လွမ်းနေဦးမည်……Pharmacy
တေးသီစာဖွဲ့စရာ လှပတဲ့ ကံကော်တောမရှိပေမယ့် ကျောင်းတ၀ိုင်းလုံးမှာ အုံ့ဆိုင်းနေတဲ့ သရက်ပင်တွေကြားမှာ ဟိုရောက်ဒီရောက်စကားတွေပြောရင်း နဲ့ပဲ စာသင်နှစ်တွေကိုတနှစ်ပြီးတနှစ်ဖြတ်သန်းလာခဲ့၇တာကို ပျော်ရွှင်တတ်လာပါပြီ…။အင်လျားကန်ကလာတဲ့လေညင်းကို မခံစားရပေမယ့် တ၀ုန်းဝုန်းညံအောင်တိုက်တတ်တဲ့ လေတွေကြားမှာလည်း စာမေးပွဲတွေကိုတခုခုပြီးတခုဖြေ၇တာကိုလည်း အသားကျနေပါပြီ….။ ဆွေးစရာကောင်းတဲ့ သမိုင်းဝင်သစ်ပုတ်ပင်ကြီး မရှိလည်းကျောင်းဝန်းအလည်က သရက်ပင်စိမ်းစိမ်းတွေကြားမှာ ပျော်နေတတ်ပါပြီ….။ကျောင်းဝန်းတံခါးကနေ ကျောင်းကိုရောက်ဖို့ လျှောက်၇တဲ့ လမ်းတိုတိုလေးကိုပဲ အထင်ကရ အဓိပတိလမ်းလို သဘောထားပြီး စိတ်ဖြေတတ်နေတာလည်းကြာပြီကော….။တခြားအချိန်တွေမှာခြောက်သွေ့နေတတ်ပြီး ကျောင်းဆင်းချိန်မှာတော့ ကျောင်းသူတွေရဲ့ တွန်းထိုးလှုပ်ရှားသံတွေနဲ့ ဆူညံသက်ဝင်တတ်တဲ့ ကျောင်းရဲ့ ကန်တင်းလေးနှစ်ခုမှာလည်း စီးမြောတတ်ခဲ့ပါပြီ…။ဆေးရုံကြီးနဲ့ပဲတူတယ် လို့ ထင်ခဲ့မိတဲ့ အပြာနုရောင်နံရံတွေနဲ့ အလှဆင်ထားတဲ့ ကျောင်း၇ဲ့ ကော်ရစ်ဒါတွေမှာလည်း ဆရာမ၀င်ခင်အချိန်မှာ အပန်းဖြေရင်းပျော်တတ်လာပါပြီ…။အမှတ်-၁၁ လို့ေ၇းထားတဲ့ အုန်းချော လိုင်းကားတွေဖြစ်တဲ့ တနည်း ကျွန်မတို့ရဲ့ ကျောင်းကားတွေပေါ်မှာလည်း ဆူဆူညံညံနဲ့နေရာရဖို့အားထုတ်ရင်း မမောတတ်ခဲ့တာတောင်ကြာခဲ့ပြီပဲ…။တကယ့်ကိုမဲဇာရောက်နေသလိုပဲ ….လို့ ညည်းတွားခဲ့တဲ့ မန္တလေးမြို့နဲ့ ဝေးကွာလှတဲ့ ကျောင်းတော်ကြီးမှာ ကိုယ့်ကျောင်းသူကျောင်းသား ဆရာ၊ဆ၇ာမတွေနဲ့ပဲ လှုပ်ရှားသက်ဝင်ရင်း နေသားတကျ၇ှိခဲ့ပါပြီ….။အထပ်ထပ်အခါခါဖတ်ခဲ့လို့ အလွတ်နီးပါးရနေတဲ့ စာကြည့်တိုက်ကစာအုပ်တွေကို လည်းမညည်းတမ်းဖတ်တတ်နေပါပြီ…..