နှုတ်မဆက်သွားသော သူငယ်ချင်းတစ်ယောက်အကြောင်း…………….။
နှစ်ဆန်းတစ်ရက်နေ့။ အဲဒီနေ့ပေါ့ မင်းငါ့ကို ဘာမှနှတ်မဆက်.. အသိမပေးပဲနဲ့ လောကကြီးကနေ ထွက်ခွာသွားခဲ့တာ…..တိုက်တိုက်ဆိုင်ဆိုင် အဲဒီအချိန်မှာပဲ ငါက မင်းအကြောင်းကို အခြားသူငယ်ချင်းတစ်ယောက်နဲ့ စကားလက်ဆုံကျနေမိတာ…။…..။ မောင်ကြီး၊ သီဟမောင်၊ ပြီးတော့ (ဆရာမတွေမင်းကိုခေါ်ကြတဲ့) ရှည်ရှည်ကောင်၊ အရှည်ကြီး။ မင်းရဲ့နာမည်၊ နောက်မင်းရဲ့ နာမ၀ိသေသနတွေအများကြီး။ ငါဘယ်တောမှ မမေ့နိုင်ဘူး။ မင်းက အရပ်ရှည်သလို စိတ်လည်းရှည်တယ်။ ပြီးတော့ ငါလက်လှမ်းမမှီတဲ့ အရာတွေကို မင်းကခြေဖျားထောက်လေးထောက်ပြီး ယူပေးခဲ့ဖူးတယ်…ငါကမင်းကိုပြန်လုပ်ပေးနိုင်တာက စားပွဲခုံအောက်ထဲ ပြတ်ကျသွားတဲ့ မင်းဘောလ်ပင်ကို ပြန်ကောက်ပေးနိုင်တာပဲ ရှိခဲ့တယ်… မင်းပြောတော့ မင်းဆေးရုံကဆင်းရင် ငါတို့…. ထုံးစံအတိုင်း ရှော့ပင်းမောတွေလျှောက်သွားပြီး ဘောလ်ပင်လေးတစ်ချောင်းဝယ်ပြီးတော့ ကောင်မလေးတွေ လိုက်ငမ်းမယ်ဆို…. လိုင်းကားကို ကားခမပေးပဲ ဘေလျှောက်စီးပြီး တစ်နေရာပြီးတစ်နေရာရွေ့ကြမယ်ဆို……….ခုတော့ မင်း…..၊မင်းကွာ……။ ငါတို့…….မြီးကောင်ပေါက်စဘ၀….။ ငါတို့ကိုမတရားတဲ့ ပုဂိုလ်ရဲ့ အိမ်ကို နေ့ခင်းကြောင်တောင်ကြီး အုတ်ခဲနဲ့သွားထုခဲ့ဖူးကြတယ်…. မိုးရွာထဲမှာ ခမောက်ကြီးတွေဆောင်းလို့ ခုံဖိနပ်တွေစီးပြီး အမှတ်(၃)လမ်းမကြီးပေါ်မှာ လမ်းလျှောက်ပြီး ဂစ်တာတီး၊ ကောင်မလေးတွေနောက်လိုက်ပြီး သီချင်းတွေဆိုခဲ့ကြဖူးတယ်…. ရန်ဖြစ်ရင် ဘယ်အချိန်မဆိုမင်းနဲ့ ငါနဲ့က မဟာမိတ်တွေဖြစ်ကြပြီးတော့ ငါတို့အနိုင်ရတဲ့အခါမှာ ပျော်လို့ လက်ဖက်ရည်ဆိုင်မှာ မမောနိုင်မပန်းနိုင် အရသာရှိရှိနဲ့ ပြန်ပြီးပြောကြ၊ စားမြုံ့ပြန်ကြနဲ့……အရေးနိမ့်တဲ့ အခါကျတော့ တစ်ယောက်မျက်နှာ တစ်ယောက်ပြန်ကြည့်ပြီးတော့…သူ့မျက်နှာက ပိုရုပ်ဆိုးတယ် ကိုယ့်မျက်နှာက ပိုယောင်ကိုင်းတယ်နဲ့ ပြန်ပြီးရယ်ကြမောကြ…..