ဘာမှန်းမသိ။
ဘာမှန်းမသိ..။
စားတယ်….. စားတယ် မနက်စားလိုက် နေ့လည်စားလိုက် ညမှာ စားလိုက်နဲ့ စားသလောက် ၀သလား မေးတော့…မ၀သေး ဘူးထပ်စားချင်တာပဲ…. ဘာစားချင်လဲ မေး မသိဘူး..။
သွားတယ်…သွားတယ် မနက်မိုးလင်းတာနဲ့ သွားနေကြတာပဲ ….နေ့လည်လဲ သွားနေကြတာပဲ… ညမှာလဲ သွားနေကြတာ ပဲ.. ဘယ်ကိုရောက်သလဲ မေးကြည့်…ဘယ်မှ မရောက်ဘူး…သွားသာ သွားနေတယ် ပြစရာ ခရီးကမရှိဘူး..။
ပြောတယ်…. ပြောတယ် စကားတွေ …. တစ်နေ့ တစ်နေ့ မနားတမ်းကို ပြောနေကြတယ်..ဟိုအကြောင်း ဒီအကြောင်း တစ်ခုပြီး
တစ်ခုကို မမောမပန်း ပြောကြတယ်… ဘာတွေပြောသလဲ မေးလိုက် ဘာတွေပြောမှန်းကို မသိဘူး….။
ရှာတယ်…ရှာတယ် ရသမျှ အလုပ် အကုန်လုပ် အငတ်ခံရှာ…အဆင်းရဲခံနေပြီးရှာ…..မတရားရှာ…ခွရှာ….နင်းရှာ…ဘာတွေရှာပြီး
ဘယ်လောက်ရပြီလဲ မေးကြည့် …. ဘာရှာလို့ ဘာရမှန်း ဘယ်သူမှ မသိကြဘူး…။
ဒီလိုပဲ လောကမှာ ဘာမှန်းမသိတဲ့ အလုပ်တွေတစ်ပုံတစ်ပင် တွေးစရာအတွေးတွေတစ်ပုံတစ်ပင်….သေချာ စေ့စေ့တွေး ရေးရေးမျှ
တောင် အဖြေက ရှာမရတဲ့ သီအိုရိတွေ တစ်ပုံတစ်ပင် …..ရှာရပြန်တဲ့ အကြောင်းပြချက်ကြတော့ အကြာကမတည်..။
ဒါတွေကို သိလာရဖန်များတော့ ကြားလာရဖန်များတော့ သိရ ကြားရတဲ့ လူက ဘာမှ မလုပ်ချင်တော့ဘူး..။ ပြောလဲ မပြောချင်
တော့ဘူး..။ ငူကြောင်ကြောင်ကြီး ဖြစ်လာတယ်…။ ဒီတော့ နဘေးဝန်းကျင်က ဒီလူကို မှတ်ချက်ချကြတယ်….နာမည် တစ်ခုနဲ့……
” ငကြောင် ” .. တဲ့….. ဒါကိုလဲ သိနေတယ် အကြာတည်မှာ မဟုတ်ဘူး…ဘာလို့ ငကြောင် ပြောတာလဲ မေးကြည့် ပြောတဲ့သူလည်း
မသိဘူး….. အပြောခံရတဲ့သူလည်း မသိဘူး..။
ကဲ…မခက်လား…။
ကလေးတွေက ပညာသင်ကြတယ်…ကြီးရင် ဘာလုပ်မယ်…ညာလုပ်မယ်… ဘာဖြစ်ရမယ်…ညာဖြစ်ရမယ်…တကယ်တန်း ကြီး
တော့ ဖြစ်လာသလား…. ဖြစ်လာမှု ရာခိုင်နှုန်း က မိုင်နက်စ် ထက်အနည်းငယ်….။
လူကြီးတွေက တရားနာကြတယ်… ဟိုဆရာတော် … ဒီဆရာတော်… သဲအင်းဂူ..မဟာစည်.. မိုးကုတ်… အို..စုံအောင်သွားကြ
တယ်..နာကြတယ်… သေခါနီးတော့ အားလုံးမဲ့ရွဲ့ပြီး အလောင်းက ပုတ်စော်နံနေကြတာပဲ..(တရားနဲ့သေရင် မပုတ်ဘူးဆို..။)..။
စာရေးဆရာတွေ ရေးသမျှ အကုန်ရေး….ခေတ်လွန်လဲရေး….ဂန္တ၀င်လဲရေး… စီးပွားရေး…နိုင်ငံရေး…ကျန်းမာရေး..အတင်းအဖျင်း
အကုန်ရေး…ဒါပေမယ့် သူကိုယ်တိုင်က ဘာတွေရေးပြီး ဘာကောင်ကြီးဖြစ်နေတယ် ဆိုတာ သူကိုယ်တိုင်တောင် ပြန်မခွဲခြားတတ်..။
လောကမှာ အဆီအငေါ့မတည့် ဘာမှန်းမသိ ဖြစ်သမျှတွေကို မြင်လာရတော့…. အမှီးအမှောက်မတည့်ဘာမှန်းမသိတာတွေ တာတွေ ဖြစ်နေတာကို သိလာတော့….. ဘာမှန်းမသိတာကို သိနေတဲ့ ကိုယ်ဟာလည်း ဘာမှန်းမသိတဲ့ အစားထဲရောက်သွားရော….
နောက်ဆုံး …..ဖြစ်သမျှ မြင်သမျှ ကြုံသမျှတွေ အဖြေရှာ မရတဲ့ အဆုံး လွယ်လွယ်ပဲ ဘာမှန်းမသိတာတွေကို မှတ်ချက်ချမိပါတော့
တယ်…။
“” ဘာလောကကြီးထဲတွင်…ဘာမှန်းမသိသော ဘာဘာများ ဘာတွေ ဖြစ်နေမှန်းမသိ ဖြစ်နေကြပါသည် ပဲပေါ့..””..။
ဒါကိုမှ မကျေနပ်သေးဘူး … ထပ်ဖွင့်ဆိုပါဦး ဆို…..
“”လောကမှာ ဘယ်အရာမှ ဘာမှ မဟုတ်ဘူး “” ဆိုတာပဲ ထပ်ပြောစရာ ရှိပါတော့တယ်..။
ကကြီး။
(27.2.2013)
ဝိပ္ပလ္လာသ တရား(၁၂) ပါး။
၁။ အနိစ္စ ရုပ်နာမ်၌ မြဲသည် ဟု….. အသိမှား/ အမှတ်မှား/အယူမှား..။
၂။ဒုက္ခ ရုပ်နာမ် ချမ်းသာသည် ဟု… ။ / ။ / ။ …။
၃။အနတ္တ ရုပ်နာမ်၌ ငါကောင် ဟု… ။ / ။ / ။ …။
၎။အသုဘ ရုပ်တရား၌ တင့်တယ် ဟု..။ / ။ / ။ ….။
ပဋိသမ္ဘီ မဂ် ပါဋ္ဌိတော်..။
Comment #1
laee laee sarr sarr hnit phat shu twar par de