Professional Authors

လားရာ(Direction)

     အချိန်က နံနက်ခင်း ။ မီးတောက်တစ်စရဲ့  အစွန်းထွက် ပူဟပ်သလို နွေးထွေးမှုလည်းရှိတယ် ။ အရောင်တွေလွင့်ပြယ်နေတဲ့ အဖြူရောင်ပိတ်စလေးတစ်စရဲ့  ဖွာကြဲနေတဲ့အနားသတ်လိုပဲ ။ …………နှင်းတွေဝေနေတဲ့ နံနက်ခင်းဆို ပိုပြီးမှန်လိမ့်မယ်။ ဒါပေမယ့် သူသေတော့မယ် ၊ နေထွက်လာပြီလေ ။ တော်တော်လေးလိုက်ဖက်တဲ့ မြင်ကွင်းလို့ ပြောရမယ် ။ ဖြေးလေးစွာလျောက်လာပုံက ၊ လောကကြီးတစ်ခုလုံးကို ဝေ့၀ဲကြည့်ပြီးကာမှ သူအော် အော်နေလေရဲ့ ။ ဒါကပဲ မြို့ ပြရဲ့  လင်းကြက်တွန်သံလို့  တော်တော်များများက မပြောပေမယ့် သိမှတ်ထားကြတယ်လေ ။ နှင်းတွေကို လွန်းထိုးယက်ထားတဲ့ သဘာဝရဲ့ အအေးဓါတ်ချည်ခင်ကိုအသုံးပြုသလား ထင်ယောင်ထင်မှတ်မှားစေတယ်လေ၊ သူ့ ရဲ့ ခပ်ပါးပါးအကျီ်ဖြူလေးက ။ တုန်နေတဲ့ အတွက် ဒီလှေကားထစ်လေး သုံးလေးထစ်တောင် အနိုင်နိုင်နဲ့ ။ ငါ့ကိုယ်ငါဖျားနေတယ် ထင်မိတယ် ။ နှုတ်ခမ်းက အခိုးအငွေ့ လေးတွေကို မှုတ်ထုတ်တမ်းကစားနေရင်း သုံးထပ်လောက်ဝတ်ထားတဲ့ အနွေးထည်ထဲက လက်တွေကို အပြင်ခဏထုတ်မိလိုက်ချိန်မှာတောင် ခိုက်ခိုက်တုန်သွားမိတဲ့ကြားက ချွေးတွေ ဘာကြောင့်ထွက်နေမိသလဲ မမှတ်မိတော့ ။ အနီးကပ်တွေ့ လိုက်ရတာကိုး ။ မြေမည်းမည်းထဲက အခုပဲတူးထုတ်ထားသလို တီကောင်တွေကို လက်ပေါ်တင်ထားသလားပဲ ။ အဲဒီအကြောတွေက တုန်ယင်စွာနဲ့  ဒန်အိုးမည်းညစ်ညစ်လေး အဖုံးကို ဖြည်းညှင်းစွားဖယ်နေယင်းက …….” သား…ပဲပြုပ်ဘယ်လောက်ဖိုး ယူမှာလဲ ကွယ့် “………………..။

In: စကားပြေ Posted By: Date: Oct 19, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment