ကျွန်တော်ပြောဖူးတဲ့ အသံမဲ့စကားလုံးများ (မိုးထက်အောင်)
ဆောင်းတစ်ခုရဲ့မျက်စောင်းကြောင့်ကောင်းကင်မှာနှင်းတွေဝေကျလာခဲ့ပြီ။အငွေ့ ပျံအနမ်းတစ်ခုရဲ့တေးသွားမှာ ဘယ်အလင်္ကာမှပါမလာခဲ့ဘူး။အဝေးဆုံးဆိုတဲ့ခေါင်းစဉ်အောက်မှာပဲအိမ်မက်တွေနိဒါန်းစခဲ့ရ။ဘယ်နေရာမှာ ဘယ်သူတွေ ဘာမှားခဲ့ကြလို့ 
လဲ။လက်ကျန်မျှော်လင့်ချက်နဲ့ အနာဂတ်ကိုအသက်ဆက်။ဂျစ်ပစီတစ်ယောက်ရဲ့လက်ဖ၀ါးမှာဖဲချပ်တွေဗျာများသွားခဲ့ရတယ်။ကကြိုးပျောက်ခဲ့
ရတဲ့မြောက်လေအေးအေးတွေထဲမာနတွေမျောပါ။ငါဆိုတာနင်မမြင်နိုင်ခဲ့တဲ့အမှုန်အမွှားသေးသေးလေးတစ်ခုပါ။
ရင်ဘတ်ခြင်းလောင်းကြေးထပ်ခဲ့ရတဲ့ကစားပွဲတစ်ခုမဟုတ်ခဲ့ရပါဘူး။ဒါပေမယ့်ဒီကောင်ပဲလွင့်ခဲ့ရတယ်။အတ္တနက်နက်နင့်စကားလုံး
တွေထဲမနက်ဖြန်ဆိုတာတွေတိုင်းမှာလည်းဒီကောင်ပဲအရှုံးပေးခဲ့ပါတယ်။ဝိသေသထူးတွေနဲ့ အမျိုးမျိုးနာမည်တပ်။ငါဆိုတာနင့်အတွက်
မကောင်းတဲ့နတ်ဆိုးတစ်ပါးဆိုတာပဲလူသိရှင်ကြားကြေငြာပေးပါ။
အနှစ်မဲ့ကဗျာတွေနဲ့ လူလားမြောက်ခဲ့ရတဲ့ဒီရင်ဘတ်။ဘယ်ခံစားမှုတွေနဲ့ ကာရံတွေရေးဖွဲ့ နေရဦးမလဲ။အဖော်မဲ့အခန်းလေးထဲမှာ
စာရွက်အပိုင်းအစတွေပြန့် ကျဲသွားခဲ့ရပြီ။သေမင်းရဲ့နဖူးမှာ ခင်ဗျားအရူးလို့ ရေးကြည့်ခဲ့ချင်တယ်။ဒီလိုကောင်ကိုမှမခေါ်ပဲတွေဝေနေခဲ့တာ
ရင်နာတယ်။ဒီကောင်ဆိုတဲ့ငါကနင့်အတွက်တော့လမင်းတဖြစ်လဲဆီမီးခွက်ပါ။လေပြေတစ်ချက်အတိုးမှာပဲအလင်းရောင်တွေဆိတ်သုဉ်း
သွားခဲ့ရတယ်။ခေါက်ရိုးကျိုးအော်မြည်သံနဲ့ ဘယ်အရာတွေကိုလွမ်းတမ်းတနေရဦးမလဲ။ရှုံးပါးဝနေတဲ့လူတစ်ယောက်မှာနောက်ထပ်အရှုံး
ဆိုတာတွေကိုလည်းခပ်ပြုံးပြုံးလေးခံစားနေတတ်ခဲ့ပါပြီ။မက်မောစွာပဲရှုံးနိမ့်နေပါရစေတော့။
