ချစ်တတ်ဖို့ လိုပါတယ်
ချစ်တယ်ဆိုတဲ့ စကားကိုလူတိုင်းပြောဖူးကြမှာပါ။အချစ်ဆိုတာဘာလဲလို့ မေးကြည့်ဖူးပါတယ်။
သေချာတဲ့ အဖြေကို တော့ မရခဲ့ပါဘူး။
အမှန်တော့အချစ်ဆိုတာလူတယောက်ကိုသာမာန်ထက်ပိုပြီးခင်တွယ်မိတာ၊
သတိထားမိတာ၊ဂရုစိုက်မိတာ၊အလေးထားမိတာ၊တန်ဖိုးထားမိတာတွေက
အချစ်ကိုဖြစ်ပေါ်စေခဲ့တာတွေလို့ တော့ထင်မိပါတယ်။
ချစ်တယ်ဆိုတဲ့စကားလေးကနှစ်လုံးတည်းပါ။ပြောဖို့လွယ်ပါတယ်။တန်ဖိုးကြတော
့ဘာနဲ့ မှလဲယူလို့ မရပါဘူး။ချစ်တတ်ဖို့လဲလိုမယ်ထင်ပါတယ်။ချစ်တာများလွယ်ပါတယ်လို့ တော
့မထင်စေချင်ပါဘူး။နားလည်မှုတွေ၊စာနာမှုတွေ၊အပေးအယူညိမျှမှုတွေဆိုတာလဲလိုအပ်လာပါတယ်
။ချစ်တယ်လို့ တော့ပြောတတ်ပြီး နားလည်မှုမရှိခဲ့ရင်
မစာနာတတ်ရင်၊ကိုယ့် ရဲ့ အတ္တကိုဘဲရှေ့တန်းတင်နေရင်ချစ်တာမဟုတ်တော့ပါဘူး။
လောဘတွေပါနေပါပြီ။ချစ်တာအပြစ်မဟုတ်ပါဘူး။အချစ်ကိုတော
့ခုတုံးမလုပ်မိဖို့ တော့ လိုပါတယ်။ချစ်တယ်လို့ပြောတိုင်းလဲစဉ်းစားစေချင်ပါတယ်။ကိုယ့် ကိုတကယ်ချစ်တာလား ဒါမှမဟုတ်သူ့ကိုသူဘဲချစ်နေတာလားဆိုတာလေ့ လာကြည့် ပါအုံး။လောဘတွေပါနေပြီဆိုရင်တော့ သူ့ကိုသူဘဲချစ်တာဖြစ်ပါလိမ့် မယ်။ဒါဆိုအေးချမ်းတဲ့မေတ္တာမဖြစ်နိုင်တော့ပါဘူး
။ပူလောင်တဲ့မေတ္တာတွေဘဲဖြစ်နေတော့ မှာပါ။ကိုယ်တိုင်လဲမပူလောင်ချင်သလို
ကိုယ်ချစ်တဲ့လူကိုလဲပူလောင်စေချင်မှာမဟုတ်ပါဘူး။တိုတောင်းလှတဲ့ရခဲလှတဲ့လူ
့ဘ၀မှာ ပူလောင်တဲ့အချစ်နဲ့ မချစ်မိဘဲအေးချမ်းတဲ့အချစ်နဲ့ ချစ်နိုင်တဲ့
ချစ်ခြင်းမေတ္တာကိုတန်ဖိုးထားနားလည်တတ်တဲ့လူသားတွေဖြစ်နိုင်ကြပါစေ………။
Comment #3
လူပြိုကြီး….တကယ်လုပ်မှာလား~~~~ ၊၊၊၊၊??? 😛
Comment #6
ဟုတ်ကဲ့..ပါ ကိုလူပျို…..
လွန်တာရှိ..၀န်တာမိ….ပါ….
…
စတာနောက်တာ လွန်ရင်…ခွင့်လွတ်
Comment #8
ဒါပေါ့ဒါပေါ့……
ဟုတ် ဟုတ် ဟုတ်
Comment #9
သားသားကတော့အချစ်ဆိုတာ ချစ်နေဖို့ပါပဲနော်…နောက်ဆိုရင်…ချစ်သူတိုင်းပေါင်းနိုင်ပါစေ
Comment #10
အချစ်ပဲ ၇ှိပြီး အသည်းကွဲတာ မ၇ှိ၇င် ကောင်းမှာပဲနော် မဖြူ
တခါတလေမှာလည်း အချစ်၇ဲ့အဝေးဆုံးမှာ နေချင်တယ် ဗျာ………..
Comment #12
100% right
Comment #1
…….
that’s right