Professional Authors

အဖြူရောင်ပ၀ါပါး

အဖြူရောင်ပ၀ါပါး

    ရွှေရည်စတွေစိုလူးနေတဲ့ အိပ်မက်တွေကိုပဲ ပိုင်ဆိုင်ခဲ့သူပါ။
နှလုံးသားကို ဘယ်လိုတံတိုင်း အထပ်ထပ်က တားဆီးနိုင်
ဦးမှာမို့လို့လဲ…မနှင်းဆီ။မိုးတစ်လုံး လေတစ်လုံး ချစ်နေတယ်
ဆိုတဲ့ အဆိုပြုချက်ကလွဲရင် ပေးဆပ်ခွင့်ကိုတောင်မှ မရခဲ့တဲ့
သူတစ်ယောက်(သို့) ကျွန်တော် ဖြစ်ခဲ့ပါရဲ့ ။

     တဟူးဟူးလွင့်နေတဲ့လေဟာ အရာအားလုံးကို လွင့်မျောစေတဲ့
ဂုဏ်သတ္တိကို ပိုင်ဆိုင်ထားသလိုပါပဲ။ မနှင်းဆီကို ချစ်မိတာလည်း
ကိုယ်နဲ့စိတ် အစိုးမရအောင်ကို လွင့်မျောစေခဲ့ပါတယ်။မနှင်းဆီတို့က
အနာဂတ်မှာ ဂျူတီကုတ်ဖြူဖြူလေးနဲ့ လူနာတွေအသက် ကယ်တင်ရှင်။
ကျွန်တော်လို အညတရ ကောင်အတွက်ကို မစဉ်းစားမိတာ မနှင်းဆီ
မမှားခဲ့ပါဘူး။

      မုန်တိုင်းတွေ အားအင်ပါပါနဲ့ တိုက်ခတ်လည်း လရောင်ဖြူဖြူတွေကို
မတုန်မလှုပ်စေနိုင်ဘူးလေ။ မနှင်းဆီ…..မနှင်းဆီကို ချစ်ခဲ့တာ အကောင်
အထည် ဒြပ်ထုမရှိခဲ့ပေမယ့် လရောင်ဖြူဖြူလိုမျိုး တည်မြဲနေအောင်ချစ်
နိုင်ခဲ့ပါတယ်။

    တကယ်တော့လည်း ရသကဗျာဆရာတစ်ယောက်ဆိုတာ အချစ်တွေ
တနင့်တပိုးနဲ့ မူးနေခဲ့တဲ့ကောင်ပါ။ဂန္တ၀င်မြောက် စာလုံးတွေနဲ့သီကုံးခဲ့
ရင်တောင်မှ သူ့ချစ်သူကို ပီပီပြင်ပြင်ဖွဲ့ ဆို နိုင်မှာမဟုတ်ဘူးလို့ ထင်ထား
ခဲ့သူတွေပေါ့။ ပြီး ချစ်သူနဲ့ အမှတ်တရမဟုတ်တဲ့ အမှတ်တရကိုကအစ
မှတ်ထားတတ်ကြတယ်။

    မနှင်းဆီကို ကျွန်တော် တမင်တကာ သိကျွမ်းအောင် မလုပ်ခဲ့သလို
မနှင်းဆီကလည်း ကျွန်တော့်ကို မသိခဲ့ပါဘူး။အတည်အတည် အလလ
မနှင်းဆီတို့ရဲ့  စရိုက်ကိုသိလာခဲ့တဲ့နောက် မနှင်းဆီအပေါ်မှာသာ အမျှင်
သံယောဇဉ်တွေ ရှည်လျားသီတန်း လာခဲ့မိပေါ့။လူတစ်ယောက်ကို
နှစ်ခါ ကြည့်ခိုင်းတဲ့ ဆော့ခရတ္တိကိုပဲ အပြစ်တွေစွတ်စပ်တင်မိခဲ့ရ။
  
