မြင်တာလေးတွေပြောလို ပါသည်
မနက် ၅ နာရီ ၊ ဒေါင်ခနဲ မြည်ပြီး မရောက်သွားသော်လည်း
စက်တင်ဘာလ ရဲ့ ခြောက်သွေ့သွေ့ မနက်ခင်းအစပ် ကို ကျွန်တော်ရောက်ခဲ့လေပြီ။
ဆာနေတဲ့ ဗိုက်ကိုအသာထားပြီး၊ သူ့များတွေ ဆိုရှယ်နတ်ဝေါ့ လို့ခေါ်သော နေရာပေါ်မှာ အချိန်နဲ့ လောင်းကစား
လုပ်ခဲ့ ပြန်ပြီ။
အချိန်က ပျံတာ မြန်လွန်းလိုက်တာ ဟု တယောက်က ရေးထားတတွေ့တော် သြ အချိန်က မြန်တာလား ကို ကပဲ မနှေးတက်တော့တာလားမသိ ဟုပြန်တွေးမိပါသည်။ ဟုတ်ပါသည် အချိန်က မွေးကာစ ကလေးငယ်တဦးအတွက်လည်း တရက်မှာ ၂၄ နာရီနှုန်း နှင့် ကုန်တက်ပါသည်။ ၅ တန်းကျောင်းသူ တစ်ယောက်အတွက်လည်း ထိုနည်း၎င်း ပါပဲ။ သို့သော် ကျွန်တော်အတွက်ကတော့ အချိန်သည် တော့်တော့်ကို မြန်သောအရာပါလား။
ကျွန်တော်အလွန် ကြိုက်နှစ်သက်သော စားရေး ဆရာ တဦးလည်း မရှိတော့ပြီ။ ထို့နည်းတူ ကျွန်တော် သိပ်မသိသော ရပ်ကွက်က လူအချို့လည်း မရှိတော့ ပြီ။ လောကကြီးက ကျွန်တော်ကို့ မစောင့်ပါ။ ကိုက သာ လောကြကြီးကို စောင့်ချင်ယောင် ဆောင်နေတက်ပါသည်။ ဒီစကားစာဖတ်သူ အတွက် တအား မြင့် သွားလျှင်တောင်းပန်လို ပါသည်။
အခု မနက် ၂ နာရီ ထိုးပါပြီ (ခေတ်မှီ ဓါတ်ရှင်တွေထဲကလို အချိန်နောက်ပြန်သွားခြင်း ဖြစ်ပါသည်)။
ကျွန်တော် သိသောသူမသိသောသူမျာဧ။် ဘ၀မှများကို ဆက်လက်လေ့လာဆဲပါ။ တချို့တွေက ထူးဆန်းပါသည်၊ တချို့တွေက မရိုးသားပါ။ ဒါတွေကိုထားလိုက်ပါတော့။ ထူးဆန်းတာ က ကျွန်တော်နေ့ ခဲ့သော ရပ်ကွက် ၊ လွန်ခဲ့သော ၁၅ နှစ်ခန့် က နေရာ နှင့် ဒီ ဆိုရှယ်နတ်ဝေါ့ နှင့် တူမူ မှုခြင်းပါ။
ငယ်ငယ်တုံးက လမ်းအောက် က ဓမါ ရုံမှ လော်စပီကာနှင့် ဘယ်သူဘယ်ဝါ က ဘယ်လောက် လှုဒန်းသွားသည်ကို ကြေငြာတိုင်း ကျွန်တော်လည်းလိုက်ပြီး တုအော်ခဲ့ဘူးပါသည်။ သြ ငယ်ငယ်တုံး က ကျွန်တော် က ရေဒီယို က အနောင်ဆာ ဖြစ်ခြင်တာကိုး။ အဲဒီလိုပဲ အခု ဒီမှာလည်း တွေ့ရပါသည်။ ခက်တာက
ဒီ ဆိုရှယ်နတ်ဝေါ့ ဓမါရုံ က အလှူဒါန ကြေငြာသည် ကို ကျွန်တော် လိုက်တု ကာ အော်လို့မရခြင်းပါ။
ရပ်ကွက်ထည်းမှာ အဆင်ပြေသူတွေ က လမ်းအပေါ်ပိုင်းမှာနေပါသည်။ ရပ်ကွက်လူကြီးတို့ဘာတို့ပေါ့။ ဒီ ဆိုရှယ်နတ်ဝေါ့ ကို အပေါ်နှင့် အောက်ခွဲ ဖို့ ကျွန်တော်ကြိုးစားကြည့်ပါသည်။ ၈ တန်းက သူငယ်ချင်းက ကျွန်တော့်ကို ၀ီရာ့ ဖြစ်သည်ဟုပြောတုံး က ပျော်ပျော်ကြီး နှင့် အင်းပေါ့ ဟု ဂုဏ်ယူမိခဲ့ဘူးသည်။
