အပြစ်လား…
အပြစ်လား
ဘာသာမတူလူမျိုးခြားတစ်ယောက်ကိုချစ်ခဲ့မိတာ.အပြစ်လား?
သူနဲ့ကျမ က တစ်ယောက်ကိုတစ်ယောက်သိပ်ချစ်ခဲ့ကျပါတယ်…
ဒါပေမဲ့…ဘယ်လိုမှ ရှေ့ဆက်လို့မဖြစ်နိုင်တဲ့ကျမ တို့..နှစ်ယောက်ရဲ့အချစ်ဟာ…………..
သူငယ်ချင်းတွေနဲံမိဘ အသိုင်းအ၀ိုင်းကလည်း ….သူနဲ့ကျမ ကို..လုံးဝသဘောမတူပါဘူး…
အသားရောင်မတူတာနဲ့ကျမ တို့ရဲ့အချစ်တွေကိုမြေမြှူပ်ပစ်လိုက်ရတော့မှာလားဟင်?
(သူငယ်ချင်းအားလုံးနဲ့..အကိုအစ်မ..အက်မင်တွေလည်းဖြေပေးကျပါအုန်း)…
သူကျမ ကိုသိပ်ချစ်ခဲ့တယ်လို…ကျမ စိတ်ထဲကသိနေတယ်…သူကရှေ့ဆက်တိုးချင်တယ်…
ကျမ ..ကျမ ကရှေ့ဆက်တိုးရဖို့..ကို….ကျမ မှာသတ္တိမရှိလို့မဟုတ်ပါဘူး…..ဒါပေမဲ့…
ကျမ ဘာလုပ်ရမှာလည်းဟင်…အချစ်တစ်ခုတည်းနဲ့တည်ဆောက်တဲ့အိမ်ထောင်ရေးဟာ…
ထာဝရအဆင်ပြေနိုင်ပါ့မလားဟင်….သူက….
မမသာ ကျနော့်အနားမှာရှိရင်..အရာအားလုံးကို.ကျနော်ကျော်လွှားနိုင်တယ်တဲံ….
သူငယ်ချင်းတွေက အဲ့ဒါက ပုံပြင်တွေပြောနေတာတဲ့….။
ဘာတွေလည်းမသိပါဘူး….
ကျမ ရုးချင်တာပဲသိတယ်…တကယ်ပဲ..သူနဲ့ကျမ အသိုင်းဝိုင်းကြား..သူ့အသိုင်းအ၀ိုင်းကြား….
မှာ…ကျမ အသက်ရှူမ၀ချင်တော့ဘူး…..
ကျမ နောက်ဆုတ်လိုက်ရင်…သူက ကျမ ကိုသတ္တိမရှိတဲ့မိန်းမ တစ်ယောက်လို့မြင်သွားတော့မှာ…
ကျမ ရှေ့ဆက်တိုးရင်..ကျမ အသိုင်းအ၀ိုင်းနဲ့ကျမ သိပ်ချစ်ရတဲ့သူငယ်ချင်း..တွေကို..ကိုဆုံးရှူံးရတော့မှာ….
ကျမ ဘာလုပ်သင့်လည်းဟင်?