်fiction
“မျက်နှာစိမ်း”
မင်းထက်ညိမ်း(idea မဂ္ဂဇင်း၂၀၀၄)၊မြန်မာ အက်ဆေး ၁၀၀(စိတ်ကူးချိုချို)
နံနက်ခင်းဟာ နေရောင်ခြည်ကို ၀တ်ပြီး အခန်းရှေ့ကို ရောက်လာတယ်။ကျွန်တော် မအိပ်ဘဲ ညကို ထိုင်ကြည့်နေတာ။ပင်ဆယ်ဗေး
နီးယားပြည်နယ်က ပြောင်းခင်းထဲကို သွားချင်တယ်ဗျာ။ အဲဒီမှာ အသားအရောင် ခွဲခြားမှုတွေ မရှိဘူး။
အခန်းတစ်ခန်းလုံး ငြီးငွေ့ခြင်းတွေနဲ့ ကျပ်ထုပ်နေတယ်။ကျွန်တော်ဟာ မလွတ်မြောက်နိုင်မှန်း သိလျက်နဲ့ ထွက်ပြေးကြည့်ချင်နေမိ
တယ်။ဆိုင်းသံ ဗုံသံတွေနဲ့ ရက်ဖောက်ထားတဲ့ ခေတ်ပေါ်သီချင်းတစ်ပုဒ်ဟာ သံဆူးကြိုးစလို ကျွန်တော့်နားထဲဝင်လာတယ်။အခန်းတံခါး
ဟာ ပွင့်လျက်။အလင်းရောင်တချို့ဟာ တံခါးပေါက်နဲ့ဆံ့သလောက် အခန်းထဲကို ဖြာကျနေပုံက ကန့်သတ်ချုပ်ချယ်ထားမှုကို လွန်ဆန်
နိုင်ပုံမပေါ်ဘူး။
Comment #1
။ကျွန်တော်ဟာ မလွတ်မြောက်နိုင်မှန်း သိလျက်နဲ့ ထွက်ပြေးကြည့်ချင်နေမိ
တယ်။