ဟောဒီ့လက်နှစ်ဖက်မှာဘယ်လက်နက်မှပါမလာခဲ့ပါဘူး။နင့်မျက်စောင်းတစ်ချက်အထိုးမှာရင်ဘတ်ကျိုးခဲ့ရပါတယ်။စစ်မောင်းသံ
တွေနဲ့ နင်ပျော်ပါးပါ။ငါ့သူရဲကောင်းမလေးဝံ့ကြွားနေတာပဲမြင်ချင်တယ်။နင့်နှုတ်ခမ်းနဲ့ သေခဲ့ရတဲ့အိမ်မက်တွေပွေ့ ဖက်။ဒီစစ်တလင်းကစ
ငါနင့်ရဲ့အကျဉ်းသားဖြစ်ခွင့်ရတာကိုပဲဂုဏ်ယူတယ်။တရားသေကောက်ချက်တွေထဲဒီကောင်ပဲစင်းစင်းသေပေးခဲ့ပါတယ်။အမြတ်နိုးဆုံး
လူသားကိုစကားလုံးပြင်းပြင်းတွေနဲ့ သာရက်စက်ပါ။
အဝေးကရထားတစ်စင်းရဲ့နှုတ်ဆက်ခြင်းမှာလဲကျ။မြက်ရိုင်းပန်းတွေကြွေတဲ့ပွင့်ဖတ်တွေကိုမပီမသငေးမော။တစ်ကွက်ချင်းမြင်
ယောင်လာတဲ့အတိတ်ရဲ့ပြကွက်မှာဝေဒနာတွေတော်တော်များခဲ့ရတယ်။သုံးရာသီအလွမ်းတွေနဲ့ ဘ၀ကိုဖြတ်သန်းရင်းနစ်မြုပ်။ကောင်းကင်
နဲ့ မြေကြီးအကြားမွန်းကျပ်စွာရှင်သန်နေခဲ့ရတယ်။အသက်ရှူရပ်မယ့်နေ့ စွဲလေးတွေအတွက်မနက်ဖြန်တိုင်းကိုကြိုတင်ပြီးနှုတ်ဆက်ထား
ပါတယ်။ဘ၀ဆိုတာသံသရာထဲမှာစက္ကန့် သုံးဆယ်စာပြကွက်လောက်တောင်မရှိခဲ့ပါဘူး။ငါ့အတွက်တော့ပူလောင်ခြင်းတွေထည်ဝါစွာဖြစ်
ထွန်းလာခဲ့တယ်။နေဆိုတာလည်းငါမြိုချထားမိတဲ့ရင်ဘတ်ထဲကသစ်သီးတစ်လုံးပေါ့။
အချိုမြိန်ဆုံးရင့်သီးမှုတွေနဲ့ ထုသားပေသားကျနေပါပြီ။ရေစိမ်ခံအသည်းနဲ့ လူဘယ်အေးစက်မှုကိုမှအထူးပြုပြီးမှုမနေတော့
ပါဘူး။မျက်ဝန်းတွေ၊စကားလုံးတွေ၊ကဗျာတွေအေးစက်။အရှင်လတ်လတ်ဆောင်းတွင်းထဲပစ်ချခံခဲ့ရတယ်။နှင်းမိုးတွေကြွေကျတဲ့ဒီကောင့်
ကမ္ဘာမှာမျက်ဝန်းတွေဆွတ်ဆွတ်စိုသွားခဲ့ရတယ်။တစ်ခါတုန်းက… အဲဒီ့တစ်ခါတုန်းကပုံပြင်လေးကိုပဲမွတ်သိပ်စွာတောင့်တနေခဲ့မိတယ်။
ကူကယ်ရာမဲ့အလွမ်းတွေမိုးယံမှာလွင့်ပျံပါစေတော့။
ခြေရာမဲ့တိမ်တွေထဲစိတ်ကူးတွေမျောပါသွားကြတယ်။အဖော်မဲ့ဂျစ်ပစီတစ်ယောက်ရဲ့ကျောပိုးအိတ်ထဲမှာလေလွင့်ခြင်းတွေ