။မင်းနဲ့ ငါနဲ့…….အတူတူ အမြဲတမ်းရှိခဲ့ဖူးကြ….။ မိန်းကလေးတစ်ယောက်ကို ပြိုင်တူ စိတ်ဝင်စားမိပြန်တော့လည်း မင်းက မင်းခံစားချက်ကို ရင်ထဲမှာပဲ ထားပြီး ရှော်ပေးခဲ့ပြီး ငါ့ကိုမင်းက အပြည်အ၀ကူညီထောက်ခံပေးခဲ့ပြန်ရော…..နောက်ကျမှငါပြန်သိတော့ ငါလည်း စိတ်မကောင်းဖြစ်မိပြန်ရော….. မင်းငါ့အပေါ်ကောင်းခဲ့တာတွေ….ပြန်စဉ်းစားတော့ အံ့ရော အံ့ရော….. ထူးဆန်းပါပေ့ကွာ….သေခြင်းတရားတဲ့။….တော်တော့်ကို အူကြောင်ကြောင်နိုင်ဖို့ကောင်းပါတယ်… မင်းလိုလိမ္မာတဲ့ သားတစ်ယောက်…ပတ်ဝန်းကျင်ကို ဘယ်တော့မှ မဟုတ်တာ မလုပ်တဲ့ လူကောင်းတစ်ယောက်အတွက်ကျတော့ အသက်ရှူချိန်က နည်းလွန်းခဲ့တယ်….ငါတို့လို လူဆိုးသားမိုက်တွေအဖို့ကျတော့ သက်ဆိုးရှည်နေပြန်ရော…..။.မင်းငါ့ကို စာရှင်းပြဖူးတာတွေ…..ဘိုင်ပြတ်တဲ့အချိန် ဗီဒီယိုကားထဲက စုံတွဲတွေလို အအေးတစ်လုံးကို နှစ်ယောက်သောက်ခဲ့ကြတာတွေ….ပြန်သတိရတယ်ကွာ…ကျောင်းကို နောက်အကျဆုံးမှ ရောက်လာတဲ့ကောင်ကို မု့န်ဝယ်ကျွေးကြေး၊ လိမ္မော်သီးဖတ်တွေနဲ့ အနားကပ်ပြီးမျက်လုံးကို ညှစ်ကြတာတွေ၊ စစ်တိုက်ခဲ့ကြတာတွေ….ငါတို့ရဲ့ survival ဂိမ်းတွေ…နောက်ပြီး ကျူရှင်ပြေးခဲ့တာတွေ…ကျောင်းပြေးပြီး တစ်နေကုန်ဂိမ်းဆော့ခဲ့ကြတာတွေ….အာလား………အများကြီးပါပဲ….. ခုမင်း ဘယ်လိုရှိမလဲ၊ ဘယ်လိုနေမလဲ မသိဘူးနော်……မင်းရဲ့နောက်ဆုံးမျက်နှာတောင် ငါမမြင်လိုက်ရဘူး…။ငါညံ့ပါတယ်….မင်းရဲ့ နောက်ဆုံးအချိန်မှာ ကျိန်းသေပေါက်ငါရှိသင့်တာပေါ့….မင်းကလည်း ချက်ချင်းအကောင်းကြီးကနေ ရုတ်တရက်ထွက်ခွာသွားတော့……………… နောက်ဆုံး………….. မင်းထွက်ခွာသွားခဲ့တဲ့ နှစ်ဆန်းတစ်ရက်နေ့ညကို ငါ………..သတိရနေမိတယ်ကွာ…..မင်းလည်း ရောက်ရာအရပ်မှာ အဆင်ပြေပါစေ…ငါလည်း ဒါလေးပဲ တတ်နိုင်တယ်….နောက်ပြီးတော့…..အခြားဘော်ဒါတွေနဲ့ တွေ့ရင် ပိုသတိရလာမိတယ်ကွာ……..ဟေ့ကောင်…ငါမင်းကိုလွမ်းတယ်ကွ…………။….။
Comment #1
ကျနော် share ပါရ စေ