“ဘ၀အမှားရောက်တော့ ……………….ဘ၀မှောက်”(အပိုင်းနှစ်)
“ဘ၀အမှားရောက်တော့ ……………….ဘ၀မှောက်”(အပိုင်းနှစ်)
သူမင်းကွန်းဘက်ကိုပြောင်းသွားတဲ့အချိန်နဲ့ မရှေးမနှောင်းလောက်မှာဘဲ ကျနော်တို့ကလဲ အိမ်ပြောင်းသွားကြတော့
သူတို့နဲ့ ကင်းကွာသလိုဖြစ်သွားပါတယ်။
ဒါပေမယ့် သူလို့ယောက်ျားလျှာတွေမြင်ရင်တော့ ကိုရွှေကို သတိရပါတယ်။
အခုမရောာက်တာကြာပြီဖြစ်တဲ့မင်းကွန်းကိုရောက်မှ ကိုရွှေဆုံးသွားတယ်ဆိုတာကို သိရတော့ စိတ်ထဲမှာ တစ်ခုခုလစ်ဟာသွားသလိုခံစားရပါတယ်။
ကျနော်တို့ ပါတ်ဝန်းကျင်မှာ ကိုရွှေလို လူတွေအများကြီးရှိပါတယ်။
သူတို့ လို လူတွေ မိန်းမစင်စစ်ကနေ ယောက်ျားဖြစ်ချင်တဲ့စိတ်ပြောင်းသွားတာကတော့ တူပေမယ့်
အဖြစ်အပျက်ခြင်းကတော့ တူကြမယ်မထင်ပါဘူး။
ကျနော်ကျောင်းသားဘ၀မှာတုံးက ကျနော်တို့သူငယ်ချင်းထဲမှာ အထက်အောက်
ညီမနှစ်ယောက်စလုံးယောက်ျားစိတ်ပေါက်နေတဲ့ သူငယ်ချင်း ရှိခဲ့ဘူးပါတယ်။
သူတို့က ကျနော်တို့နဲ့အတူ ဘော့လုံးကန်တယ် ကျီးသားရိုက်တယ် ပေသီးပစ်တယ်။
ပြေးတမ်းလိုက်တမ်းကစားတယ် ကျနော်တို့ဆော့သလောက်ဆော့နိုင်ပါတယ်။
သူတို့က သူတို့ကိုယ်သူတို့ယောက်ျားလေးလိုဘဲထင်မှတ်ပြီး နေပါတယ်။
ဒါပေမယ့်လဲ ကျနော်စိတ်ထဲမှာ မိန်းမလို့ သတ်မှတ်ထားတော့ လူပျိုပေါက် ဖြစ်ကာစကျနော့် စိတ်ထဲမှာသူတို့နဲ့ ပူးပူးကပ်ကပ်နေရတာ အဆင်မပြေသလိုပါဘဲ။
သူတို့က ကျနော်ကို တစ်ခါတစ်လေ ပုခုံးလာဖက်ရင် ကျနော်က ရှက်ပါတယ်။
သူကတော့ သတိတောင်မထားမိသလိုအေးဆေးပါဘဲ။
အခုတော့ ဘယ်လိုစိတ်ပြောင်းသွားသလဲမသိ ယောက်ျားတွေယူ ကလေးတွေမွေးထားလိုက်တာမှ
ညီမနှစ်ယောက်အပြိုင်ပါဘဲ။
နောက်မှတ်မှတ်ဖြစ်ရတဲ့ ယောက်ျားလျှာတစ်ယောက်ကတော့ ကျနော်မိတ်ဆွေရဲ့ ညီမ၀မ်းကွဲပါ။
“ကိုတာ” လို့ခေါ်ပါတယ်။
သူနဲ့ကတော့ နည်းနည်းကြီးမှ လုပ်ငန်းခွင်ထဲရောက်မှာသိကြ တာပါ။
သူကပိန်ပိန်ပါးပါး ယောက်ျားနဲ့ အတော်လေးတူပြီး အကြောင်းမသိသူဆိုရင်မိန်းမလို့ဘယ်လိုမှ မရိပ်မိနိုင်ပါဘူး။
