ကိုယ်ချင်းစာကြည့်ကြပါ
ဒီစာက ဘာရယ်မဟုတ်ပါဘူး အခုခေတ်ဖက်ရှင်ဖြစ်နေတဲ့ chattingကစတဲ့ဇာတ်လမ်းတွေကြားကြားနေရလွန်းလို့ရေးလိုက်တာပါ
လူချင်းမမြင်ရဘူးဆိုပြီးစွတ်ပြီးရည်းစားစကားပြောကြတာကိုပြောတာပါ ကျွန်မသူငယ်ချင်းတယောက်လည်းရှိတယ် အွန်လိုင်းပေါ်မှာရည်းစားရတယ်လေ ဟိုကလည်း အတည်ပေါက်နဲ့လှိမ့်တော့ယုံခဲ့တာပေါ့(ဒီအဖြစ်အပျက်မှာ အယုံလွယ်တဲ့ ကျွန်မသူငယ်ချင်းတယောက်တည်းကိုပဲ အပြစ်မတင်သင့်ပါဘူး မိန်းကလေးဆိုတာကလည်းပြောပါများ ရင်တကယ်ထင်လာတတ်တာမျိုးကိုး)အဲဒီ့ကိုယ်တော်ကလည်းအတည်ပေါက်ကြီးကြွေပြတယ်ပေါ့လေ ကျွန်မသူငယ်ချင်းကလည်းတခါမှရည်းစားမထားဖူးတဲ့ ခပ်ရိုးရိုးကောင်မလေးမျိုးပါ မမြင်ဖူးမူးမြစ်ထင်တယ်လို့ပြောရမလားမသိဘူး
သူက ရူးရူးမူးမူးကိုဖြစ်ခဲ့တာလေ ကျွန်မတို့ဝိုင်းတားတာတောင်မှာသူကယုံနေသေးတာ ဟိုကလည်းယုံလောက်အောင်အစပိုင်းမှာတော့ကောင်းကောင်းကြီးကို ကြွေပြတာပါ သူ့ရဲ့ ဂရုစိုက်မှုတွေကြောင့်ကျွန်မတို့တောင်အတည်လားလို့ယုံခဲ့မိပြီးသူငယ်ချင်းအတွက်ဝမ်းသာပေးခဲ့သေးတယ် (သူတို့က အပြင်မှာတော့မတွေ့ဖူးသေးပါဘူး ညဘက်ဖုန်းဆက် ရုံ အွန်လိုင်းမှာတွေ့ရုံပါပဲ) ဒီလိုနဲ့ သူတို့ဇာတ်လမ်းက ၄လလောက်ကြာတဲ့အခါ ဟိုဘက်က အမူအယာပျက်လာတာပဲ အွန်လိုင်းမှာချိန်းတယ်ဆိုလဲလာချင်မှလာတယ် ဖုန်းလည်းမှန်မှန်မဆက်တော့ဘူး ကျွန်မသူငယ်ချင်းမှာတော့အလူးအလဲပဲ သူ့ကိုငါပြောသားပဲဆိုပြီးအပြစ်တင်ဖို့တောင်မေ့လောက်အောင် သူခံစားခဲ့ရတာပေါ့ အခုအချိန်အထိ အကင်းမသေသေးဘူး စနေနေ့တိုင်း အွန်လိုင်းမှာသွားသွားရှာနေတတ်လို့ သူ့ကိုအမုန်းခံပြီးကိုတားနေရတာပါ သူ့ဘက်ကကြည့်ရင် ကျွန်မကိုယ်ချင်းစာနိုင်ပါတယ် သူက သူရဲ့အချစ်ဦးဆိုတော့ လည်းဒီလောက်တော့ရူးသွပ်မှာပေါ့နော် ဒါကြောင်းပြောတာပါ အွန်လိုင်းပေါ်မှာဆိုပြီး လျှောက်ပြောနေပေမယ့် တချို့တွေက တကယ်အတည်ခံစားတတ်ကြတာပါ ဒါကြောင့်စိတ်ထဲကမပါဘဲနဲ့တော့တဖက်သားကိုအရူးလုပ်တာမျိုးမလုပ်ကြစေချင်ဘူးး အချစ်ဆိုတာကဗုံးဗောလအောပေါနေသူတွေအတွက် မထူးခြားပေမယ့် အရိုးခံ ချစ်တတ်တဲ့သူတွေရဲ့ဖြူစင်တဲ့အချစ်တွေဖျက်စီးမိတာမျိုးတော့မဖြစ်ကြပါစေနဲ့လို့ပါ ကိုယ်နဲ့နှိုင်းပြီး ကိုယ်ချင်းစာကြည့်ကြပါလို့ (ဒီစာကကောင်လေးတွေအတွက်သက်သက်သတိပေးတာမဟုတ်ပါဘူး တချို့သောကောင်မလေးတွေအတွက်လည်းပါပါတယ်)။ကျေးဇူးတင်ပါတယ်။
Comment #1
တစ်ခါတစ်ရံအတွေ့အကြုံတွေအတွက်ရင်းနှီးရတာတွေကမတန်ပေမယ့်
နှစ်ဖက်စလုံးရဲ့အပြစ်ပဲလေ…..online ရဲ့ယဉ်ကျေးမူကရှိပြီးသားပဲလေ
သင်ခန်းစာတွေမတတ်ခင်တော့အဖြေဘယ်ရှိပါ့မလဲ..မှန်တဲ့သူတွေတော့ရှိပါတယ်
သင်ယူရဦးမှာပေါ့………..ကျေးဇူးတင်ပါတယ်