စရံ ( စကားပြေ) – နရီထက်
စိတ်တွေကို ပျော်အောင် မွေးမြူလိုက်စမ်းပါတဲ့… ကျန်းမာရေးကို ဂရုစိုက်နေစမ်းနေပါတဲ့… ပတ်သက်တဲ့သူတွေကပေါ့…
မမြဲခြင်းတရားကို ငါ လက်သင့်ခံ နားလည်ပေးစွမ်းနိုင်ပေမဲ့ အချိန်တွေက စောလွန်းလိုက်တာလို့ ဝေဖန်ချင်သေးတယ်…
ခေါ်ဆောင်သွားတဲ့ သေမင်းတမန်ရယ်… တိမ်တွေကို ဖြိုခွင်း…. လျှပ်ပြက်ချပြပြီး နက်ရှိုင်းစွာနှင့် အမေ့ဝိညာဉ်ကို ယူဆောင်သွားတာ ကြာလှပေါ့…
အရိပ်တွေက လာလာနိုးတော့ တချို့လူတွေက တစ္ဆေတဲ့… ငါ့အဖို့မှာတော့ အလည်လာတဲ့ အမေရယ် သားကို ပစ်မသွားပါနဲ့ အမေ့ကို အတင်းရုန်းဖက် ဆွဲခေါ်ထားချင်တယ်… အတူတူ နေရအောင် ပြန်လာခဲ့ပါနော်… အမေ… သေမင်းတမန်ကို ခွင့်တိုင်စာ ပြလို့ မရဘူးလား… အမေရယ်… သားနေမကောင်းဖြစ်လို့ပါ… သားကို ကြည့်ချင်လို့ပါ… ပြောပြီး …. ခဏလေးလောက် ပြန်လာခဲ့နော်..
အထွေးဆုံးလေး… အမေ့အသည်းလေး…ဆိုတဲ့ အမေ့ရဲ့ အရင်းနှီးဆုံးစကားက… သဘာပတိတွေရဲ့ မိန်ခွန်းတွေထက် ချိုမြိန်ပါတယ်… ဒေါသထိန်းပါ သားရယ်လို့ အညံ့မခံချင်တဲ့ တိုးတက်မှုကို လိုလားတဲ့သားကို ဆုံးမနေကြစကားတွေက အေးဆေးတည်ငြိမ်လွန်းလှပါတယ်… သားဆိုတဲ့ စမ်းကျသံလေးက အက်စကီမိုးအိမ်လိုပဲ… အေးမြတယ်… ထွေးနွေးတယ်… ဘယ်နေရာရောက်ရောက် အမေ့အိမ်ကလေးကို သတိရတယ်…
မြို့ပြအရိပ်အောက်မှာ သားသွားနေတဲ့ နေရာတိုင်း အမေ့မျက်နှာကို မြင်တွေ့နေရတယ်… ကြီးမားတဲ့ ဆိုင်းဘုတ်အလယ်မှာ အမေ့အပြုံးတွေက အကောင်းစား သဘောင်္ဆေးတွေနှင့် ခေတ်ပန်းချီဆရာတွေက ဒီဂျစ်တယ် အမိုက်စားနှင့် အမွှန်းတင်ထားတယ်
အမေ့အကြိုက်နှင်းဆီပန်းလေး ခူးခဲ့မယ် ဆိုတဲ့ သားလေး… ကတိတွေ အကြိမ်ကြိမ်ပေးဖူးတယ်… အခုတော့လည်း အမေ့နားဘေး အုတ်ဂူနားမှာ အ၀ါရောင်သန်း နှင်းဆီခက်တွေ ရှင်သန်နေရဲ့လား… သားစိုက်ခိုင်းလိုက်တယ်… သားကိုယ်တိုင်တော့ မဟုတ်ဘူ… သားကိုယ်စား အခြားတစ်ယောက်ကို စိုက်ခိုင်းလိုက်တာပါ အမေ…
အမေ့ရိပ်တွေက သားဆီ ခဏခဏ အလည်လာနိုင်ပေမဲ့ သားကတော့ အမေ့ဆီ မရောက်တာ အုတ်ဂူဘေးနား မရောက်တာ တစ်နှစ်… အမေ့အိမ်လေးကို မရောက်တာ နှစ်ခွဲလောက်ရှိရော့ပေါ… တော်ရာမှာ ပျော်နေတာ မဟုတ်ပါဘူးး… အမေရယ်.. တိုးတက်မှုက လှမ်းခေါ်တယ်… နောက်ပြန်လှည့်လိုက်တော့… အမေ့က နေကောင်းတယ်လို့ သားကို လိမ်ပြောခဲ့တာကိုး…
ယုံကြည်မှုတွေ အမေ့အပေါ် ခဏပုံအပ်ပြီး အလုပ်ထဲမှာ နစ်မွှန်းလိုက်တာပါ… အမေ…
ဖယောင်းတိုင်နှင့်စာကျက်လာတဲ့ သား… အမေ့သားလူတော်လေး…က မြို့ပြရဲ့လျှပ်စစ်မီးရောင်အောက်မှာ လူတော်တစ်ယောက်တော့ မဖြစ်နိုင်ဘူး… နောက်ဆုံး အမေ့မျက်နှာကို… နောင်တကြီးစွာနှင့် မြင်ခွင့် မရခဲ့လို့လေး…။ ။
နရီထက်
စကားပြေ
(၂၉ ၊ ဂျူလိုင်လ ၊ ၂၀၁၁ )
Comment #3
အားပေးသွားတယ်အကိုကြီး..