နောက် သူကကျနော်တို့နဲ့ အပြိုင်လက်ဖက်ရည်ဆိုင်ထိုင်တယ်။
ဆေးလိပ်သောက်တယ် ကွမ်းစားတယ်။
အရက်သောက်တယ်၊အရက်သောက်တာ သူက ကျနော်တို့ထက်သာပါတယ်။
တစ်ရက်မှာတော့ ကျနော်တို့ ရဲ့ သူငယ်ချင်းတစ်ယောက်က သူ အလုပ်ရာထူးတက်လို့ဆိုပြီး ကျနော်တို့ ကို ထမင်းလိုက်ကြွေးပါတယ်။လူငယ်ဆိုတော့ စားတယ်ဆိုတာနဲ့ အသောက်ပါ တဆက်တည်းတွဲပါလာတယ်ဆိုတဲ့သဘောအတိုင်း အရက်ဝိုင်းလေးက လဲ ပါသပေါ့။
အဲဒီတုန်းက ကျနော်တို့ သူငယ်ချင်းတွေတင်မက ဘဲ မသိတဲ့ သူစိမ်းတွေပါ ပါလာပါတယ်။
အားလုံးအစက ခပ်စိမ်းစိမ်းပေမယ့် အရက်ကလေးလဲဝင်သွားရော အားလုံးက တသားတည်းဖြစ်သွားပြီး စကြေနောက်ကြ စကားတွေဖောင်ဖောင်ထနေအောင်ပြောကြသီချင်းတွေဆိုကြနဲ့ပျော်စရာကြီးပါ။
တစ်ယောက်တစ်လှည့် ခွက်လှည့်ကြရင်း အတော်လေးကိုမြောက်တဲ့လူကမြောက်နေပါပြီ။
အဲဒီအချိန်မှာ “ကိုတာ” ကလဲ တော်တော်လေးသောက်ထားလို့ မှန်နေပါပြီ။
သူက အပေါ့သွားမလို့ ထအရပ်မှာ သူ့ဘေးနားက လူက ဖျတ်ကနဲ့ “ကိုတာ”လုံချည်ကို ဆွဲချွတ်လိုက်ပါတယ်။
အဲဒီမှာ ပြဿနာတက်တော့ တာပါဘဲ။
လုံချည်က ကွင်းလုံးပုံကျသွားတော့ “ကိုတာ”ကလဲ ရှက်သွားပြီး အရက်ပုလင်းနဲ့ကောက်ရိုက်ထဲ့လိုက်တော့ အားလုံးရုတ်ရုတ်သဲသဲဖြစ်ကုန်ပါတယ်။
တော်ပါသေးရဲ့အောက်က အားကစားဘောင်းဘီအတိုခံဝတ်ထားလို့ပေါ့။
ဒါပေမယ့် မိန်းမဆိုတာ မိန်းမပါဘဲ ရှက်တာပေါ့။
ဟိုတစ်ယောက်ကလဲ မူးနေတာရယ် မိန်းမမှန်းမသိတာရယ် မူးနေတာရယ်ကြောင့် ကျောင်းသားတုံးကလို စလိုက်တာပါ။
နောက်တော့ ဟိုစလိုက်တဲ့လူမှာလဲ တောင်းပန်ရမှာလား တောင်းပန်ရင်လဲ ဘယ်လိုပြောတောင်းပန်ရမလဲ
အတော်လေးကို ဂွတီးဂွကျ အဖြစ်ကလေးပါဘဲ။
ကျနော် နဲ့ တော့တိုက်ရိုက်ကြီး မပါတ်သက်ပေမယ့် ပါတ်ဝန်းကျင်လောက ထဲမှာ မြင်တွေ့ကြားနေရ
တဲ့ ယောက်ျားလျှာတွေ နဲ့ပါတ်သက်တဲ့ ဇာတ်လမ်းကတော့ အများကြီးပါ။
ရင်နာစရာကောင်းတဲ့ တစ်ယောက်ကတော့ သူက မိဘမဲ့တစ်ယောက်ဖြစ်နေပြီး သူ့ကို စောင့်ရှောက်ထားတဲ့မိသားစု ကလဲ ရုပ်ရှင်ရုံရှေ့မှာလက်ဘက်သုတ်ဆိုင်ဘန်းပြပြီး အရက်ပုန်းရောင်းတဲ့ဆိုင်ဖွင့်ပါတယ်။
