ပြောခွင့်မရှိတဲ့ အမှန်တရား
ငါတစ်ကယ် မမေ့ခဲ့ဘူး။ နင်နဲ့တွေ့ခဲ့တဲ့နေ့လေးကို။ ငါရူးတယ်နော် နင့်ကို သွားတွေ့မိလို့။ နင်ထင်မှာနော် ငါလူတိုင်းကို အဲ့လိုသွားတွေ့တယ်လို့။ နင် အဲ့လို မထင်ပါနဲ့ဟာ။ ငါတစ်ကယ်ပြောတာ နင့်တစ်ယောက်ကိုပဲ တွေ့မိတာပါ။ ငါ့သဘောအရဆို နင့်ကိုလဲ သွားတွေ့မှာ မဟုတ်ပါဘူး။ သူများကို ကူညီပေးဖို့ နင့်ကိုတွေ့မိတာပါ။ နင်က ယုံမှာမဟုတ်ပါဘူး။ ခက်တာက နင့်ကိုလာတွေ့တော့လဲ ငါတစ်ယောက်တည်းနော်။ နင်နဲ့ ငါ့ကြားမှာ သူငယ်ချင်းလဲ မရှိတော့ ငါတို့တွေ့တိုင်း နှစ်ယောက်တည်းနော်။ ငါမှတ်မိတယ် နင်ဘာကြိုက်တတ်တယ်ဆိုတာ။ ငါသိတယ် နင်အချဉ်မစားဘူးဆိုတာ။ ငါသိတယ် နင်အရမ်းချစ်တဲ့သူက နင့်ကို ပစ်သွားတယ်ဆိုတာ။ ငါသိတယ် နင်ငါ့ကို ခင်တယ်ဆိုတာ။ ခက်တယ်ဟာ ငါနင့်ရဲ့ ခင်မင်မှု့ထက်ပိုတဲ့ ခံစားချက်ကို လိုချင်မိတယ်။ ငါအရမ်း အတ္တများနေလား။ တစ်ကယ်ပါ နင်အသဲကွဲတုန်းက ငါနင့်ကို အရမ်းသနားတာ။ နင်စိတ်ညစ်လို့ ငါ့ဆီကို ဖုန်းဆက်ပြီး ပြောတဲ့စကားလေးကို ငါမှတ်မိသေးတယ် “နင့်ဆီကို ဖုန်းဆက်ရင် စိတ်ချမ်းသာမယ်ထင်လို့တဲ့”။ အဲ့လိုလေး နင်ပြောတော့ ငါလေ နင့်ကို ဟာသတွေလျှောက်ပြောပြီး နင့်ရီသံလေးကို ငါနားထောင်နေမိတယ်။ နင့်ဆီငါလာတုန်းက နင်ငါ့ကို ကူညီပေးတာတွေကို ကျေးဇူးတင်ပါတယ်။ ငါလေ နင်နဲ့ တွေ့ချင်လို့ တစ်ယောက်တည်း ငါလာခဲ့တာ။ ဒါမှ နင်နဲ့ တွေ့လို့ရမှာလေ။ ငါ့ကို ကူညီပေးတဲ့ သူငယ်ချင်းတောင်မခေါ်ခဲ့ဘူး။ နင်ငါ့ကို လာခေါ်ပေးတော့ ငါအရမ်း ပျော်တာ နင်သိလား။ နင်နဲ့ အကြာကြီးနေချင်လို့ နင့်ဆီလာချင်လို့ အကြံတွေထုတ်ခဲ့ပေမယ့် အချည်းအနှီးပဲ။ ခက်တယ် ငါနင်နဲ့တွေ့ပြီးတိုင်း နင့်ကို ခဏခဏ တွေ့ချင်တဲ့ငါ့စိတ်ကို ထိန်းရတာ အရမ်းပင်ပန်းတယ်ဟာ။ နင်သိရဲ့လားဟာ။ နင့်ကို သိလဲသိစေချင်သလို မသိလဲ မသိစေချင်ဘူး။ ငါဘယ်လိုလုပ်ရမလဲ။ နင်နဲ့ငါ့ ကြားမှာ တံတိုင်းတစ်ခုခြားထားတယ်။ အဲ့အကြောင်းကို နင်လုံးဝ မသိဘူးနော်။ နင့်ကို ပြောပြလို့လဲမရ။ ငါဘယ်လိုလုပ်ရမလဲ။ ဒီတိုင်းလေးပဲ ထားလိုက်တော့မယ်။
Comment #3
တစ်နေ့နေ့တစ်ချိန်ချိန်မှာတော့ ဒါလေးတွေဟာ ပြန်ပြောစရာအဖြစ်လေးအဖြစ်ပဲ ကျန်နေမှာပါ

Comment #1
really good story,.
hint,,,
e lo myo za yar tway shoke nay tar ko ma kyike tar pop.
ta tet lone lane naing aung kyoe sar naw,,hote p lar?