လက်ဖက်ရည်ဆိုင်
( ဆရာမင်းခိုက်စိုးစန်၏ ဆောင်း ကို မှီငြမ်းထားပါသည်။)
လက်ဖက်ရည်ထိုင်ခြင်းရသဟာ ကျွန်တော့အတွက်အံ့သြစရာကောင်းသည်။ပျင်းရိခြင်းလက်တံရှည်များ၊ နား လည်မှုေ၀၀ါးတဲ့ အိပ်စက်လဲလျောင်းရာနဲ့ သိုဝှက်ပုံကွဲချိန်များ၊ နေ့များညများကို အရသာ ခံချင်ရင် လက် ဖက်ရည်ဆိုင်မှာရှိနေတတ်သည်။ ည၏လေထဲတွင်ပါဝင်လာသော တစ်စိမ်းဆန်မှုများကို တောက်ရွေ့ဖို့ ကျွန် တော်တို့ ပေါ့ပေါ့ပါးပါးလက်ဖက်ရည်သောက်ဖြစ်ကြသည်။ အဆင်မပြေသော စိတ်ဓာတ်တွေကို ရှုံချဖို့ ဆေး လိပ်မီးခိုးတွေမှုတ်ထုတ်ဖြစ်ခဲ့ကြသည်။ ဘယ်သူတွေဘာပြောပြော ကျွန်တော်ကတော့ လက်ဖက်ရည်ဆိုင် ထိုင် ခြင်းမှာ ရသမြောက်ခဲ့သည်။ တစ်ယောက်ထဲ ထိုင်ဖြစ်ရင် အိမ်မက်တွေကို ထမင်းလုံးစီသည်။ အများနဲ့ ထိုင်ရင် လမ်းပေါ်က မြေမှုန်တွေကို ဟားတိုက်သည်။ ကျွန်တော့အတွက်တော့ လက်ဖက်ရည်ဆိုင်ထိုင် ခြင်းသည် သမိုင်းပေးတာဝန်လိုပင်.. လိုလိုလားလား ထမ်းဆောင်ဖြစ်ခဲ့သည်။
လက်ဖက်ရည်ဆိုင်ထိုင်ခြင်းကို အချိန်ဖြုန်းသည်ဟု အမြင်ရှိခဲ့လျှင် သင့်အနေနှင့် လက်ဖက်ရည် ဆိုင်ကိုမေ့ထားဖို့ပဲရှိမည်။ ကျွန်တော့အမြင်အရဆိုလျှင် လက်ဖက်ရည်ဆိုင်ထိုင်ခြင်းသည် အချိန် ဖြုန်းရာမ ရောက်ဟု မထင်သော်လည်း အချိန်ဖြုန်းတီးခြင်းနာမ် ကိုသိပ်နားမလည်မိဟုထင်ပါသည်။ အရည်မရ အ ဖက် မရ ဟုဆိုရအောင်လည်း ခေတ်ပေါ်လက်ဖက်ရည်ဆိုင်တွင်ရသမျိုးစုံရနိုင်ပါသည်။ တစ်ခါတစ်ရံ အိမ်မက်အ သစ်တွေပင်ရနိုင်သည်။အမှောင့်ပယောဂမပါဘဲလက်ဖက်ရည်ဆိုင်ထိုင်ခြင်းကိုဆိုလိုပါသည်။နူးညံစွာပျော်ဝင်နိုင်ပါသည်။
ကျွန်တော်လက်ဖက်ရည်ဆိုင်ရဲ့အပြင်ဘက်ကိုထိုင်ငေးနေမိတတ်သည်။
ဟိုမှာဘက်တွင် ခမ်းနားမှုများ၊ မြောက်ကြွမှုများ၊ ကသိုက်ကရိုက်ဒေါသများ၊ မအားလပ်မှုများ၊ လှပ သောစကားလုံးများ လမ်းပေါ်ဖြာကျနေသည်။
မနက်ခင်းဖြစ်သောကြောင့် သက်ဝင်နေသော လှုပ်ရှားမှုများတွင် ခေါက်ရိုးကျိုးသက်ရှိများကိုတွေ့ ရ သည်။ မနေ့က ဒီအချိန်မှာ ဒါလုပ်ခဲ့သော်လည်း ဒီနေ့လည်း ဒီအချိန် ဒါကိုပဲ မက်မက်မောမောတွယ်တာ နေ ကြ သည်။ထပ်တလဲလဲ ဖက်တွယ်ထားကြသည်။ ဆိုင်ရှေ့ကကွမ်းယာသည်ထွက်လာပြီ။ ကုန်ခြောက်ဆိုင် ကဈေးဗန်းတွေကိုလည်းခင်းကျင်းနေပြီ။ ခပ်လှမ်းလှမ်းကအရက်ဆိုင်လည်းဖွင့်လေပြီ။ သူတို့၏မျက်နှာ များ တွင် ငွေနံ့ ကြေးနံ့များ၏ ဇရာကိုတွေ့နေရ၏။ ထိုမနက်ခင်းနှင့် ကျွန်တော် လက်ဖက်ရည်ဆိုင် အတူထို်င် ဖြစ်သည်မှာလည်းကြာလေပြီ။
