လွမ်းလို့ ရေးတဲ့သေတမ်းစာ (မိုးထက်အောင်)
ကစဥ့်ကလျားလွင့်ဝဲသွားတဲ့တိမ်စိုင်တွေနဲ့ အတူ အိမ်မက်တစ်ချို့ မျောပါသွားကြသည်။ပျံ့ လွင့်နေတဲ့စီးကရက်ငွေ့ တွေ
အကြားရင်ခုန်သံတွေလုံးပါးပါးခဲ့။ပင်လယ်နဲ့ မြစ်မဆုံဖြစ်တော့ဘူးတဲ့လမင်းကပြောသွားတယ်။(မှောင်နေတဲ့ကမ္ဘာတစ်ခြမ်းမှာ
အလွမ်းတွေနဲ့ ပဲထားခဲ့ပါ မကေသီ)။
မြို့ ပြရဲ့မီးရောင်အောက်မှာ ဘ၀တွေမှောင်မည်း။ကျွန်တော်လျှောက်ခဲ့တဲ့လမ်းတွေ ကွေ့ ချင်ကွေ့  ကောက်ချင်ကောက်။
ရင်ဘတ်မှောက်ခဲရတဲ့လူငယ်တစ်ယောက်ရဲ့အသည်းကွဲခရီး ဘယ်နေ၇ာမှာဆုံးရမလဲ။မျက်နှာမူရာ….။ခြေဦးတည့်ရာ…..။နီယွန်မီးရောင်
အောက်က အနက်ရောင်လမ်းမထက်။လတ်လတ်ဆတ်ဆတ်ကွဲတဲ့အသည်းနဲ့ လူ။(ဘယ်တော့မှပြန်မကြည်ဖြူလည်း ချစ်ခဲ့ရပါတယ်
မကေသီ)။
ညကတေလေ။ရင်ဘတ်တွေနွေဖြစ်အောင်ပူတယ်။အမှတ်တမဲ့ထခုန်ခဲ့မိတဲ့ကျွန်တော့်ရဲ့ရင်ခုန်သံ။တစ်ချက်လှုပ်
တစ်ချက်မြုပ်တယ်။သောကြာဂြိုဟ်စားလို့ အသည်းတွေပါးခဲ့ရပြီ။တနင်္ဂနွေနေ့ ၊သောကြာထောင့်။အမှောင့်ပယောဂတစ်ခုခုကြောင့်တော့
ဟုတ်မယ်မထင်ခဲ့ပါဘူး။သွေးနဲ့ ကိုယ်သားနဲ့ ကိုယ်။ယောကျာင်္းဆိုတာလည်းတကယ်ချစ်တတ်တဲ့အမျိုးပါ။ကိုယ်ထိမှကိုယ်နာ၊ကိုယ်နာမှ
ကိုယ်သိ။ရှေးလူတွေ ဒီဝေဒနာကိုဘယ်လိုခံစားခဲ့ကြသလဲ။(သိရင်ပြောပြပေးပါလား ကျွန်တော့်ရဲ့ မကေသီ)။
ရူးရူးမိုက်မိုက်ဆိုတာထက်ပိုခဲ့တယ်။အသည်းအသန်ဆိုတာထက်အဆပေါင်းများစွာ။နင့်နင့်နဲနဲသီကျူးခဲ့ဖူးတဲ့ဒီကောင့်
ကဗျာတွေမှာရင်ခုန်သံဆိုတာ နေတစ်ပွင့် လတစ်ပွင့်။အစကတည်းက စကားနည်းခဲ့တဲ့ဒီပါးစပ်။လူချင်းတွေ့ ရင်လည်းတဖွဲ့ တနွဲ့ မပြောတတ်ခဲ့ပါဘူး။မြင်ကြည့်ပါ…..။တွေးကြည့်ပါ…..။ချစ်သူအတွက်ဆိုကျွန်တော့်ကောင်းကင်မှာသာသာယာယာရှိပါတယ်။အရိုင်းဆန်တဲ့ရင်ဘတ်န နဲ့ဲ့  အယဉ်ကျေးဆုံးချစ်တတ်ခဲ့တဲ့ကောင်။နောက်ဆုံးရလာဒ်က နှာခေါင်းသွေးထွက်ခဲ့ရတယ်။(မော်ပါ….၊ကြွားပါ…..၊ရင့်သီးတဲ့စကား
တွေနဲ့  သေအောင်သာသတ်လိုက်ပါ ချစ်တဲ့မကေသီ)။
ညနေခင်းရဲ့နေရောင်နဲ့  တိမ်တွေအရောင်တောက်နေသည်။ဖြတ်သွားဖြတ်လာလေပြေညင်းလေးများကမြူးတူးခုန်ပေါက်။မနက်ဖြန်ဆိုတာတွေခေါက်ရိုးကျိုးနေ
