ပေါက်ကရ40 စာမျက်နှာများ
ကျွန်တော် ရုံးတက်တုန်း ရေးထားတဲ့ ရုံးတွင်းစာမျက်နှာလေးတွေပါ။
ဘောကျိမသိအောင် ရေးထားတဲ့စာတွေပေါ့..ဟိဟိ
မှတ်သားဖွယ်ရာ ရုံးတွင်းဆိုင်းဘုတ်များ
မီတင်းနှင့်ပတ်သတ်သော ဆိုင်းဘုတ်များ
၁။တစ်ပတ်တစ်ခါ တနင်္လာနေ့တိုင်း အပတ်စဉ်မီတင်းရှိပါသဖြင့် ရုံးစောစောလာပါရန်။ရုံးရောက်မှ ပြန်အိပ်ပါရန်။
၂။အစည်းအဝေးခန်းအတွင်း မဟောက်ရ။(ငေါက်ငမ်းဟောက်ရမ်းခြင်းကို ပြောပါဒယ်)
၃။အစည်းအဝေးတွင် လစာတိုးတောင်းသည့်ကိစမှလွဲရ် ပြောစရာရှိသည်များ ပြောကြားကြရန်။
တယ်လီဖုန်းနှင့်ပတ်သတ်သော ဆိုင်းဘုတ်များ
၁။သတိ-ဘောကျိ မယားငယ်နှင့်ဖုန်းပြောနေသည်။အခန်းတံခါးခေါက်ပြီးမှ ၀င်ပါရန်။
၂။သတိ-ဖုန်းပြောလျှင် အတင်းမတုပ်ရ။မကျူရ။(မှတ်ချက်။ ။ဝန်ထမ်းများသာ)
၃။သတိ-အကြွေးရှင်ဖုန်းများလာလျှင် ဘောစိ အပြင်သွားသည်။ထမင်းသွားစားသည်ဟု ပြောကြားရန်။
ရုံးတက်ခြင်း
၁။ရုံးမှန်မှန်တက် ရာထူးမတက်။
၂။ရုံးစောစောတက် အိပ်ရေးပျက်။
၃။ရုံးနောက်ကျတက် လစာဖြတ်။
၅။ကျွန်တော့်ဆုတောင်း(ကျွန်တော်က တစ်လကို ဆယ်ငါးရက်ပဲတက်တယ်။အဲဒါကို ဘောကျိက လစာတစ်ဝက်တိတိဖျက်လို့ တင်းတင်းနဲ့ ရေးထားတာ)
တနင်္လာနေ့မို့ အတင်းလာဖို့ ကြိုးစားရတယ်။
အင်္ဂါနေ့မှာ နင်မလာအတွေ့ကြိမ်းသည်မို့ ဟင်းချကာ ရုံးတက်ခဲ့ရပြန်တယ်။
ဗုဒဟူးနေ့မို့ မကြုံ့ဖူးအောင် အလုပ်ပုံနေခဲ့ပြန်တယ်။
ကြာသပတေးမှာ အသာမှေးကာ တက်ခဲ့ရပြန်တယ်။
သောကြာမို့ ရောက်မလာအကောင်းသားစဉ်းစားမိပေမယ့် တက်ခဲ့ရပြန်တယ်။
စနေမို့ အလေလိုက်ရမလား အတွေးဝင်မိပေမယ့် အသေကြိမ်းထားတာမို့ အံကြိတ်တက်ခဲ့ရပြန်တယ်။
တနင်္ဂနွေ လွတ်ပြီဟေ့ ကျွတ်ပြီဟေ့လို့ ကြုံးဝါးရင်း နောက်နေ့ရုံးဖွင့်ရက် ဏပေီပေ ဖြစ်ပါစေလို့ ဆုတောင်းခဲ့ရပြန်တယ်။
ရုံးတက်ရက်တိုင်း လစာထုတ်ရက်ဖြစ်ပါစေ။
အလုပ်နှင့်ပတ်သတ်သော စာစုများ
၁။အလုပ်ရှိမှ ဘ၀ရှိမည်။ဘ၀ကို အလုပ်နှင့်တည်ဆောက်ပါ။(ခေတ်ဟောင်းဆိုရိုး)
အကြွေးရှိမှ ဘ၀ရှိမည်။ဘ၀ကို အကြွေးနှင့်တည်ဆောက်ပါ။(ခေတ်သစ်ဆိုရိုး)