ကျွန်တော် ကလေးဘ၀တုန်းက မနက်ခင်းတွင် သတ္ထုရနံ့ မကြိုင်ခဲ့ပါ။ ထို့အတူ လက်ဖက် ရည် ဆိုင်လည်း မထိုင်ဖြစ်ခဲ့ပါ။ မုန့်လိုချင်၍ အမေ့ကို ပူဆာခဲ့ဖူးသည်ကို သတိရသည်။ အစွန်းအထင်းမခံသော အကျီ င်္ဖြူလေး၏ လွတ်လပ်ခြင်းကို ခံစားခဲ့ဖူးသည်။ အရုပ်တွေနဲ့ အဖော်မဲ့ဆော့ကစားခဲ့ဖူးတာကို သတိရ လာသည်။ လူကြီးတွေလက်ဖက်ရည်ထိုင်နေသည်ကို ငေးကြည့်ခဲဖူး၏။ ထိုစဉ်က မနက်ခင်းများသည်လည်း အခုမနက်ခင်းများဖြစ်ချင်လည်းဖြစ်ခဲ့မည်။ မဖြစ်ချင်လည်း မဖြစ်ချင်နိုင်ပါ။ သေချာတာကတော့ ထိုစဉ်က မနက်ခင်းတွေကို မြတ်နိုးမိသည်.။ တောင့်တမိသည်။
လက်ဖက်ရည်ဆိုင်ဝေါဟာရထဲတွင် မသွေးရသေးသော ကျောက်ရိုင်းအိမ်မက်တွေ ပါဝင်သည်။ အဓိက ဝေါဟာရမှာ နားလည်မှုကို အခြေခံထား၏။ ဟိုလူကလည်း နားလည်မှု၊ ဒီလူကလည်းနားလည်မှု၊ ကျွန်တော်တို့လက်ဖက်ရည်ဆိုင်ထဲတွင် နားလည်စွာထိုင်ကြသည်။ တစ်ခါတစ်ရံ အဆင်မပြေသော နား လည်မှုများကြောင့် လက်ဖက်ရည်တစ်ခွက်ကို ဗဟိုပြုခဲ့ကြရသည်။ မကျေနပ်ချက်များကို မီးခိုးငွေ့ များအ ဖြစ် ပြောင်းလဲမှုတ်ထုတ်ခဲ့ကြသည်။ တစ်ဆိုင်လုံး အပြည့် ဆူညံ့စွာဖြင့် ငြင်းခုံကြသည်။ အရောင်များကို ရှောင်ဖယ်ကြသည်။ တစ်ယောက်၏ပုခုံးကို တစ်ယောက်က ကူထမ်းပေးခဲ့ကြ၏။ နှလုံးသားတမ်းချင်းများကို ပျော်ရွှင်စွာ စပ်ဆိုခဲ့ကြသည်။ ကောင်းကင်က ကြယ်ပွင့်တွေကို အားကျခဲ့ကြသည်။ ကိုယ်တိုင်ကတော့ ခပ် ရိုင်းရိုင်း မှန်ရှေ့ရပ်ဖြစ်ခဲ့ကြသည်။ သေနတ်ပေါ်က ကွေးထားတဲ့လက်ညှိုးတွေကို ထိပ်တိုက်ရင်ဆိုင်ခဲ့ကြသည်။ အောက်တန်းကျခြင်းဟာ လန့်ပြေးဖို့ ကျွန်တော်တို့ဖြူစင်ကြသည်။ တစ်ခုပဲရှိသည်။ လွယ်အိတ်ထဲက မာ န တွေ။ စည်းကမ်းကျနစွာလျှောက်ဖို့ဘယ်သူမှ မစဉ်းစားကြပါ။ ဂဏာန်းကောင်တွေတောင်ပါ၏။ ဒါပေမဲ့ လိပ် တစ်ကောင်ရဲ့ပေါက်တူးတော့ မဖြစ်ခဲ့ကြပါ။ လက်ဖက်ရည်ဆိုင်ထဲမှာ သဘာဝကျကျတူးဆွ ကိုယ့်လမ်းကိုယ် လျှောက်ကြတော့ ယုံကြည်ချက်တစ်ပွေ့တစ်ပိုက်နဲ့လေ။ စိတ်ဓာတ်အခံတွေမတူကြတော့ နားလည်ဖို့မရှိ တာမဆန်းပါ။ အလကားကောင်တွေတဲ့။လက်ဖက်ရည်ဆိုင်တပ်သားတွေနဲ့နာမည်ပြောင်ပါ။