ထုပ်ပိုး။ဘယ်သောင်လဲ၊ဘယ်ကမ်းလဲ။အဆုံးမဲ့ခရီးနဲ့ တေးသွားတွေလတ်ဆတ်ဖို့ ကြေကွဲခြင်းတွေပဲရင်ဘတ်ထဲပျိုးခဲ့ရတယ်။လူဆန်ဆန်
အတ္တနဲ့ စွန့် လွှတ်ခဲ့ပါတယ်။ပျော်ရွှင်ခြင်းဆိုတာငါ့အတွက်မမျှော်လင့်ရဲတဲ့ဂီတပါ။အနာဂတ်တွေသိပ်သည်းဆနည်းပါးလာခဲ့ပြီ။ဦးတည်ရာမဲ့
သံသရာထဲလွင့်မျောပြီးရင်းလွင်မျော။ငါလူမိုက်ပါ….။ဘယ်အမြိုက်ဆေးတရားမှတိုက်ကျွေးမနေပါနဲ့ တော့။ဆံဖျားကနေခြေဖျားအဆုံး
ငါ့တစ်ကိုယ်လုံးနင့်အမုန်းတွေနဲ့ လောင်ကျွမ်းနေပါရစေ။
တစ်စွန်းတစအပြုံးတွေထဲနစ်ဝင်သွားခဲ့ဖူးတယ်။တစ်ခွန်းတလေစကားတွေထဲကြည်နူးခဲ့ဖူးတယ်။နင့်မေးစေ့အောက်ကမှဲ့ က
လေးရယ်၊နင့်ဘယ်ဖက်ပါးပြင်ဖွေးဖွေးလေးရယ်၊တီတီတာတာပြောတတ်တဲ့နင့်နှုတ်ခမ်းပါးပါးလေးရယ်၊နင်ဖန်တီးခဲ့တဲ့နင့်ကဗျာလှလှ
လေးတွေရယ်။အဲဒါတွေကလွဲငါဘာမှမက်မောခြင်းမရှိခဲ့ပါဘူး။အမြင့်ပျံငှက်ကလေးကိုဘယ်လက်နက်မှမပစ်ချရက်ခဲ့တဲ့သူ။နင်မကြည်ဖြူပဲ
မုန်းပါ။ပြိုင်ပွဲမဟုတ်ပေမယ့်အရှုံးပေးပါတယ်လို့ ဝန်ခံပါတယ်။ငါ့ရင်ဘတ်တမ်းခြင်းမှာနင့်သတင်းကလွဲပြီးဘာကိုမှစိတ်မ၀င်စားခဲ့ပါဘူး။
တစ်ထောင့်တစ်နေရာ တစ်ခြောင်ခြောင်မှာခပ်ကုပ်ကုပ်လေးဆွေး။တစ်ခါတုန်းက…နင်လည်းငါ့ကိုချစ်ခဲ့ဖူးပါတယ်လို့ တွေးရင်းဖြေသိမ့်
နေပါ့မယ်။
မခေါ်ရက်ခဲ့ပါဘူး။ဘ၀ကနည်းနည်းပူပါတယ်။ပက်ကြားအက်အိမ်မက်တွေဆက်မမက်စေချင်တဲ့သူ။ငါ့အတ္တတွေနင့်အတွက်
အမြဲတမ်းဖြူစင်ခဲ့ပါတယ်။မနေနိုင်မထိုင်နိုင်တမ်းတနေတတ်တဲ့စိတ်ရိုင်းကိုချွန်းအုပ်။နင်မသိဖို့ အလွမ်းတွေထိန်းချုပ်နေမိတယ်။
နင့်အတွေး၊နင့်စာ၊နင့်ကဗျာနဲ့ နင့်ပတ်ဝန်းကျင်မှာ ငါဆိုတဲ့လူဆိုးကိုမှိုချိုးမျှစ်ချိုးပြောနိုင်ပါတယ်။ငါဆိုတဲ့ဗီလိန်ရင်ဘတ်တွေနဲ့ စိန်ပြေး
တမ်းကစားတတ်တဲ့သူလို့ ပေါ့။
(နိဂုံး………………..)
