အချိန်နှင့်ကျွန်တော်..။
ကျွန်တော့်တွင် လက်ပါတ်နာရီတစ်လုံးရှိပါသည်…။ ထိုနာရီသည် စကားမပြောတတ်ပါ ။ သို့သော် သူက ကျွန်တော့်အား နေ့ရက်
တိုင်းတွင် အလုပ်တော်တော်များများကို သူ့၏ ပြယုဂ်များနှင့် ခိုင်းစေညွှန်ကြားတတ်ပါသည်…။
ကျွန်တော်သည် လက်ပါတ်နာရီတစ်လုံးမှ ပြဆိုသော အချိန်များကိုကြည့်၍ အလုပ်လုပ်သော သူမဟုတ်ပါ…။
ကျွန်တော် အချိန်နှင့် အလုပ်မလုပ်ပါ ။ အလုပ်နှင့်သာ အချိန်လုပ်ပါသည်…။ ထိုကြောင့် ကျွန်တော့်လက်ပါတ်နာရီနှင့် ကျွန်တော်
သည် ခန္ဓာကိုယ်တစ်ခုတွင် အတူနေကြလင့်ကစာ သဟဇာတ မဖြစ်ကြပါ..။ ကျွန်တော်သည် အချိန်ကြည့်၍ စိတ်ပါသည် ဖြစ်စေ……
မပါသည် ဖြစ်စေ အောင့်အီးသည်းခံ၍ အလုပ်လုပ်ကိုင်ရှင်သန်နေသော ဘ၀များအား အလွန်မုန်းပါသည်…။
အဘယ့်ကြောင့်ဆိုသော်…… မိမိတစ်ဦးပိုင် အချိန်ကာလအား ဘောင်တစ်ခုထဲတွင်အသတ်မှတ်ခံထား၇ခြင်းကြောင့် ဖြစ်ပါ သည်.။ ဒီအချိန်တွင် သွားရမည်..။ ဒီအချိန်တွင် စားရမည်..။ဒီအချိန်တွင် အိပ်ရမည်..။ ထိုကဲသို့ ပိုင်းခြားထားသော သတ်မှတ်ချက် အချိန် များသည် လူတစ်ဦး၏ လွတ်လပ်ပိုင်ခွင့်ကို ကန့်သတ်ထားသည် ဟုကျွန်တော်မြင်ပါသည်..။
ထိုသို့သော အချိန်၏ ကန့်သတ်ချက်များအတိုင်း ရှင်သန်လှုပ်ရှားနေရသော လူတစ်ယောက်သည် အဘယ်မှာလျှင် သက်ရှိလူတစ်
ယောက်နှင့် တူနိုင်ပါမည်နည်း…။ အကယ်စင်စစ် အချိန်၏ ညွှန်ကြားခိုင်းစေမှုအောက်တွင် ငြင်းပယ်နိုင်ခြင်းကင်းမဲ့သော စက်ရုပ် တစ်ရုပ်နှင့် တူသော လူသာလျှင် ဖြစ်ရပါလိမ့်မည်…။
သို့ဆိုလျှင် ကျွန်တော်တို့သည် မိမိကိုယ်ကို ပိုင်သည် ဟုသော ဝေါဟာရကို အဘယ်သို့ သရုပ်ပြနိုင်ပါအံ့နည်း..။ကျွန်တော်တို့
သည် စက်ကိရိယာများနှင့်တည်ဆောက်ထားသော “”စက်ရုပ်”” များ မဟုတ်ကြပါ..။ ကျွန်တော်တို့သည် စိတ်ပိုင်း၊ ရုပ်ပိုင်း အသွေး
အသားပိုင်းများနှင့် တည်ဆောက်ထားသော ခံစားမှုရှိသည့် သက်ရှိလူသားများ ဖြစ်ပါသည်..။
ထို့ကြောင့် ….. မိမိခန္ဓာကိုယ်၏ လှုပ်ရှားပြုလုပ်ဆောင်ရွက်ချက်များကို မိမိကိုယ်၌ကသာလျှင် ရွေးချယ်စီမံ စိုးမိုးချယ်လှယ်ခွင့်
ရှိပါသည်…။ လူ့ဘ၀၊ လူ့လောက ၊လူ့အသိုင်းအ၀ိုင်း၏ ရပ်တည်ရှင်သန်မှု အချို့တွင် အချိန်သည် တချို့တ၀က် အရေးပါ အရာ