။Practicalရှိတဲ့ရက်တွေမှာ ဂျူတီကုတ်တဖားဖားနဲ့ ၀ရုန်းသုန်းကားနဲ့ ဆရာမစိတ်မဆိုးအောင် အကောင်းဆုံးလုပ်ပြဖို့အားထုတ်ရတာကလည်းအခုတော့ အဆန်းမဟုတ်ပါဘူး…။75%မပြည့်မှာစိုးစိတ်နဲ့ အချိန်တိုင်းကို အပြည့်လိုက်တက်နေရတာကိုလည်းမညည်းညူမိတော့ပါဘူး….။စိတ်ညစ်စရာကောင်းတယ်လို့ထင်ခဲ့တဲ့ ဓာတုဗေဒညီမျှခြင်းတွေကလည်း အခုတော့မသိမသာနဲ့ဖြတ်ကျော်နေတဲ့ အရာတွေဖြစ်နေပြီ….။အသီးတွေ၊အပွင့်တွေနဲ့ မိုက်ခရိုစကုတ်တွေကြားမှာ ခေါင်းရှုပ်ရတဲ့pharmacognosy practical(ပရဆေးဗေဒ)ကိုလည်း တပျော်တပါးလုပ်တတ်လာပါပြီ…။မီးပြတ်တဲ့အခါတွေမှာ ရေနွေးအိုးတွေနားမှာဝိုင်းထိုင်ရင်း ပူလိုက်တာနော် လို့ညည်းရင်းလုပ်ခဲ့ရတဲ့ ဆေးဝါးဖော်စပ်ရေးဗေဒ(Pharmaceutic practical)ကိုလည်း ကိုယ်ဖော်စပ်လို့ရလာတဲ့ ဆေးတွေ၊ပရုတ်ဆီတွေကို၇လာလို့ ဆရာမကProductကောင်းတယ် လို့ချီးကျူးတဲ့အခါမှာ မေ့မေ့ပျောက်ပျောက်ဖြစ်တတ်လာခဲ့ပါပြီ…။များလွန်းလှတဲ့ ဆေးတွေ၊Systemအလိုက်၊ရောဂါအလိုက်ဆေးတွေ အကြောင်းနဲ့အတူတူ ဆေးဝါးပညာရှင်ဆိုတဲ့(Pharmacist)ဆိုတဲ့ ဝေါဟာရနဲ့ ကိုက်ညီဖို့အတွက်ခေါင်းရှုပ်အောင်မှတ်ရတဲ့ ဆေးဝါးဗေဒ(Pharmacology)စာသင်ချိန်တွေမှာလည်း ဆေးတွေအကြောင်းကိုစိတ်ဝင်တစားနားထောင်မှတ်သားရင်းးနှစ်သက်ပျော်ရွှင်တတ်ခဲ့ပါပြီ….။ရှုပ်ထွေးလှတဲ့ ဆေးstructureတွေကို ခေါင်းခြောက်အောင်မှတ်သားရင်း Pharmaceutical chemistry(ဆေးဝါးဘက်ဆိုင်ရာဓာတုဗေဒ)အချိန်တွေကိုလည်း မညည်းတတ်တော့ပါဘူး…။ကန္တာ၇ဆန်လှတဲ့ ကွင်းပြင်ကြီးထဲမှာစုတ်ချက်ကြမ်းကြမ်းနဲ့ခြယ်မှုန်းထားတဲ့ “ဆေးဝါးတက္ကသိုလ်၊မန္တလေး”…….မှာ…ဘယ်မြို့ကလာတာလဲ……၊ဆေးမှတ်ကဘယ်နှစ်မှတ်နဲ့ပြုတ်ခဲ့တာလဲ……၁၀တန်းမှာဂုဏ်ထူးဘယ်နှခုပါခဲ့တာလဲ……လို့တစိမ်းဆန်ဆန်စကားတွေနဲ့အစပြုခဲ့တဲ့ခင်မင်မှုတွေကအခုတော့လည်း အမြစ်တွယ်ခိုင်မာနေတဲ့သစ်ပင်ကြီးကြီးတခုဖြစ်နေပါပြီ…။ဘယ်လိုအခက်အခဲအတားအဆီးတွေပဲရှိရှိ၊ဘယ်လို နာကျည်းစရာကောင်းတဲ့ စိတ်ခံစားမှုတွေကိုပဲရခဲ့ရခဲ့….