ကောင်းကင်တစ်ခု၊မြေကြီးတစ်ခု၊လူတစ်ယောက်၊သူချစ်တဲ့ကောင်မလေးတစ်ယောက်၊ကဗျာ၊အက်ဆေး၊သတိရခြင်း၊
တမ်းတခြင်း၊လွမ်းဆွတ်ခြင်း၊ဒဏ်ရာတွေကုစားနေရတဲ့အခန်း၊ဆေး၊ဆေးထိုးအပ်၊ဆရာဝန်တစ်ယောက်ရဲ့ညွှန်ကြားချက်၊မတွေ့ နိုင်ခြင်း၊
မတွေ့ ဆုံခြင်း၊ရွှေတိဂုံဘုရား၊မြောက်ဘက်မုခ်၊သောကြာထောင့်၊စိတ်ဆိုးခြင်း၊နာကြဉ်းခြင်း၊မုန်းတီးခြင်း၊ခွင့်လွှတ်ခြင်း၊သည်းခံခြင်း၊
မျှော်လင့်ခြင်း…………………………….
မျှော်လင့်ခြင်း…………………………………………….
မျှော…..် လင့်……. ခြင်း…….
ဆောင်းတစ်ခုရဲ့မျက်စောင်းကြောင့်နှင်းတွေဝေကျလာခဲ့တယ်။အရှင်လတ်လတ်ဆောင်းတွင်းထဲပစ်ချခံခဲ့ရတဲ့သူ။
မျက်ဝန်းတခိုမှာ…နှင်းတွေ…ဆွတ်…ဆွတ်…စိုနေခဲ့ပါတယ်။
မျက်………..၀န်း………တ……..ခို……….မှာ………..
နှင်းတွေ…………ဆွတ်ဆွတ်စိုနေခဲ့တာ……..
……………………………………………………………………………………………………………………………………….
(နင်မသိနိုင်ခဲ့တာပဲကောင်းပါတယ် ကျွန်တော့်ရဲ့ကဗျာရယ်………….)။
မိုးထက်အောင်
Comment #4
why?
why don’t u let her know?
Comment #5
ကိုမိုးထက်အောင်ရေ အရေးအသားကတကယ်ကိုပြောင်မြောက်တယ်ဗျာ
စာရှည်ပေမယ့် ဖတ်တဲ့လူတွေမပျင်းအောင်တော်တော်ရေးနိုင်တာဘဲ
လေးစားတယ်ဗျို့
ကိုယ့်ကိုယ်ကိုတော့ အရမ်းကြီးပစ်ပစ်ခါခါမပြောနဲ့ဗျ
လူ့ဘဝဆိုတာ ရခဲပါတယ် နာကျင်မှုကိုနားမလည်လို့ဒီလိုပြောတယ်လို့တော့မထင်ပါနဲ့ ကျွန်တော်စေတနာသန့်သန့်နဲ့ပြောင်ခြင်းပါ ။
Comment #8
အားပေးတဲ့သူငယ်ချင်းအားလုံးကိုကျေးဇူးအထူးတင်ပါတယ်ဗျ…….
ကိုX-ray ရေ……..
လူ့ ဘ၀ရခဲမှန်းသိပါတယ်ဗျာ ကိုယ့်ကိုယ်ကိုတစ်ခါတလေတော့နည်းနည်းနာတယ်ဗျ။
အကြံဥာဏ်ပေးတဲ့အတွက်ကျေးဇူးအထူးတင်ပါတယ်ဗျာ။ 🙂
Comment #10
နောက်တခါထပ်ဖတ်ရှု ခံစားသွားပါတယ်
သတိရနေပါတယ်
ကဗျာလေးတွေပျောက်နေတယ်………
လေးစားလျှက်
Comment #11
လွမ်းမိပါသည် :-‘(
Comment #1
နင်မသိနိုင်ခဲ့တာပဲကောင်းပါတယ် ကျွန်တော့်ရဲ့ကဗျာရယ်