Comment #4
ထပ်တူထပ်မျှခံစားရပါတယ်အကိုကြီး…
Comment #5
ခံစားရပါတယ် . . .
Comment #6
နင့်နင့်သီးသီး
Comment #7
really really feel so sorry
Comment #1
ခံစားချက်အပြည်နဲ့ ရေးထားတာမလိုလားမသိဘူး ကိုကြိးတော်တော်ကောင်းတယ် .ကိုယ်အမေ တောင်ကိုယ်ပြန်သတိရသွားတယ်။ဒိအပှဒ်ကစပိးအရိပ်တွေက လာလာနိုးတော့ တချို့လူတွေက တစ္ဆေတဲ့… ငါ့အဖို့မှာတော့ အလည်လာတဲ့ အမေရယ် သားကို ပစ်မသွားပါနဲ့ အမေ့ကို အတင်းရုန်းဖက် ဆွဲခေါ်ထားချင်တယ်… အတူတူ နေရအောင် ပြန်လာခဲ့ပါနော်… အမေ… သေမင်းတမန်ကို ခွင့်တိုင်စာ ပြလို့ မရဘူးလား… အမေရယ်… သားနေမကောင်းဖြစ်လို့ပါ… သားကို ကြည့်ချင်လို့ပါ… ပြောပြီး …. ခဏလေးလောက် ပြန်လာခဲ့နော်..
အထွေးဆုံးလေး… အမေ့အသည်းလေး…ဆိုတဲ့ အမေ့ရဲ့ အရင်းနှီးဆုံးစကားက… သဘာပတိတွေရဲ့ မိန်ခွန်းတွေထက် ချိုမြိန်ပါတယ်… ဒေါသထိန်းပါ သားရယ်လို့ အညံ့မခံချင်တဲ့ တိုးတက်မှုကို လိုလားတဲ့သားကို ဆုံးမနေကြစကားတွေက အေးဆေးတည်ငြိမ်လွန်းလှပါတယ်… သားဆိုတဲ့ စမ်းကျသံလေးက အက်စကီမိုးအိမ်လိုပဲ… အေးမြတယ်… ထွေးနွေးတယ်… ဘယ်နေရာရောက်ရောက် အမေ့အိမ်ကလေးကို သတိရတယ်…
မြို့ပြအရိပ်အောက်မှာ သားသွားနေတဲ့ နေရာတိုင်း အမေ့မျက်နှာကို မြင်တွေ့နေရတယ်… ကြီးမားတဲ့ ဆိုင်းဘုတ်အလယ်မှာ အမေ့အပြုံးတွေက အကောင်းစား သဘောင်္ဆေးတွေနှင့် ခေတ်ပန်းချီဆရာတွေက ဒီဂျစ်တယ် အမိုက်စားနှင့် အမွှန်းတင်ထားတယ်
အမေ့အကြိုက်နှင်းဆီပန်းလေး ခူးခဲ့မယ် ဆိုတဲ့ သားလေး… ကတိတွေ အကြိမ်ကြိမ်ပေးဖူးတယ်… အခုတော့လည်း အမေ့နားဘေး အုတ်ဂူနားမှာ အ၀ါရောင်သန်း နှင်းဆီခက်တွေ ရှင်သန်နေရဲ့လား… သားစိုက်ခိုင်းလိုက်တယ်… သားကိုယ်တိုင်တော့ မဟုတ်ဘူ… သားကိုယ်စား အခြားတစ်ယောက်ကို စိုက်ခိုင်းလိုက်တာပါ အမေ…
အမေ့ရိပ်တွေက သားဆီ ခဏခဏ အလည်လာနိုင်ပေမဲ့ သားကတော့ အမေ့ဆီ မရောက်တာ အုတ်ဂူဘေးနား မရောက်တာ တစ်နှစ်… အမေ့အိမ်လေးကို မရောက်တာ နှစ်ခွဲလောက်ရှိရော့ပေါ… တော်ရာမှာ ပျော်နေတာ မဟုတ်ပါဘူးး… အမေရယ်.. တိုးတက်မှုက လှမ်းခေါ်တယ်… နောက်ပြန်လှည့်လိုက်တော့… အမေ့က နေကောင်းတယ်လို့ သားကို လိမ်ပြောခဲ့တာကိုး…
ယုံကြည်မှုတွေ အမေ့အပေါ် ခဏပုံအပ်ပြီး အလုပ်ထဲမှာ နစ်မွှန်းလိုက်တာပါ… အမေ…
ဖယောင်းတိုင်နှင့်စာကျက်လာတဲ့ သား… အမေ့သားလူတော်လေး…က မြို့ပြရဲ့လျှပ်စစ်မီးရောင်အောက်မှာ လူတော်တစ်ယောက်တော့ မဖြစ်နိုင်ဘူး… နောက်ဆုံး အမေ့မျက်နှာကို… နောင်တကြီးစွာနှင့် မြင်ခွင့် မရခဲ့လို့လေး…။ ။ဒိအပှဒ်ထိကြိုက်တယ် နော်