးတာ ကျေးဇူးပါ မနွေးနွေး။
Comment #9
ရော်……တကယ်လဲတော်ပါပေတယ်..အပျော်တမ်းရေးထားတယ်လို့မပြောရင်တကယ်လို့ပဲထင်မိမှာပါ..
Comment #1
ကောင်းတယ်ဗျို့…
အားပေးလျက်ပါ…။