ငယ်ကတည်းက ပညာလည်းမသင်ရ မနက်မိုးလင်းတာနဲ့လမ်းပေါ်မှာနေ
ညအိပ်တော့ သူကိုစောင့်ရှောက်ထားတဲ့ မိသားစုနဲ့ သူများတိုက်ရဲ့အိမ်ရှေ့ကပြင်လေးမှာအိပ်ရပါတယ်။
မိန်းကလေးပေမယ့် အန္တရာယ်ဖြစ်မှာစိုးလို့ဆိုပြီး ယောက်ျားလေးလိုနေခိုင်းတာမှန်ပေမယ့် အပျိုပေါက်အရွယ်ရောက်လာတော့ ဘယ်လို ဘဲ ယောက်ျားလိုဝတ်ဝတ်
သူ့ ခန္ဓာ အချိုးအစားက မိန်းမမှန်းသိသာနေုပါတယ်။
ဒါပေမယ့် သူကလည်း သူကိုယ်သူ ယောက်ျားလေးတစ်ယောက်လို ထင်မှတ်လို့ နေပါတယ်။
နေတာထိုင်တာကလဲ ယောက်ျားပုံဖမ်းလို့ ခပ်ကြမ်းကြမ်း
အလုပ်ကတော့ ကျပန်းအလုပ် တစ်ခါတစ်လေတော့လည်း လက်မှတ်မှောင်ခို ဘ၀ကိုဖြစ်သလိုရုန်းကန်နေရသူပါ။ သူကလည်း ကြုံရင်အရက်သောက်တယ် ဆေးလိပ်ကလေးလက်ကြားကမချ ကွမ်းကလဲ တဗြစ်ဗြစ်နဲ့ ယောက်ျားအစစ်ရှုံးပါတယ် သူ့ဒီဇိုင်းလေးကိုပြောတာပါ။
ဒီလိုနေရင်း ဘယ်ကနေဘယ်လိုဖြစ်လဲမသိ ဗိုက်ကလေးက စူစူဖောင်းဖောင်းလေးဖြစ်လာလို့ ဆေးခန်းပြကြည့်မှ ကိုယ်ဝန်ရှိနေတာသိရပါတယ်။
ဘယ်သူနဲ့ ငြိစွန်းသလဲဆိုတာကို ဘယ်လိုမေးမေး မဖြေပါဘူး ။
တကယ်ကို မသိလိုက်တာဘဲလား မဖြေချင်တာဘဲလားဆိုတာကတော့ သူကိုယ်တိုင်တောင် သိပါ့မလားမသိနိုင်ပါဘူး။
ကံကောင်းချင်တယ်ပြောမလား ကံဆိုးတယ်ဘဲပြောမလား မွေးလာတဲ့ကလေးက အသက်ပါမလာရှာဘူး။
ပြီးသွားပြန်တော့ သူကလည်း အရင်လို ယောက်ျားလျှာ ဒီဇိုင်းလေးနဲ့ နေမြဲနေဆဲပါဘဲ။
အသက်တွေသာကြီးလာပေမယ့် ပုံစံမပြောင်း ဘ၀ဟောင်းမှာဘဲကျင်လည်နေဆဲပါ။
ဒီလိုယောက်ျားလျာလေးတွေက မိန်းကလေးချောချောလေးများကို သူပိုင်ဆိုင်တဲ့ မူပိုင်အချစ်တော်အဖြစ်သိမ်းပိုက်ထားတာ ကိုလည်းတွေ့ရတတ်ပါတယ်။
တစ်ချို့ကြတော့ အတည်တကျလက်ထပ်ပေါင်းသင်းပြီး နေတာကို တွေ့ရပြန်ပါတယ်။
ကျနော်သူငယ်ချင်း “မထား”ရဲ့ဇာတ်လမ်းကတော့ တစ်မျိုး။
သူတို့မှာ အမေရယ် သူရယ် သူ့ အမ ယောက်ျားလျှာ ရယ် စုစုပေါင်းသုံးယောက်ထဲ အရင်းအချာရှိတာပါ။
ဒါပေမယ့် သူ့အမက မိန်းမယူထားပါတယ်။
