အငိတာဗျုး
1
မိတ်ဆွေ
ကိုယ့်ကိုကိုယ် အင်တာဗျုးဖူးပါသလား
ကျန်တော်ကတော့ မဗျုးဖူးပါ
ဒါကြောင့် ယခု့ဗျုးကြည့်လိုက်ပါသည် ။
2
မေး ။ ခင်ဗျား ဘာတွေလုပ်ဖို့ရှိလဲ
ဖြေ ။ ကျန်တော်လဲ အဲဒါ စဉ်းစားနေတာ
မေး ။ ခင်ဗျားကောင်မလေးနဲ့ အဆင်ပြေလား
ဖြေ ။ ပြေပါတယ် ရှိမှမရှိတာ ရှိလာတဲ့နေ့ရောက်ရင် မပြေလောက်ဘူး
မေး ။ ခင်ဗျားအသက်ဘယ်လောက်ရှိပြီလဲ
ဖြေ ။ ခု့ချိန်ထိဆိုရင် ၂၅ နှစ် ၁ လနဲ့ ၁၀ရက် နဲ့၁၀နာရီတိတိ
မေး ။ ခင်ဗျားဘာလို့ရည်းစားမရှိတာလဲ
ဖြေ ။ ကျန်တော်က ၇ှိခြင်ပါတယ် ကျိန်တော့ကိုပြန်ပြီး ရှိနိုင်မည့်သူမရှိတာပါ။ ထင်ထားတဲ့တစ်ယောက်ကတော့
သူ့မှာရှိထားတဲ့လူ၇ှိပါတယ်တဲ့ အဲဒီတစ်ယောက်ရဲ့ ရှိထားတဲ့သူကို ကျန်တော်နည်းနည်းမှကြည့်လို့မရပါ
မေးခွန်းနဲံမဆိုင်ပါဘူး ဖြေချင်လို့ပါ
မေး ။ ဘာလို့ကြည့်လို့မရတာလဲ
ဖြေ ။ မျက်လုးံထဲမှာမြင်လို့မကောင်းလို့ပါ
မေး ။ ခင်ဗျားကလူထူးလူဆန်းလား
ဖြေ ။ ကျန်တော်အတောင်ပေါာက်တဲ့နေ့ကြရင်ဖြစ်နိုင်ပါတယ်
ခု့တော့သာမန်ပါပဲ
မေး ။ ခင်ဗျားဘာကြောင့်လူဖြစ်ရတာလဲ
ဖြေ ။ နတ်မဖြစ်ခဲ့လို့ထင်ပါရဲ့
မေး ။ ခင်ဗျား အားရင်ဘာလုပ်လဲ
ဖြေ ။ လက်ဖက်ရည်ဆိုင်ထိုင်တဲ့အလုပ်ရယ် ပိုက်ဆံရှာတဲ့အလုပ်ရယ် ကြားထဲမှာ
အားလပ်ချိန်မ၇ှိပါ အားတယ်ထင်လို့ သတိထားကြည့်တဲ့အချိန်မှာ
ကျန်တော် အရက်သောက်တဲ့အလုပ်ကိုလုပ်နေပါတယ်
အားချိန်မရှိပါ
မေး ။ မိန်းမယူဖို့ အစီအစဉ်ရှိလား
ဖြေ ။ ပေးဖို့ရှိတဲ့သူနဲ့တွေ့ရင် ယူဖို့စဉ်းစားမှာပါ
မေး ။ မိသားစု့မှာဘယ်လိုလူမျိုးလဲ
ဖြေ ။ စူပါမင်းတို့စပိုက်ဒါမင်းတို့လိုတော့မဟုတ်ဘူး သာမန်လူပါပဲ
မေး ။ ဘာမေးရင်ကောင်းမလဲစဉ်းစားနေတာ
ဖြေ ။ မေးစရာမရှိရင်စားပြီးပြီလားလို့မေးလေ
မေး ။ ဒါဆိုဘယ်လိုဖြေမလဲ
ဖြေ ။ ခင်ဗျားလိုက်ကျွေးရင် စားပြီးပြီလို့ဖြေမယ်
မေး ။ ဘာအစားစာကြိုက်လဲ
ဖြေ ။ စားလို့ရတာအကုန်ကြိုက်တယ် စားလို့မရတာတစ်ခု့လဲကြိုက်တယ်
မေး ။ အဲဒါဘာလဲ
ဖြေ ။ ပီကေ
3
ထိုမေးခွန်းလေးများသည် စိတ်ထဲပေါ်လာသည့်အတိုင်း မေးထားပြီး
တစ်ခု့ခြင်းစဉ်းစားဖြေထားပါသည်
မိတ်ဆွေလဲအချိန်ရရင် မိမိကို မိမိ ပြန်မေးကြည့်စေလိုပါသည်
ပျော်စရာကောင်းပါလိမ့်မည် ။
ဥာဏသစ်
2010