ကဲ ဒီ မှာတော့ လူတွေကို အဖွဲ့လိုက်ခွဲကြည့်တော့တွေ့ပါပြီ။ သာသနာ က လူများ၊ မီဒီယာက လူများ၊ အနုပညာရှင်များ၊ ဓါတ်ဆရာများ (ဓါတ်ပုံ) ၊ မိန်းကလေးများ၊ မိန်းကလေးများ နောက်ကို လိုက်သော ကောင်လေးများ နှင့် အစအစ ရှိကြောင်းတွေ့ ရပါသည်။
ဒါကလည်း ရပ်ကွက်ထဲမှာ လိုပါပဲ။ သာသနာရှုင်များ ကတော့ အေးအေး ဆေးဆေးပါပဲ။ တခါတခါ အကြောင်းသင့်ရင် သင့်သလို စာလေးတွေလာရေးပြပါတယ်။ စိတ်ညစ်စရာ တွေဘာတွေ တင်မိတဲ့အခါလိုပေါ့။ ဒီလိုပါပဲ သဘောပေါကပြီထင်ပါတယ်။
ဒီလိုအကြောင်းတွေစဉ်းစားရင်းနဲ့ မနက် ၃ နာရီရောက်ခဲပါ့ပြီ
သြ ဒီအချိန်ငါ့ ရည်းစားဟောင်းဘယ်များရောက်နေ ပါလည်း လို စာမျက်နှာ ၁၅ သီချင်း သူများတင်ထားတာတွေ့တော့ပြေး တွေးမိပါတယ်။ လွမ်းစရာတွေ ကို လူတွေဘာကြောင့် လူသိရှင်ကြားဖြစ်စေချင်ရပါလိမ့်။ လွန်ခဲ့တဲ ၁၅ နှစ်က ကဒီလိုမျိုး အဖြစ်ကို ဘယ်လို ဖော်ပြမှာမလဲလို့တွေးမိသေးတယ်။ လူသိရှင်ကြား ကတ်ဆက်ကြီးဖွင့်ပြီး အော်ဆိုချင် အော်ဆိုမိမှာပေါ့နော်။ ဒါမှမဟုတ် အိမ်ရှင်မှာ ဆိုင်းပုတ်တောင် ပြီး
ဒန်း ဒန်း ဒန်း အိုင်ဝစ် ယူအာ ဟီးယား
လို့ရေးချင် လည်းရေးမိမှာပေါ့
ကဲပါထားလိုက်ပါတော့ ဆက်ရေးရင် ထမင်းငတ်တော့မယ်။
Comment #2
he,,he,,.
Comment #3
ဆက်ရေးရင်လည်း စာဖတ်သူတွေရွာသာကြီးသွားရပါတော့မယ် 🙂 ။
Comment #5
ရွာသာကြီးကနေကျွန်တော်စောင့်ကြိုပေးရအောင် ကျွန်တော်ကစိတ်ရောဂါကုဆရာဝန်မဟုတ်ဘူးဗျ
ဝမ်းနည်းပါတယ် ဆယ်တန်းတုန်းက စာသိပ်မကြိုးစားခဲ့တော့ဆေးကျောင်းမတက်ခဲ့ရဘူး အဲ့တော့ ခင်ဗျားဘဲအဲ့နေရာကနေသွားစောင့်လိုက်တော့ ။
Comment #6
😛
ei saunt nay me,
khu ei ka ywar tar g hmar yout nay p.
😛
lu 1 yout ko feeling ta khu khu pay naing lout de yae dar chat tway ko lae sarr mi par kyaung,,,,,,,,,,,,
Comment #1
အချိန်က ပျံတာ မြန်လွန်းလိုက်တာ ဟု တယောက်က ရေးထားတတွေ့တော် သြ အချိန်က မြန်တာလား ကို ကပဲ မနှေးတက်တော့တာလားမသိ ဟုပြန်တွေးမိပါသည်။ ဟုတ်ပါသည် အချိန်က မွေးကာစ ကလေးငယ်တဦးအတွက်လည်း တရက်မှာ ၂၄ နာရီနှုန်း နှင့် ကုန်တက်ပါသည်။ ၅ တန်းကျောင်းသူ တစ်ယောက်အတွက်လည်း ထိုနည်း၎င်း ပါပဲ။ သို့သော် ကျွန်တော်အတွက်ကတော့ အချိန်သည် တော့်တော့်ကို မြန်သောအရာပါလား။