သူယူထားတဲ့ မိန်းမကလဲ ပညာတတ် အလုပ်နဲ့အကိုင်နဲ့ ပါ။ယောက်ျားတစ်ယောက်ကို ခေါင်းခေါက်ယူနိုင်တဲ့ အနေအထားရှိတဲ့ မိန်းမတစ်ယောက်။
ဒါပေမယ့် မထား အမ ယောက်ျားလျှာ နဲ့ အတူတူပေါင်းသင်းလို့နေပါတယ် ။
မထားတို့ နေတဲ့အိမ်မှာ သူ့မိန်းမကိုခေါ်တင်ထားတာပါ။
မထားတို့သားအမိနှစ်ယောက် သဘာဝမကျတဲ့အဖြစ်ကို မနှစ်မြို့ပေမယ့် လည်းအိမ်ကိုလုပ်ကိုင်ကြွေးမွေးနေတာက သူ့အမ ယောက်ျားလျှာဆိုတော့လဲမပြောသာပြန်ပါဘူး။
ခက်တာက သူ့အမ ယူထားတဲ့ မိန်းမက ပညာတတ် ရုပ်လှသလောက်စိတ်ထားကမမှန်ချင်ဘူး။
မိသားစုအရေးကိစ္စတွေမှာ ၀င်ပြီး စွက်ဖက်တယ်။
သူများအိမ်တက်နေပေမယ့် သူက နေရာတကာမှာ ခွဲခြမ်းခွဲခြမ်းလုပ်ချင်တယ်။
သူတို့နှစ်ယောက်ပိုင်တယ်လို့ သတ်မှတ်ထားတဲ့ ပစ္စည်းကိုထိရင်မကြိုက်ဘူး။
ယူသုံးမိတာနဲ့ပြဿနာတက်ရော။
သူ့နဲ့ များ သူအမ မရှိတုန်း အဆင်မပြေ ဖစ်ထားလို့ကတော့ သူ့အမပြန်လာတာနဲ့ အခန်းထဲကိုဆွဲခေါ် ငိုကြီးချက်မနဲ့တတွတ်တွတ်နဲ့တိုင်တတ်တောတတ်တော့ စိတ်တွေကောက်ပြ၊
အဲဒီအခါမှာယောက်ျားလျှာ အမက ကွိုင်တွေပူ ဆူဆူညံညံနဲ့အိမ်က မအေးချမ်းဘူးဖြစ်နေတော့တာပေါ့။
ဒါနဲ့ဘဲ မထားအမေက သူမသေခင်မှာကို ညီအမနှစ်ယောက်ကို အမွေခွဲ ပေး ၊ မထားကိုလည်းအိမ်ထောင်ချပေးပြီး မထားတို့လင်မယားနဲ့ အတူ လိုက်ပြီး နေပါသတဲ့။
အစကတော့ မထွေးတို့အမတို့စုံတွဲကပျော်လို့ပေါ့။
နောက်မထွေးအမ မကျန်းမမာဖြစ်ပြီး သူ့ရထားတဲ့ အမွေလေးလဲကုန်ရော ဟိုတစ်ယောက်ကယောက်ျားအစစ်ကိုယူလိုက်ပါတယ်။ အဲဒီအခါ အတူနေမဖြစ်တော့တဲ့ အဆုံး မထွေးအမလဲ သူ့အမေဆီပြန်ရောက်လာတော့ လည်းသွေးရင်းသားရင်း ဆိုတဲ့သံယောဇဉ်နဲ့လက်ခံထားလိုက်ရတာပါဘဲ။
အများအားဖြင့်သူတို့ကယောက်ျားအစစ်ထက် ပိုပြီး မာန်ပါတာများပါတယ်။
ယောက်ျားနဲ့တူအောင်နေပြရင်း အိုဗာတွေဖြစ်ကုန်တာပါ။
ဘယ်လိုဘဲပြောပြော သူတို့လဲ ဘ၀မှားတာပါဘဲ။
တကယ်တမ်းတော့ ဘ၀အတုဆိုတာ အစစ်လောက်မကောင်းတာ အမှန်ဆိုတာတော့ ငြင်းလို့မရပါဘူး။
ကျားက ကျား မ ကမ ပါဘဲ။
တစ်ခုတော့ ပြောစရာရှိပါတယ် သူတို့က ယောက်ျားစင်စစ်ဖြစ်လျက်က မိန်းမစိတ်ပေါက်တဲ့သူထက်စာရင်တော့ တော်သေးရဲ့လို့ဆိုနိုင်ပါတယ်။
လောကကြီးထဲမှာ ကိုရွှေလို စိတ်ဂယောက်ဂယက်ဖြစ်သွားသူ၊
ယောက်ျားတွေနဲ့လုံးလားထွေးလားနေရင်း ကိုယ်ဝန်ဆောင်လိုက်ရသူ၊
မထွေးတို့ အမလို့အကုန်ခွာချသွားလို့ ” ပါတာတွေအားလုံးကုန်” ဇာတ်လမ်းကြုံလိုက်ရသူ၊
ကိုယ်ကတော့ ချစ်သူလိုသဘောထားလို့ ငယ်ကတည်းက အရိပ်တကြည့်ကြည့်နဲ့ ပြုစုပျိုးထောင် အရွယ်လဲရောက်ရော ယောက်ျားအစစ်နောက်ပါသွားလို့ အသဲကွဲကျန်ခဲ့သူ၊
ကိုယ့်ချစ်သူကို သူများလက်ပါသွားမှာစိုးလို့ ပါတ်ဝန်းကျင်မှာရှိရှိသမျှယောက်ျားမှန်သမျှကို ရန်သူလို ပြိုင်ဘက်လိုသဘောထားသူ၊
ကိုယ့် အချစ်ကိုလာလု လို့ ဆိုပြီး အငြိုးတကြီးနဲ့ တုန့်ပြန်ရာကနေ ခြေလွန်လက်လွန်ဖြစ်ပြီး ဘ၀မှောက်သွားသူ၊
ယောက်ျားနဲ့ မတူတူအောင် မာန်သွင်းရင် အရက်သောက်ဖဲရိုက်နဲ့ ဘ၀လမ်းအမှားပေါ်မှာ ဘ၀လမ်းပါပျောက်သွားသူ၊
အစရှိတဲ့ဇာတ်လမ်းလေးတွေကတော့ အများကြီးရှိနေနိုင်သလို ကံကောင်းထောက်မစွာ အေးအေးချမ်းချမ်းနဲ့ ဘ၀ကို ဖြတ်သန်းနေသူလဲ ရှိမှာတော့ အမှန်ပါဘဲ။
ဒါပေမယ့် အဲလိုပြေလည်သူအရေအတွက်ကတော့ အများကြီးနည်းမယ်ထင်ပါတယ်။
ကျနော်ကတော့ ဘယ်သူ့ကိုမဆို ကျားလဲကျားလို ပီပီသသ နေ၊ မကလဲ မလို ပိပိပြားပြားနေစေချင်ပါတယ်။
ဘ၀မှားနေရာကနေ ဘ၀မှောက်သွားသူတွေ အတွက် တွေးတွေးပြီး ရင်မောလွန်းလို့ပါဗျာ။
ရီစရာလေးအနေနဲ့ပြောရရင် တစ်ချို့လဲ ဖတ်ဘူး ကြားဘူးပြီးသားတော့ ဖြစ်ချင်ဖြစ်နေမှာပါ။
ကျနော်ကလဲ ကြားဘူးတာလေးကို ပြန်ဖောက်သည်ချတာပါ။
တစ်ခါသားမှာ မိန်းမလျှာနဲ့ ယောက်ျားလျှာ အိမ်ထောင်ရက်သား ကျသွားပါသတဲ့။
ပါတ်ဝန်းကျင်ကလူတွေကတော့ စိတ်ဝင်စားကြပါသတဲ့ ဘယ်လိုများနေကြပေါင်းသင်းကြမလဲလို့ပေါ့။
သူတို့နှစ်ယောက်ကတော့ အဆင်ကိုပြေလို့ပါတဲ့။
ယောက်ျားလျှာက ကွမ်းယာဆိုင်ဖွင့်ထား မနက်ဆို စက်ဘီးနဲ့ဆိုင်သွားဖွင့် လို့ တစ်နေကုန်ဈေးရောင်း၊