ကြဦးမည်။အိပ်တန်းပြန်ငှက်တို့ ရဲ့လှောင်ရယ်သံကနားထဲမှာတစ်စွန်းတစ်စ။အသည်းကွဲတယ်ဆိုတာကိုယ့်ရင်ဘတ်ကိုယ်ဖိရင်း
တမြည့်မြည့်ခံစားရတဲ့ဝေဒနာ။ကမ ၻာ့အၾကီးဆံုးဒဏ္ရာတစ္ခု။လွမ်းစရာရှိရင် နာစရာနဲ့ ဖြေတဲ့……။(ကျွန်တော်ကတော့
အိမ်မက်တွေထဲမှာတောင် နာစရာရှာလို့ မတွေ့ နိုင်ခဲ့ပါဘူး မကေသီ)။
ရင်ခုန်သံတပ်ဦးမှာ စံပယ်ဖူးတွေ အလံလွှင့်ထူထားတယ်။လွင့်……..။ဝဲ.………။ချစ်သူရဲ့မျက်ဝန်းမှာတော့
ပန်းနဲ့ လုပ်ထားတဲ့ကြတ်ခြေခတ်။မနက်ဖြန်နေထွက်ရင် သူမရဲ့မျက်စောင်းနဲ့ အသတ်ခံရတော့မည်။လေးနဲ့ မြှားမလိုပါဘူး။စကားလှလှ
လေးတွေနဲ့ ပဲသတ်ရင်သေပေးမယ့်လူ။ဒီနေရာမှာ ဒီအလင်္ကာတွေနဲ့ ပဲသစ္စာပြုပါတယ်။သံသရာအဆက်ဆက် ကျွန်တော်တို့ 
ထပ်တွေ့ ဖြစ်ခဲ့ကြရင် ပန်းနဲ့ ဝှက်ထားတဲ့ စကားထာလေးတွေပဲ ဖွက်ထားပေးပါ။(နေပူ မိုးရွာ အရမ်းချစ်ခဲ့ရပါတယ် ကျွန်တော့်ရဲ့
မကေသီ)။
ကျွန်တော်မျက်လုံးမှိတ်လိုက်သည်။မျက်လုံးတွေက ကျွန်တော့်ကိုပြန်မှိတ်သွားကြသည်။ရင်ခုန်သံကိုတီထွင်ခဲ့တဲ့
သူကဘယ်သူလဲ။တိတ်……ဆိတ်…..။ပြီးတော့…..တိုး….တိတ်….ငြိမ်…..သက်…..။ကျွန်တော်နှုတ်ခမ်းထောင့်စွန်းလေး ကွေးတယ်ဆို
ရုံလေးပြုံးချင်ပြုံးမိပေလိမ့် မည်။စကားလုံးတွေကကောင်းကင်မှာအခိုးအငွေ့ ။နောင်တစ်ချိန်……………။
ဒီနေရာကို လူတွေရောက်ခဲ့ရင်……………………………………….
ရွှေအိုရောင်တောက်နေတဲ့ နှင်းဆီတစ်ပွင့်ကို တွေ့ မြင်ကြရပေလိမ့် မည်…………။
လူငယ်တစ်ယောက်ရဲ့ ရင်ဘတ်မှာ အိမ်မက်တွေလေးနက်ခဲ့ဖူးပါတယ် ချစ်တဲ့မကေသီ……………………..။
(မိုးထက်အောင်၊လွမ်းလို့ ရေးတဲ့သေတမ်းစာ ……..Valentine Day)
မိုးထက်အောင်
Comment #3
နှစ်သက်ခံစား အားပေးသွားတယ်ဗျာ
Comment #4
ဘယ်တော့မှ ပြန်မကြည်ဖြူလည်း ချစ်ခဲ့ရပါတယ်မကေသီ
…………………
ရာဇ၀င်တွင်နိုင်တဲ့သေတမ်းစာပဲ အားပေးသွားပါသည်။
Comment #5
ခဏခဏ ပြန်ဖတ်မိပါသည်။
နောက်ထပ်နောက်ထပ်ကဗျာများလည်း မျှော်လင့်မိပါကြောင်း…..
Comment #1
မကေသီ…မိုးထက်အောင် သနားပါတယ်..