ကျွန်တော်နဲ့ အစမ်းမျောကြည့်ခြင်း
အပေါ်ကိုမော့ကြည့်လိုက်တော့ကောင်းကင်ကအလိုက်သင့်လဲလျောင်းနေတယ်။(မင်းဘယ်သူလဲ…..တဲ့)အဲဒီ့မေးခွန်းထဲ
နားကမျောဖြစ်အောင်မျောလိုက်သေးတယ်။သေချာတာကမသေချာတော့ဘူး။မသေချာတာတွေလဲမသေချာတော့ဘူး။ဒီလိုနဲ့ ပဲ
နေ့ ရက်တွေထိန်းမနိုင်သိမ်းမရ။မေးခွန်းတွေထိန်းမနိုင်သိမ်းမရ။ပန်းနုရောင်ထိန်းမနိုင်သိမ်းမရ။ကိုယ့်ကိုယ်ကိုသေတ္တာထဲသော့ခတ်
ထားလိုက်မိတယ်။လျစ်လျူရှုမှုတွေ၊မထီမဲ့မြင်နိုင်မှုတွေ၊ရူးသွပ်ခြင်းတွေ၊ကောင်းခြင်းတွေ၊မကောင်းခြင်းတွေ၊ကံ၊ဥတု၊စိတ်၊အဟာရ၊
တရားရဖို့ ဓမ္မဒါနတွေဝေချင်တယ်။ပြီးရင်သေချင်တယ်။သေကြည့်ချင်တယ်မေမေ…….။
ဖြစ်သလိုတွေးရင်း ဖြစ်သလိုလမ်းလျှောက်မိတယ်။ပြီးတော့ဖြစ်ကတက်ဆန်းသွားတွေ့ တယ်။ပြီးတော့
ပျောက်သွားတယ်။မမေးနဲ့ ဘာမှမမှတ်မိတော့ဘူး။ပန်းနုရောင်တွေသာအာရုံထဲစွဲထင်ကျန်နေခဲ့တယ်။အလိုက်သင့်စီးမျောမှုထဲ
ရုန်းရင်ဆန်ခတ်သွားတယ်။ဗြောင်းဆန်သွားတယ်။ပြီးတော့ငြိမ်သက်……။
က ။ ။ မင်း…ဘယ်သူလဲ။
ခ ။ ။ ငါ….ခ ကွေး။
က ။ ။ ဟင်း……နာမည်ကြီးကလဲ။
ခ ။ ။ အင်း…ဟုတ်တယ် နာမည်ကြီးကလဲ။
က ။ ။ မင်းကိုဘာလို့  ခ ကွေးလို့ ခေါ်တာလဲ။
ခ ။ ။ မင်းကို က ကြီးလို့ ခေါ်လို့ ။
က ။ ။ ဟင်….ဒါဆို ဂ ငယ်ကျတော့ကော။
ခ ။ ။ ရှူး……တိုးတိုးပြောပါကွ။
က ။ ။ အမ်…..ဘာဖြစ်လို့ လဲ။
ခ ။ ။ သူကလောကကြီးကိုစိတ်ပျက်ပြီး မှောက်ရက်ကြီးအိပ်နေတဲ့ကောင်ကွ
တိုးတိုးပြော…နိုးသွားမယ်။
က ။ ။သြော်….သနားပါတယ်။ဒါပေမယ့်….မင်းနာမည်ကြီးကတော့ရယ်စရာကြီးကွ
(ဟိ…ဟိ)။ ဘာတဲ့ ခ ကွေးတဲ့……။အဟွန်း…..ဟွန်း….။ခုံးခုံးကြီး…..ဟီးဟီး။
ခ ။ ။ မင်းကောဘာထူးလို့ လဲ။ က ကြီးတဲ့…။ဟား…ဟား….ကွေးကွေးကြီး။ကုန်းကုန်းကြီး။
က ။ ။ ရှူး……တိုးတိုးရယ်ပါကွ။ဟိုကောင် ဂ ငယ်နိုးသွားလို့ လှောင်နေဦးမယ်။
သူတို့ ဘာပြောပြော င ငယ်ကတော့ လောကကိုစိတ်ပျက်လက်ပျက် ခရူး…ခရူး…..နဲ့ အိပ်ပျော်နေလေသည်။
Comment #2
မ ထ အ . = ရ စ သ က
Comment #3
@__@
@__@
@__@
Comment #1
ကောင်းတယ်ဗျ… ကိုမိုးထက် လောကကြီးဟာ ဒီလိုပါပဲဗျာ …………… ကျွန်တော်ကတော့ ဂ ငယ် ထင်တယ်ဗျ…