    မပေါင်းနိုင်တဲ့ဘ၀နှစ်ခုဆိုတာသိနေတာတောင်မှ ပေါင်းဖက်ချင်နေ
သေးတာ ဘယ်သူ့အပေါ်များ ကျွန်တော် မျှော်လင့်ခြင်းတွေ စိုက်ပျိုးမိခဲ့လို့
လဲ။မနှင်းဆီ ကြည့်လှည့်ပါ။ တစ်ချက်ဖြစ်ဖြစ် ငှဲ့ ကြည့်လှည့်ပါ။ မနှင်းဆီရဲ့ 
နောက် တစ်ကောက်ကောက် လှမ်းလျှောက်နေတဲ့ ကောင်ကို ဘာလို့
သတိမထားမိတာလဲ။

   ရှိပါစေတော့ မနှင်းဆီ မသိလည်း ရှိပါစေတော့။မိုးမြေအစ သဲကန္တာရအဆုံး
မနှင်းဆီကို ချစ်ကြောင်း အလင်္ကာသောင်းပြောင်းတွေလည်း စိမ်းရွှေနီမောင်း
ကျွန်တော့်ရင်မှာ အောင်းခဲ့ပြီလေ။အဲသည့်ဆောင်းတစ်ခုစာလေးကို ခေါက်
သိမ်းထားလိုက်တယ်။ လူမိုက်တစ်ယောက်တွက် သည်လောက်နဲ့တင်  ဖူလုံခဲ့ပါပြီ။

   ဆောင်းရာသီလည်း ဇရာဆန်နေပြီ မနှင်းဆီ။ကိုယ်လည်း မနှင်းဆီနဲ့ ရေခြား
မြေခြားသွားရတော့မယ်။ ချစ်ပါလျက်နဲ့ မနှင်းဆီကို ကျောခိုင်းရတော့မယ်။
အိုး..ကျွန်တော့်အပေါ် မြောက်ပြန်လေတွေ အစွယ်တဖွေးဖွေးနဲ့ ထိုးဖောက်။
အသည်းတစ်ခုလုံးလည်း လှိုက်လှိုက်ဆစ်ဆစ် နာကျင်။ချစ်ကြောင်း ပြောဖို့
အတွက် နှလုံးသားလည်း သွေးပေါက်ကြီးငယ်တို့နဲ့ ယိမ်းထိုးတုန်ခါ။ ကျွန်တော်
သတ္တိမရှိခဲ့ပါဘူး။ မနှင်းဆီကို ချစ်ကြောင်းပြောဖို့ သတ္တိမရှိခဲ့ဘူး။

   လူငယ်တစ်ယောက်ရဲ့ သမိုင်း ရိုင်းနေအောင်ကို ပြုစားခံရခဲ့ရတယ်။ ဟော
ပွင့်ဖတ်ပွင့်ချပ်ငယ်တွေလည်း အလျားလိုက်ကြွေကျကုန်ပြီ။လေယာဉ်ပျံပြေး
လမ်းအောက်မှာ ကျန်နေခဲ့မှာ လူငယ်တစ်ယောက်ရဲ့  အဖြူရောင် ပ၀ါပါး
အချစ်တွေများလား။မနှင်းဆီမြင်ရင် သေချာသိပါလိမ့်မယ်။
                                                                           မိုးသစ်လေပြည်

In: စကားပြေ Posted By: Date: Aug 23, 2011
Comment #1

ရေးထားတဲ့ပုံစံလေး….မိုက်တယ်….
အားပေးသွားပါတယ်…

commentinfo By: terry at Aug 24, 2011
Comment #2

ဟုတ်ကဲ့ ….အ၇မ်းမိုက်တယ် ဗျာ………အပေါ်က ကျွန်တော့် ဆ၇ာကြီး ပြောသလိုပါပဲဗျာ………အားပေးလျှက်ပါ….

commentinfo By: kaunkaung at May 13, 2012
Comment #3

so much like both title & poem.
dislike that overdownlook to urself.
all people are same,,all must die one day.
no need to divide standard.
no differences among human.
the most important is honesty,,don’t cheat,
don’t avoid to face the reality..
be confident to urself,believe urself.
“u’ll get what u give”
“u r what u did”

fighting,,

commentinfo By: ei lay at May 13, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment