အမျှပေးဝေခြင်း
ကျွန်တော် မနေ့က သိရတဲ့ အကြောင်းအရာတစ်ခုပါဗျာ။ သိသင့်တယ်ထင်လို့ မျှဝေပေးချင်ပါတယ်။ ကျွန်တော်လည်း မနေ့ကမှ ဇဝေဇ၀ါဖြစ်နေတာကို သေသေချာချာ သိခဲ့ရလို့ပါ။
ဒါကတော့ သေပီးသား လူတစ်ယောက်ကို အမျှဝေရင် ရ၊ မရ ဆိုတဲ့ ပြသနာပါဘဲ ခင်ဗျာ။ ကျွန်တော်တို့လူတွေမှာ ရက်လည်တာတို့ ဆွမ်းသွပ်တာတို့ လုပ်ကြတယ်ဗျ၊ တရုတ်ဆိုရင်လည်း တစ္ဆေကြီးကန်တော့တာတော့ ဘာတို့ လုပ်ကြတယ်၊ ပိုက်ဆံ ရှိရင် ရှိသလောက် ချဲ့တယ်ဗျ။ ဘာသာတရားရှိတဲ့ သူတိုင်းမှာ ဒီလို ဓလေ့လေးတွေ ကိုယ်စီ ရှိမယ်လို့ ထင်တယ်ဗျာ။
ပုံပြင်လေးတစ်ပုဒ် ချပြမယ်ဗျာ ဘုရားဟောထားတဲ့ ဇာတ်ကြောင်းတွေထဲကပါပဲ ဟိုးအရင်တုန်းက ရွာဇနပုဒ်ငယ်လေးတစ်ခုမှာ အရမ်းချမ်းသာတယ့် နန္ဒမာတာဆိုတဲ့ မိန်းမတစ်ယောက်ရှိတယ်တဲ့ လယ်ပိုင် မြေပိုင်ဆိုပါတော့ဗျာ။ ပြီးတော့ သူ့မှာ စပါးကျီ ၁၅ကျီ ရှိတယ်တဲ့။ အဲ့ဒီ စပါးတွေကို ဘယ်လောက်ယူသုံးသုံး ကုန်တယ်ဆိုတာ မရှိဘူး။ အမြဲပဲ ဒီအတိုင်း ရှိနေတယ်။ ဒါကြောင့် ရွာမှာ ပြောစမှတ် ပြုကြတယ်တဲ့ ဒီလို စပါးကျီ ၃ကျီလောက်ရရင် တော်ပါပြီဆိုပြီးတော့လေ။
ဒီလို စပါးကျီ ဘာလို့ ရတာလဲလို့ ဇာတ်ကြောင်းဖော်ရရင် နတ်မင်းကြီးတစ်ပါးက အဓိဋ္ဌာန်ပေးခဲ့တာတဲ့။ ဒီသူဋ္ဌေးမကြီးဟာ တရားနဲ့ အမြဲ မွေ့လျော်နေတယ်တဲ့။ သူ့မှာ အားနေတဲ့ အချိန်တိုင်းမှာ သုတ္တန်တရားကို အမြဲ ရွတ်ဆို သရဇျယ်တယ်တဲ့ဗျာ။ မျက်လုံးလေးကို ပိတ် တရားကိုရွတ်ပြီး မျက်စိနဲ့ မြင်အောင်ကြည့်ပြီး ပီတိကို ခံစားတယ်တဲ့ဗျာ။ (ကျွန်တော်တို့နဲ့များကွာတယ်နော်။ ရွတ်တော့ ရွတ်လိုက်တယ် ဘာတွေလဲတော့ မသိဘူး။ တောင်ရောက်မြောက်ရောက် ဒီကြားထဲ စကားမပီတာကရှိသေးတယ်။ ကုသိုလ်မရတာ မပြောနဲ့။) တနေ့တော့ သူမဟာ အိမ်ရဲ့ အပေါ်ထပ်မှာ တရားရွတ်ဆို ပီတိခံစားနေတုန်း။ ဝေသ၀ဏ်နတ်မင်းကြီးက နတ်အပေါင်း ခြံရံလို့ နတ်ပြည်ကနေဆင်းလာတယ်တဲ့ ဘုရားဆီမှာ မေးခွန်းပြသနာ မေးလျှောက်ဖို့။ အဲ့ဒီ့အခိုက်မှာ သုတ္တန်တရားကို လေးလေးနက်နက်ရွတ်သံကြားလို့ ဝေသ၀ဏ်နတ်မင်းကြီးက ဆက်မသွားပဲ အာရုံ စူးစိုက်လို့ မတ်တပ်ရပ်လျက် နာနေတယ်တဲ့။ သုတ်ရွတ်သံ အဆုံးမှာတော့ အိမ်ပြတင်းပေါက်ကနေ အသံပေးလိုက်တယ်တဲ့။ နှမကြီး မောင်ကြီး နှမကြီးအသံကြားရတာ အရမ်းကို