ကံကိုမပုံချလိုက်ပါနဲ့
လူတိုင်းမှာစာနာစိတ်ဆိုတာရှိသင့်တယ်လို့ထင်မိပါတယ်။စာနာတယ်ဆိုတာကိုယ်မကြိုက်တာကို
သူများကိုလုပ်မိတာ၊ကိုယ့်လိုသူများကိုစိတ်ချမ်းသာစေချင်တာအပြင်ကိုယ်ကြောင့်တစ်ဘက်သား
ဒုက္ခရောက်စိတ်ဆင်းရဲရမှာကိုလဲမလုပ်မိသင့် ပါဘူး။အချင်းချင်းစာနာသနားတတ်ကြမယ်ဆိုရင် ကမ္ဘာကြီးငြိမ်းချမ်းပြီးနေချင်စရာဖြစ်နေမှာပါ။အခုတော့တယောက်နဲ့တယောက်အကြောမခံ၊အနိုင်မခံ
၊ကိုယ့်သာအသာစီးရချင်နေကြတဲ့ ကမ္ဘာကြီးမှာလူအချင်းချင်းတောင်သတ်ဖို့ ဝင်မလေးကြတော့ ပါဘူး။ စာနာစိတ်တွေ၊မေတ္တာတွေခေါင်းပါးလာကြပါပြီ။အမှန်တော့လူတွေရဲ့ စိတ်ဟာအရမ်းနူးညံသိမ်မွေ့ပါတယ်။သနားတတ်ကြပါတယ်။ချစ်တတ်ကြပါတယ်။မေတ္တာ
လဲရှိကြပါတယ်။ဒါပေမဲ့သတိတွေနည်းလာကြတာပါ။လူ့ ဘ၀ဆိုတာတိုတောင်းလှပါတယ်။ဒီဘ၀တိုတိုလေး
မှာလောဘတွေ၊ဒေါသတွေ၊မောဟတွေနဲ့ နေနေရတဲ့ ကိုယ့် ကိုကိုယ်သေချာပြန်ကြည့် စေချင်ပါတယ်။
ချမ်းသာတဲ့လူကြတော့ လဲအရမ်းချမ်းသာ၊ဆင်းရဲတဲ့လူကြတော့ လဲအရမ်းဆင်းရဲနေကြပါတယ်။ဒါကိုကံလို
့ပြောရင်ကံဆိုတာကိုယ့် လုပ်တဲ့အလုပ်ရဲ့ အကောင်း၊အဆိုးလို့ ထင်ပါတယ်။ကံကောင်းချင်ရင်ကောင်း
တာလုပ်ရမှာပါ။မကောင်းတာတွေလုပ်ပြီးကံမကောင်းလို့ ဆိုတာမျိုး၊ကံကိုပုံချပြီးကိုယ်လုပ်ချင်တာလုပ်
နေတာမျိုးဟာစာနာစိတ်ရှိတဲ့လူတွေရဲ့ အတွေးမဖြစ်နိုင်ဘူးလို့ တော့ ထင်မိပါတယ်။.
Comment #3
အားပေးလျှက်ပါ ဖြူ
Comment #1
အမ ဖြူ ၇ဲ့ ဆောင်းပါးတွေ က ကောင်းတယ်ဗျာ… အားပေးသွားတယ်