အရင်က ဆေးဝါးလို့မခေါ်ရဘူး ဆိုးဝါးလို့ခေါ်ရမှာလို့ ကိုယ်ကိုတိုင် ထောပနာပြုခဲဖူးတဲ့ ဒီကျောင်းကြီးကို…ကဗျာမဆန် ကာရံမလှပေမယ့် ကျွန်မတို့ရဲ့အဆိုး၊အနွဲ့၊အနွံအတာကိုခံခဲ့တဲ့ ကျောင်းကြီးကို တဖြည်းဖြည်းနဲ့ချစ်တတ်လာပါပြီ….။နောက်တနှစ်ပြီးလို့ B-Pharmဆိုတဲ့ ဆေးဝါးဘွဲ့ကိုရခဲ့ပြီး ကျောင်းသူဆိုတဲ့ဘ၀ကနေ လောကဟင်းလင်းပြင်ထဲမှာ ကျင်လည်ရလည်း ဒီကျောင်းကြီးကိုသတိရနေမှာပါ…..။ပျော်ရွှင်ခဲ့ဖူးတဲ့….စိတ်ဓာတ်တွေဘုန်းဘုန်းလဲခဲ့ဖူးတဲ့….စာမေးပွဲတွေဆက်တိုက်(တခါတ၇ံ မှာ တနေ့ထဲတောင်နှစ်ဘာသာဖြေရတာမျိုးတောင်ရှိတဲ့)အခါမှာ စိတ်ညစ်ညစ်နဲ့ ကျောင်းကော်ရစ်ဒါကနေလှမ်းမြင်ရတဲ့ စိတ်ကျန်းမာရေးဆေးရုံကိုကြည့်ရင်း စာမေးပွဲပြီးတာနဲ့ ဟိုဘက်ဆေးရုံပြောင်းရမယ်ထင်တယ်….လို့ရွှတ်နောက်နောက်ပြောခဲ့ဖူးတာတွေကိုလည်း ညတွေတိုင်း၇ဲ့အိပ်မက်တွေတိုင်းမှာ ပဲ့တင်ထပ်အောင်ကို လွမ်းမိနေမှာပါ….။များပြားလွန်းတဲ့စာတွေကြားမှာ ညည်းတွားရင်းနဲ့စိတ်ညစ်ခဲ့ရတာတွေကိုလည်းဘယ်မှာမေ့နိုင်ပါလိမ့်မလဲနော်….။ဒီကျောင်းကြီးကို ရောက်ခါစတုန်းကတော့အရမ်းမုန်းမိပေမယ့် အခုတော့ခွဲခွာမသွားချင်ပြန်ဘူး…..တတိယနှစ်ကိုရောက်ပြီဆိုတော့ နောက်တနှစ်ပဲ ဒီကျောင်းကြီးရင်ခွင်မှာခုံလှုံရတော့မှာလေ….။ဘာပဲဖြစ်ဖြစ် ဘ၀တကွေ့မှာကြုံဆုံခဲ့ရတဲ့သူငယ်ချင်းတွေကော …ဆရာမတွေကော…..ကျောင်းဆင်းတိုင်း ကားနေရာမရမှာစိုးလို့ အပြေးအလွှားလေးနေရာဦး၇တဲ့ နေ့ရက်တွေကိုကောကိုပါ အစဉ်သတိရနေမှာပါ….။
Comment #1
ကျွန်မတို့ရဲ့ တက္ကသိုလ်အကြောင်းလေးပါ …..ကြိုက်သည်ဖြစ်စေ မကြိုက်ဖူးဖြစ်စေ ဖတ်ပေးရင်ကိုကျေးဇူးတင်ပါတယ်။