ငါ့တင်ပါးကိုဘယ်သူဆေးထိုးထိုးနေတာလဲ
ဆံပင်ကိုဂျယ်လ်အရင်ထောင်ရမလား၊ ဒါမှမဟုတ်၊
ဂုဏ်တော်ကိုးပါးတရားအရင်နာရမလား
စိတ်ကိုငါကအဆက်အသွယ်မလုပ်တာကြာလှပေါ့၊
.ဘဏ်ကိုးခုမှာ နာမည်ကိုးမျိုးနဲ့ ငွေတွေအပ်ရဦးမယ်၊
ဒုတိယဘုရားသခင်တွေ ငါ့ဆီမှာအများကြီးလို့ပြောတော့ သူမကရယ်တယ်၊
ရယ်မောပုံလေးကအပြစ်ကင်းလိုက်တာ နင့်ရယ်သံလေး ငါ့ရောင်းမလားဆိုတော့တအံ့တသြနဲ့မျက်လုံးလေးပြူးလို့
အဲ့ဒီမျက်လုံးလေး နံရံပေါ်ကပ်ချင်တယ်။
.တကယ်…အားမှ ငါ့နာမည်ဆေးပြန်သုတ်မယ်
အားမှ…..အိမ်မက်တွေဖုန်ခါမယ်
အားမှ(လပ်(စ်)ဗေးဂတ်)မြို့ကို ငါ့နာမည်နဲ့မြို့အဖြစ် နာမည်ပြောင်းရမယ်၊
ဟို..အရှေ့ကကောင်မလေး…ဘာကြည့်တာလဲ
အော်..ရင်ခုန်ခြင်းကိုလဲ သံပါတ်ပေးရဦးမယ်၊
.စိတ်အလိုမပြည့်မှုက ယင်ကောင်တွေလိုပဲ ငါ့ကိုအုံတယ်
အကောင်းစားမှန်သမျှ ငါ့ဟာလို့လူထူရင်ပြောတတ်တဲ့မိတ်ဆွေရေ….ငါ့အနားသိပ်မကပ်ပါနဲ့
အဲ့ဒါကူးစက်နာတစ်မျိုးသာကွဲ့။
ဘာသာစကားလေးမျိုးလောက်တတ်ရုံနဲ့လူမှုရေးညံ့သွားတတ်တာ…ဓလေ့တစ်မျိုးလား
တကယ်ပါ
ငယ်တုံးကအိပ်ခဲ့တဲ့ အိပ်ယာလေးကဂျပိုးနံ့လေးသင်းတဲ့အကြောင်း
အတင်းမေ့မေ့နေရတာနဲ့၊ခွင့်လွှတ်ပါ ၀ိုင်းစုခိုင်သိန်း၊ရယ်…..မင်းအကြောင်းကျွတ်ကျွတ်လွပ်လွပ်မတွေးအားဘူးကွဲ့။
.ဘာမဟုတ်ညာမဟုတ်တွေငါ့ခေါင်းပေါ်တွားတက်လာတာတော့ လက်မခံနိုင်ဘူး
သဘောက၊ အလိုမတူရင်ရယ်ပြုံးပြတာတောင် အပြစ်ပေးသင့်တဲ့ခေတ်ကြီးထဲ
နေခြင်းနဲ့သေခြင်းကြားမှာ
လူလူခြင်းမြင်တတ်ဖို့က အရေးကြီးလာပြီ.
ဒီလိုနဲ့ တစ်နေ့ မုသားကိုးခါပြောမယ်
ရိုးသားမှုက မျိုးတုန်းသွားပြီတဲ့၊ အကုသိုလ်ကတစ်နေ့ အချိန်ဘယ်လောက်စီးမလဲ
ကဲ၊ ကြေးဖွင့်မယ်ဆိုမှ ငါ့တင်ပါးထဲဆေးထိုးသွင်းခံရတယ်
ရတယ်……(၃)ရက်တစ်ခါ မုတ်ဆိတ်ရိတ်မည့်အကြောင်း
အဆင်ပြေရင်၊ ရင်ဘက်ပေါ်ကိတ်မုန့်ပုံတတ်တူးထိုးမယ့်အကြောင်း
ရှာရာဗိုလ်ပါအားကတိပေးပြီးချိန်……ငါအိပ်ယာဝင်ခဲ့ပြီ။ ။
Comment #2
ကျွန်တော် မထိုးဘူးနော်…
Comment #1
ဟာ ………လှတယ်။