ကျက်သရေ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါတယ်တဲ့။ ဒီတော့ သူဋ္ဌေးမကြီးက မေးတယ် မိုးပေါ်က ကြွလာတော့ နဂါးမင်းသားလား? ဂဠုန်မင်းလား၊ နတ်မင်းလား ဒီထဲက တစ်ပါးပါးပဲ ဖြစ်မယ်လို့ ပြန်မေးတယ်တဲ့ဗျ။ နတ်မင်းကြီးက သူဟာ ဝေသ၀ဏ် နတ်မင်းကြီးဖြစ်ကြောင်းပြောပြီး နှမတော်ကြီး ဘုရားရှင်နဲ့ သံဃာအတော် အပေါင်းအပါးကို စိတ်ရှိတိုင်း ဆွမ်းခဲဘွယ်ကပ်နိုင်အောင် စပါးကျီ ၁၅ကျီဟာ နှမကြီးအသက်မချုပ်သရွှေ့ ပြည့်စေဆိုပြီး အဓိဌာန်နဲ့ ဆုတောင်းပေးတယ်တဲ့။ ကုသိုလ်ပြုတိုင်းမှာလည်း သူ့ကို အမျှပေးဝေဖို့ မှာသွားခဲ့တယ်တဲ့။ မနုသဘုံကလွဲရင် ကျန်တာ ပရလောကလို့ ခေါ်တယ်ဆိုတော့ နတ်ပြည်၊ ငရဲပြည်ဟာလည်း ကျွန်တော်တို့အတွက် ပရလောကသားတွေပါဘဲ။
ဒါကို ကြည့်ခြင်းအားဖြင့် သေလွန်ပြီးတဲ့ မကျွတ်မလွတ်တဲ့ သူတွေဟာ ကျွန်တော်တို့ ပေးတဲ့ ကုသိုလ်ကို ရယူနိုင်တယ်လို့ ဘုရားဟော ကျမ်းစာ အထောက်အထားတွေမှာ အခိုင်အမာတွေ့ရတယ်ဗျ။
ဒါကြောင့် တစ်ချို့ ရက်လည် ဆွမ်းသွပ်တွေမှာ နာမည်တွေ ခေါ်ပြီး အမျှပေးဝေတာတွေ ရှိတယ်၊ နာမည်ခေါ်ရတဲ့ အကြောင်းကလည်း တခြားမဟုတ်ဘူး လူတွေဟာ ဘယ်လောက်ဆင်းရဲတွင်းနက်နက် လောကီကို ပျော်နေသလို၊ သရဲ၊ တိရိစ္ဆာန်ဘုံဟာလည်း ပျော်နေကြတာပါဘဲ။ သူတို့မေ့ပြီး ပျော်နေမှာစိုးလို့ နာမည်ခေါ်ပြီး အမျှပေးဝေကြရတာပါ။ ဘာပဲပြောပြောဗျာ ဘုရားရှစ်ခိုးတိုင်းမှာ အမျှပေး သာဓုခေါ်တဲ့ အကျင့်လေးတော့ လုပ်ကြပါ။ ကိုယ့်အတွက်ကော မမြင်နိုင်တဲ့ ပရလောကသားတွေ အတွက်ပါ အကျိုးရှိပါတယ်။ ကျွန်တော်တို့ လောကီလူ့ဘ၀မှာ ကျက်စားကျင်လည်ခဲ့တဲ့ ဘ၀ပေါင်းတွေ နည်းမှာ မဟုတ်ခဲ့ပါဘူး။ အဖေတွေ အမေတွေလည်း အများကြီးပါ နှစ်ပေါင်းများစွာ မကျွတ်လွတ်သေးတဲ့ ရှေးဘ၀က ရေစက်ဆုံခဲ့ဖူးသူတွေအတွက် ကျွန်တော်တို့ ကြိုးစားပီး အမျှဝေ ကုသိုလ်ကောင်းမှု လုပ်ကြရအောင်လားဗျာ။
ဘယ်လိုပဲပြောပြော မင်္ဂလာရှိတာတော့ အမှန်ပါပဲဗျာ။
(၁၈-၁-၂၀၁၁)
လိပ်ပြာ
Comment #3
အမျှအမျှအမျှ….
ကောင်းပါတယ်…..ဒီလိုဆောင်းပါးလေးတွေက
Comment #4
ကိုလိပ်ပြာ အခုလို့ ဆောင်းပါးမျိုးတွေ များ2ေ၇းနိုင်ပါစေဗျာ….
Comment #1
ဟုတ်တာပေါ့။ ကျေးဇူးတင်ပါတယ် လိပ်ပြာလေး။
အဲဒီလိုဗဟုသုတလေးတွေ များများရေးပေးပါနော်။