၂။အလုပ်ဟူသမျှ ဂုဏ်ရှိစွ။ထို့ကြောင့် ခေါင်းလုပ်စားကြမည်။(အခေါင်းရောင်းဝယ်ရေးလုပ်ငန်းပြောပါဒယ်)
၃။ယနေ့လုပ်စရာရှိသော အလုပ်ကို နောက်နေ့သို့ မရွေ့ပါနှင့်။ချက်ခြင်းလုပ်ပါ။(ခေတ်ဟောင်း)
ယနေ့ပေးစရာရှိသော အကြွေးကို နောက်နေ့ကျမှ ပေးပါရန်။နောက်နေ့ပေးရန်ရှိသောအကြွေးကို သန်ဘက်ခါကျမှ ပေးရန်။
၎။တိုးတက်သောအမြင်ရှိပါ။တိုးတက်အောင် လုပ်ဆောင်ပါ။လစာကိုတော့ တိုးမတောင်းပါနဲ့။
၁။ရုံးပစည်းများအား သင့်ယောကမကဲ့သို့ ရိုသေစွာ ကိုင်တွယ်ပါရန်။
၂။ရုံးကွန်ပြူတာ၊ဖုန်းတို့အား အသုံးပြုပြီး ချစ်သူရည်းစားရှာခြင်းများ မပြုလုပ်ရ။
၃။ရုံးချိန်အတွင်း ညစ်ညမ်းဝက်ဘ်ဆိုက်များ၊နိုင်ငံရေးနှင့်ပတ်သတ်သောဝက်ဘ်ဆိုဒ်များအား လူစုလူဝေးဖြင့် ကြည့်ရှု့ခြင်း မပြုရ။
၎။ရုံးဧည့်ခန်းဆိုဖာတွင် နေ့ခင်းဘက် လှဲလျောင်းခြင်း၊ငိုက်မြည်းခြင်းများ မပြုလုပ်ရ။တွေ့ရှိက ထိရောက်စွာ လစာဖြတ်ခြင်း ခံရမည်။
၅။ရုံးနောက်ဖေးမီးဖိုချောင်နေရာများတွင် အလုပ်ရှိသလိုဖြင့် ခိုးအိပ်ခြင်းများ မပြုလုပ်ရ။တွေ့ရှိက ထိရောက်စွာ လစာဖြတ်ခြင်း ခံရမည်။
၆။ရုံးသို့လာရောက်သော ဖောက်သည်မချာချောလေးများ၊ဧည့်သည့်မိန်းကလေးချောချောလေးများအား မဟားဒရားငမ်းခြင်းမပြုရ။ (မှတ်ချက်။ ။ဝန်ထမ်းများသာ)
၇။ရုံးခန်းတွင်း ၀န်ထမ်းအချင်းချင်း မကျူရ၊မကြိုက်ရ။တွေ့ရှိက ဖောက်ဖျက်ကျူးလွန်သည့်နှာခေါင်းအား ထိရောက်စွာ ဖြတ်ပစ်မည်။(လစာပြောပါဒယ်)
Comment #2
သိပ်မှန်တာတွေလည်းပါတယ်ဗျာ…အဟဲ……အလုပ်လုပ်နေတဲ့သူအချင်းချင်းဆိုတော့..
နားလည်တယ်
နောက်တချက် ထပ်ဖြည့်မယ်ဗျာ
.
ကမ္ဘာ အလုပ်ပျက်ရက်အများဆုံး (တနည်း..အလုပ်တွင်ရှိသောလည်း…လေသာ ထိုင်ပေါနေတတ်သူ) မှာ
MD များသာဖြစ်ကြောင်း….လေ့လာတွေ့ရှိ
၊
ဆရာ မှားရင် ..sorry
တပည့် မှားရင် ..ဗြောတီး (ကျောင်းသားဘ၀)
MD မှားရင်..sorry
employee မှားရင် …..လစာဖြတ် (လခစားဘ၀)
အဟီးးး
Comment #1
ခိခိ
ပေါက်ကွဲနေတာ…ခံစားချက်တွေ ပြင်းထန်နေပုံပဲ