ကျွန်တော်၏ အလကားကောင်ဘွဲ့သည် ဂုဏ်ယူချင်စရာအလွန်ကောင်းပါသည်။ အခုလိုဘွဲ့ရဖို့ ကျွန်တော်မက်ခဲ့တဲ့ အိမ်မက်တွေ၊ မနက်ခင်းတွေ ဘယ်လောက်ထိ ခံနိုင်ရည်ရှိတယ်ဆိုတာ မှတ်ကျောက် တင်နိုင်လို့လေ။ အမှန်တရားကလွဲလို့ အရာရာ အလကားချည်းပဲလို့ထင်ထားတဲ့ကျွန်တော်. . တန် ပြန် ခြင်းသဘောတရားအရ ကျွန်တော်သည် အလကားကောင်ဖြစ်သွား၏။
ထို့ကြောင့် ကျွန်တော် . . .အလကားကောင်တစ်ကောင်အဖြစ် ပို၍သရုပ်ပီပြင်လာသည်။
မွေးနေ့ကျရင် အဖြေပေးမယ်လို့ တိုင်တည်ခဲ့သည့် အသက်ထက်မကချစ်ရသော ကောင်မလေး တစ်ယောက်ကလည်း အလကားကောင်အဖြစ်ကျောခိုင်းခဲ့သည်။ နဂိုကမှ နှာခေါင်းရှုံချင်သော ခေတ်ပြိုင်များ ကလည်း တံဆိပ်ကပ်ကြသည်။ အမှန်တရားအထက်မှာဘယ်သူမှမရှိဘူးဆိုသည့်စကားသည်ကျွန်တော့ အ တွက်အလကားကောင်ဖြစ်သည်။သိုသော် ကျွန်တော်အလကားကောင်သည် ကိုယ်တိုင်အလ ကားဖြစ် နေလို့ လား. . .၊ သူတစ်ပါးက သတ်မှတ်ထားလို့ အလကားကောင်ဖြစ်နေလို့လား. . .ဆိုသည်ကိုတော့သိပ်မသဲကွဲ ပါ။
အမှန်တကယ်ဖြစ်ချင်တာကတော့ ကျွန်တော့ယုံကြည်ချက်တွေ အလကားမဖြစ်ဖို့ပါဘဲ. . .။အမှန်တ ရားအစစ်အမှန်က အရှေ့အရပ်ကနေထွက်သည်တို့. . ၊ သံလိုက်အိမ်မြှောင်သည် မြောက်အရပ်ကိုပြသည် တို့ဆိုပေမဲ. . .ကျေးဇူးပြု၍ ငါ့အမှန်တရားကိုနားလည်ပေးကြပါ..။
လက်ဖက်ရည်ဆိုင်အလကားကောင်အကြောင်းတွေးရင်း ကျွန်တော်ဆရာကြီးတစ် ယောက်ပြောခဲ့ သည့် စကားတစ်ခွန်းကိုပြန်သတိရသည်။
အပေါစားစာရွက်တွေတဲ့။ ကျောင်းနို့တစ်ဘုက်ပေါ်ကပ်ထားတဲ့ ကျောင်းသားတွေရဲ့ ကဗျာစာရွက် တွေကိုကြည့်ပြီးပြောခဲ့တာလေ။
ဘာလို့အပေါစားစာရွက်တွေဖြစ်ရတာလဲ. . .ကာယကံရှင်တွေရော. .၊ကျွန်တော်ပါမမေးဖြစ်ခဲ့ပါ။
ယုံကြည်ချက်တွေကို စိစစ်ခံပြီး ကဗျာတွေကိုအကောင်းစားစာရွက်နဲ့ ကပ်မှ အပေါစားမဖြစ်မှာပေါ့။ မကပ်ခင် ဆရာမတွေကိုအရင်ပြမှပေါ့…၊လို့ကျွန်တော့တွေးမိသည်ကို အပြစ်တင်ချင်လျှင်တင်နိုင်ပါသည်။
သေချာသည်ကတော့..
ကျွန်တော်သည် ကိုယ့်အိမ်မက်တွေကို အပေါစားလို့အပြောခံဖို့ ယုံကြည်ချက်တွေအလကားဖြစ် နေ သောကောင်မဟုက်ပါ..။ ငါ့ကို ဘယ်သူမှ သူများခြေထောက်လာမတပ်ကြပါနဲ့။