ရောက်ကောင်း ရောက်နိုင်ပါသည်..။ သို့သော် နေရာတကာတိုင်းတွင် မိမိကိုယ်ကို အချိန်များနှင့် မကန့်သတ်သင့်ကြပါ..။အချိန်
သည် ကာလတစ်ခု ၊ သက္ကရဇ်တစ်ခု၏ ရောက်ရှိရာ နေရာညွှန်ပြ ပြဌာန်းချက်သာ ဖြစ်ပါသည်…။
သက်ရှိများအား မလိုက်နာရင် မနေရ ပြဌာန်းထားသော စည်းမျဉ်းတစ်ခု မဟုတ်ပါ..။ သက်ရှိများ၏ ရပ်တည်ရှင်သန်မှုအတွက်
တစ်စိတ်တစ်ဒေသ ကူညီထောက်ပံ့ပေးသော ပြစားခံအကူအညီပြု ပစ္စည်းတစ်ခုသာ ဖြစ်ပါသည်..။
ကျွန်တော်သည် အချိန်၏စေစားမှုအောက်တွင် မိမိကိုယ်ကို ကျေးကျွန်အဖြစ်မခံနိုင်ပါ..။ အချိန်သည် သက်ရှိ မဟုတ်ပါ..။ သက်ရှိ
သည် ကျွန်တော်သာ ဖြစ်ပါသည်..။ ကျွန်တော်သာလျှင် အတန်အသင့် ဖန်တီးနိုင်စွမ်းရှိသော သက်ရှိလူသားဖြစ်ပါသည်..။
အချိန်သည် အရာအားလုံးကို မဖန်ဆင်းနိုင်ပါ..။ သက်ရှိများသာလျှင် ဖြစ်ခြင်း ၊ပျက်ခြင်းနှင့် အရာရာပြောင်းလဲခြင်းကို ဖန်တီးနိုင်ပါ
သည်..။
ထို့ကြောင့် ။
အချိန်သည် ကျွန်တော့်၏ ကျေးကျွန်မဟုတ်သလို “””””””” ကျွန်တော်သည်လည်း အချိန်၏ အခိုင်းအစားခံ မဟုတ်ပါ…။ ကျွန်တော်
အချိန်နှင့် အလုပ်မလုပ်ပါ..၊ အလုပ်နှင့်သာ အချိန်လုပ်ပါသည်…။
“”ဒီအချိန်တွင် ငါဒါလုပ်ရမည်..”” ဟု ကျွန်တော့်တွင် မရှိပါ ။ “”ဒီအချိန်တွင် ငါ ဒါကို လုပ်နိုင်ခဲ့သည် “” ပဲ ကျွန်တော့်တွင် ရှိပါသည်
။ သို့အတွက်ကြောင့် ကျွန်တော့်တွင် လုပ်ဆောင်ရန်ရှိသည့် ကိစ္စများအတွက် သတ်မှတ်ပြဌာန်းထားသော အချိန်မရှိပါ ။ သို့သော်
ကျွန်တော့်တွင် ဘယ်အချိန်က ကျွန်တော် ဘာကိုပြုလုပ်ခဲ့သည်ဟူသော ပြယုဂ်များကတော့ ကျွန်တော်ဖြတ်သန်းခဲ့ရာ သမိုင်းတစ်
လျှောက်တွင် အမြောက်အမြား ကျန်ရှိနေခဲ့ပါသည်..။
အတိတ်ကာလသည် ပြီးခဲ့၍ အနာဂါတ်ကာလသည် ကျွန်တော့်ထံ ရောက်မလာသေးနိုင်သေးပါ ။ ထို့ကြောင့် ကျွန်တော် “” ပစ္စုပ္ပန်
တည့်တည့်၌ ရောက်ရှိနေသော အချိန်တွင် ရရှိလာသော အမှုကိစ္စကို အကောင်းဆုံး ဖြစ်အောင် ဆောင်ရွက်ပါသည်…”” ။
“”ကျွန်တော် အချိန်နှင့် အလုပ်မလုပ်ပါ ။ အလုပ်နှင့်သာ အချိန်လုပ်ပါသည် “” အဘယ့်ကြောင့် ဆိုသော် ကျွန်တော် ရောက်ရှိနေ
သော ကာလသည် ပစ္စုပ္ပန်တည့်တည့်ကျနေသော အချိန်များ ဖြစ်နေခြင်းကြောင့်သာ ဖြစ်ပါသည်….။
ကကြီး။
http://kagyi13.blogspot.com/
http://kyagee13.blog.com/.
http://kagyi.wordpress.com/
http://kyagee13.multiply.com/