Professional Authors

စကားစမြည်

Come on, man. Please listen to me!

ဟမ်…။ ခင်ဗျားဘာတွေပြောနေတာလဲ။

Well, I just came back from a friend whose father died recently. I am not sure how sad he
was because I was not him.
Anyway, this inspired me to think of this “death”.

ဒါက အရေးမကြီးလှပါဘူးဗျာ…
ကျွန်တော်နေမကောင်းဖြစ်နေတာများလား။ နေရထိုင်ရတာ အိပ်မက်မက်နေသလိုမျိုး။ ခြေဖဝါးကမြေနဲ့
မထိသလို ထိသလို ညဦးယံအချိန်တွေမှာ အဝါရောင်မှိန်မှိန်ပျပျရောနေတဲ့ မြေနံ့သင်းသင်း
သဘာဝရပ်ဝန်းထဲ…

Stop it, you….lunatic!!!!
Let me continue what I am trying to say here:- while I’d just close my eye and imagine
about death, I’d see a faint door in my mind. I’d feel suffocated, and exhausted. I might
hear voices, noises, or I might even see myself lying in bed. This is the time when I’d realize
how much I understand about my life, how I have lived through it, what my expectation at
the end of it is.

အဲဒါ တကယ်တော့ မှောင်နေတဲ့အခန်းကြီးပါဗျာ။ ပျင်းစရာကောင်းလိုက်တာ လူ့ဘဝဆိုတာ ဖြုတ်ခနဲ့ဖြစ်လာ
ဖျတ်ခနဲ့ပျောက်သွားလိုက်နဲ့ ခဏငယ်လေးတွေရဲ့ သေဆုံးမှုအဖြစ်အပျက် အစဉ်တန်းသက်သက်ပါ။ ဟောသည်
လမ်းနံဘေးက မြက်ပင်ငယ်လေးတွေကိုကြည့်။ သူတို့ ခဏတာစိမ်းလန်းဖို့ မြေဆီနည်းနည်းလေးနဲ့ မိုးလိုမှာပေါ့။
ခင်ဗျားရော ရှင်သန်ဖို့ ဘာလိုတုန်း။ မြေဆီလား။ မိုးလား။

Wealth? Love? Not so sure about it. Death, it could all be started with a mild fever followed by serious
coughing. Tongue burns, chest pain, rocky stomach, and internal organs failing one after another.
Slowly approaching into the shadow of the valley of death, I would even see mythical demons
with horns, fire cabins, and struggling beings in boiling pond. Or will I see the blue skies,
clouds, and an extraordinary light rays coming form the golden gate? Or I might not even see
all these.

မနက်ဖြန်မှာ သေမယ်ဆိုပါစို့။ လူတိုင်းမှာ ရည်ရွယ်ယုံကြည်ချက်တစ်ခုကိုယ်စီရှိကြမှာဖြစ်ပေမဲ့ ဒါကြီးကို ဖက်တွယ်ပြီး
မက်မက်စက်စက်ခရီးသွားနေတုန်း ဖြုတ်ခနဲ့ ခင်ဗျားလက်ရှိ ဒိုင်မေးရှင်းက ပျောက်သွားတာပဲဖြစ်ဖြစ်၊ စိတ်မေ့လျှော့
အသိမဲ့၊ အဲသလိုဆိုဘယ်လိုလုပ်ကြမလဲ။ ခင်ဗျားကိုယ်ခင်ဗျားပြန်ကြည့်ရင်ရော ခင်ဗျားရှိရဲ့လား။ တကယ်တော့
ဒါတွေဟာ နာမပညတ်တွေပါပဲ။ အားလုံးဟာ အခုလက်ရှိခဏငယ်လေးတွေမှာ
အကောင်းဆုံးဖြစ်အောင် နေထိုင်သွားကြရမှာ မဟုတ်လား။ ဖြစ်တောင့်ဖြစ်ခဲ မနက်ဖြန်ဆိုတာရှိလာခဲ့ရင်
ဘာလုပ်ရမှန်းမသိဖြစ်မှာမို့သာ တခါတလေပြင်ဆင်ထားဖို့ လိုချင်လိုမှာပေါ့။ အဲဒါကလည်း
အရေးအကြီးဆုံးတော့မဟုတ်လှပါဘူး။ ရှုပ်သွားပလား ကျူပ်ကိုယ်တိုင်လည်းပြောသာပြောရတယ် ခပ်ရှုပ်ရှုပ်ရယ်…
ဟဲဟဲ….

Actually, I don’t really want to talk about death also. I want to talk about the meaning of being
alive. When the time comes for you to die, will you be ready? I guess very few people would be
ready for death.

ကဲပါ။
ခင်ဗျားလဲ ပင်ပန်းလှပေါ့။
နည်းလမ်းကောင်းပေးရရင်တော့ အသက်ကိုမှန်မှန်ရှူ။ ဖြည်းဖြည်းလေးလေး ဝင်သက်ထွက်သက်ကိုမှတ်ပြီး
အိပ်ပေတော့။
ကံကောင်းထောက်မစွာမနက်ဖြန်ထဲ အသက်မကုန်သေးဘဲ ခွန်အားအနည်းငယ်နဲ့နိုးလာခဲ့ရင် ဒါကိုပဲ
ဆုလာတ်တခုအဖြစ်မှတ်ယူပြီး စက္ကန့်တိုင်းအဓိပ္ပါယ်ရှိအောင် သတိပြုနေပေတော့…
ခင်ဗျားတို့ကျွန်တော်တို့မရှိလည်း နံနက်ခင်းတွေဟာ သူ့ဘာသာသက်ဝင်ရှင်သန်လှပနေဦးမှာပါဗျာ….

….. is offline. You can still send this person messages and they will receive them the next time they are online.

သြမြိုင်

In: စကားပြေ Posted By: Date: Feb 17, 2011
Comment #1

ပျင်းစရာကောင်းလိုက်တာ လူ့ဘဝဆိုတာ ဖြုတ်ခနဲ့ဖြစ်လာ
ဖျတ်ခနဲ့ပျောက်သွားလိုက်နဲ့ ခဏငယ်လေးတွေရဲ့ သေဆုံးမှုအဖြစ်အပျက် အစဉ်တန်းသက်သက်ပါ။ ဟောသည်
လမ်းနံဘေးက မြက်ပင်ငယ်လေးတွေကိုကြည့်။ သူတို့ ခဏတာစိမ်းလန်းဖို့ မြေဆီနည်းနည်းလေးနဲ့ မိုးလိုမှာပေါ့။
ခင်ဗျားရော ရှင်သန်ဖို့ ဘာလိုတုန်း။ မြေဆီလား။ မိုးလား။

commentinfo By: ရွှေငါး at Feb 18, 2011
Comment #2

Phat shu arr pay twar par de

commentinfo By: ei lay at Dec 22, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment