ရည်းစားစာ….
အရာရာအားလုံးသာ လွယ်ကူနေမယ်ဆိုရင် တကယ်ပြောတာ ဘာကိုမှအားစိုက်မနေတော့ဘူး…..
…….
သံသယ ဆိုတာလဲ တော်တော်လေးကို ဈေးပေါတဲ့ အရာဖြစ်သွားမယ်ထင်တယ်…………
တစ်ခါတစ်လေကျတော့ စဉ်းစားမိတာက လူ့ သက်တန်းသာ တိုမယ်ဆိုရင် လူတွေ အချစ်ကိုဘယ်လိုခံစားမလဲပေါ့……….
အရာရာအားလုံးထက် ဈေးအကြီးဆုံးက စိတ်ခံစားမူုလို့ ပြောရင်မင်းလက်ခံမလား………..
လူတစ်ယောက်ရဲ့ အမှားအမှန်ဆုံးဖြတ်နိုင်စွမ်းက အသိဥာဏ်နဲ့ ပဲဆိုင်မယ်ဆိုရင် ငါ့ဘက်ကအဖြေကနိုးပဲ………
စိတ်ဆိုတဲ့ အရာက လူ့ ကိုယ်ရဲ့ ဘယ်အပိုင်းမှာ ရှိနေတာလဲ ဆိုတာ ထောက်ပြနိုင်ခဲ့ရင် အချစ်ဆိုလဲ ကုသလို့ ရတဲ့ ရောဂါဖြစ်လာမယ်ထင်တယ်နော်……..
အချိန်တိုင်းလိုလို သက်သေပြနေရတဲ့အလုပ်ဆိုတာ ချစ်ခြင်းမှာပဲရှိတယ်လို့ ထင်တယ်………
တကယ်တန်းကျတော့ အချစ်မှာ ယုံကြည်စရာမလိုပါဘူး ခံစားတတ်ဖို့ ပဲလိုတာပါ……….
မင်းရဲ့ ပထမနဲ့ နောက်ဆုံး ဘယ်ဟာကိုငါလိုချင်သလဲမေးရင် ငါနောက်ဆုံးမှာပဲနေမယ်…………
ယုံချင်ရင်မယုံချင်နေပါ စကားဆိုတာ သက်တွေအားလုံးထဲက တစ်ခုဆိုတာ မင်းမငြင်းနဲ့ နော်………
ချစ်တတ်နေသရွေ့ တော့ ပင်ပန်းနေဦးမှာပဲလေ……….
ဒါပေမယ့်………..
နေပူရင် ထီးတစ်လက်……….
မောနေရင် ရေတစ်ခွက်…………
နားခိုဖို့ ရာ ပခုံးတစ်ဖက်………….
ငါ့အတွက်မင်း……. မင်းအတွက်ငါ သာဖြစ်ခဲ့မယ်ဆိုရင် ……….
တကယ်ပြောတာ အရာရာအားလုံးက ငါ့အတွက် အခက်ခဲမရှိတော့ဘူး…………
ရင်ခုန်သံလေးပို့ လိုက်တယ်နော်……….
ကြားရင် အကြောင်းပြန်လိုက်ဦးကွာ………
ကောင်လေးသနားပါတယ်………..

Comment #2
so much like,
😛
😛
😛
By: ei lay at Jun 29, 2012
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
he,,he,,
a khu hma ti loh ,,,
a kyaung pyan like p naw,,
really nice writing,