မိန်းမလျှာကတော့ ထမင်းချက်အ၀တ်လျှော်အိမ်အလုပ်တွေအကုန်လုပ်ပါသတဲ့။
နေ့လည်ထမင်းစားချိန်ဆို မိန်းမကလမ်းလျှောက်သွားပြီး ထမင်းပို့။
ညနေဆိုင်ပိတ်ပြီဆိုမှ ယောက်ျားလျှာနင်းတဲ့စက်ဘီးနောက်မှာ မိန်းမလျှာက ကနွဲ့ကလျနဲ့ ခါးလေးဖက်ပြီးလိုက်။
နေ့စဉ်မြင်နေရတဲ့ မြင်ကွင်းလေးပါတဲ့။
ဒါနဲ့ဘဲ အတော်ကြာတော့ ယောက်ျားလျှာက ကိုယ်ဝန်ဆောင်ထားရပါတော့တယ်။ ဒါပေမယ့်လည်းယောက်ျားလျှာက ကိုယ်ဝန်ကြီးတကားကားနဲ့ဈေးရောင်းမြဲ
မိန်းမလျှာကလဲ အိမ်အလုပ်တွေသိမ်းကြုံးလုပ် အချိန်တန်ရင် ခြင်းကလေးဆွဲလို့ ထမင်းသွားပို့စမြဲပါတဲ့။
ညနေကျပြန်တော့ ခါတိုင်းလိုပုံစံမပျက် စက်ဘီးလေးနဲ့ ပြန်လာစမြဲပါတဲ့။
ဟောကလေးလဲ မွေးလာရော မိန်းမလျှာက ကလေးထိန်းပြီး ယောက်ျားလျှာကတော့ ဆိုင်ပြန်လိုက်ပါသတဲ့။
မွေးလာတဲ့ ကလေးလေးကို ဘယ်သူနို့တိုက်သလဲဆိုတာကတော့ ပြောပြလို့ မရပါဘူး ဆင်ဆာ ပါတဲ့ခင်ဗျာ။
ယောက်ျားက မိန်းမစိတ်ပေါက် မိန်းမကယောက်ျားစိတ်ပေါက်နဲ့
ပြောင်းပြန်တွေဖြစ်ပြီး ဘ၀မှားနေကြတာဘာကြောင့်များပါလဲလို့မေးကြည့်လိုက်ရင် ထွက်လာတဲ့အဖြေတွေကတော့
တစ်ချို့ကတော့လည်း လူ ခန္ဓာကိုယ်ကသူ့ဖာသာသူ ထွက်ချင်သလိုထွက်လာတဲ့ဟော်မုန်းကြောင့်၊
တစ်ချို့ကကြတော့ လဲ အရင် ဘ၀က ဘာလုပ်ခဲ့လို့ ညာလုပ်ခဲ့လို့ ၊
တစ်ချို့ကတော့လဲ မွေးကတည်းက ပါလာတဲ့ဗီဇစိတ်ကြောင့်
တစ်ချို့ကတော့လဲ ပါတ်ဝန်းကျင်ရိုက်ခတ်မူ့ကြောင့်လို့ အမြင်အမျိုးမျိုး ရူ့ဒေါင့်အမျိုးမျိုးကဖြေကြပါတယ်။
ကဲ မိတ်ဆွေတို့ကရော ဘာတွေများထပ်ဖြည့်ပြီး ပြောပြချင်ပါသေးသလဲ?
…………………………………………………………………………………………….? ? ? ? ? ?
…………………………………………………………………………………………….? ? ? ? ? ?
…………………………………………………………………………………………….? ? ? ? ? ?
…………………………………………………………………………………………….? ? ? ? ? ?
ကိုပေါက်လက်ဆောင် အတွေးပါးပါးလေး
(www.kopaukmdy.info)
Comment #1
ကော်နက်ရှင်မကောင်းလို့ page setup မမှန်ပေမယ့် မပြင်နိုင်တာကို ခွင့်လွတ်စေချင်ပါတယ်။
အရမ်းကိုအားနာပါတယ်